ဈေးဝယ်ဖောက်သည်လုရာမှ သုံးလောင်းပြိုင်လူသတ်မှုဖြစ်ပွါး



တရုတ်ပြည် ထုန့်မော(၀်)ဒေသ ရွှေလီမြို့အနီး သျှမ်းလူမျိုးစုအများဆုံးနေထိုင်သည့် နောင်ငင်းရွာ၌ ၀က်သား ဈေးဝယ်ဖောက်သည်လုရာမှ သုံးလောင်းပြိုင်လူသတ်မှု   ဖြစ် ပွားခဲ့ကြောင်း ဒေသတွင်းသတင်းမှ စုံစမ်းသိရသည်။

 ဈေးဝယ်ဖောက်သည်လုရာမှ ခုတ်ဖြတ်ခံရသောဝက်သားသည် (ဓါတ်ပုံ- Num Kham News)

မတ်ခ်ျလ ၂၉ ရက် နံနက်ပိုင်းက နောင်ငင်းရွာဈေးအတွင်း ၀က်သားသည် နှစ်သည်သည် ဈေးဝယ်ဖောက်သည် လုရာမှအချင်းချင်းစကားများပြီး လူသတ်မှုဖြစ်ခဲ့ရ ခြင်းဖြစ်ကြောင်း၊ လူသတ်မှုတရားခံမှာ   ၀က်သားသည် လင်မယား နှစ်ဦးဖြစ်ပြီး အသတ်ခံရသောသူမှာလည်း ၀က်သားသည် မောင်နှမသုံးဦးဖြစ်ကြောင်း ကိုယ်တိုင်မြင် တွေ့ရသူ  တရုတ်ပြည်ရောက် နမ့်ခမ်းသားတစ်ဦး ကဆိုသည်။

“ကျနော့်ရှေ့မှာပဲ ဖြစ်တာလေ။ ဟိုးဘက်အသည်ကို ဒီဘက်ကလင်မယားသတ်တာလေ။ သူ့ယောက်ကျားက ရိုက်နှက်ပြီး ဖမ်းဖိထားတယ်။ သူ့မိန်းမက ၀က်သားခုတ် ဓါးနဲ့ ဂုတ်ကို သုံးချက် ခုတ်လိုက်တာ ၊ အဲ့အချိန်မှာ အသတ်ခံရသူရဲ့ ညီက ပြေးလာတယ်။ သူပါတစ်ခါတည်း ခုတ်သတ်ခံလိုက်ရတယ်။ ပွဲချင်းပြီးဘဲ ” ဟုနမ့်ခမ်းသားကပြောသည်။

ထိုစဉ် မောင် ၂ ဦးအသတ်ခံရမှုကို အနီးမှ ရပ်ကြည့်နေသော အမဖြစ်သူ၏ ခေါင်းနှင့်လည်ပင်းကို ဓါးမဖြင့်  ထပ်မံခုတ်ဖြတ်ရာ ဆေးရုံတင်လိုက်ရကြောင်း၊ ဆေးရုံတွင်ပင် အကြီးအဆုံးအမဖြစ်သူ သေဆုံးသွားကြောင်း သျှမ်းသံတော်ဆင့် အားပြောပြသည်။

ထိုသို့ခုတ်သတ်ကြပြီးနောက် ၀က်သားသည် ယောက်ကျားမှာဆိုင်ကယ်ဖြင့်ထွက်ပြေးကြောင်း၊ လူသတ်သည့် မိန်းမဖြစ်သူကိုဈေးသည်များဝိုင်းဝန်းရိုက်နှက်ဖမ်းချုပ်ထားပြီး တရုတ်ရဲများက လာရောက်ဖမ်းဆီးသွားကြောင်း၊ နာရီဝက်ခန့်အကြာမှသာ ထွက်ပြေးသူယောက်ကျားဖြစ်သူအား အာဏာပိုင်များက ဖမ်းဆီးရမိကြောင်း   အခင်း ဖြစ်ပွားမှုအနီး တွင်ရှိသော နောင်ငင်းရွာသား စိုင်းအိုက်ကျော် ကဆိုသည်။

လူသတ်သမားလင်မယားနှစ်ဦးနှင့် အသတ်ခံရသောသူများသည် တရုတ်လူမျိုးများဖြစ်ကြပြီး အသတ်ခံရ ၀က်သားသည် မောင်နှမသုံးဦးမှာ အသက် ၃၀ နှစ်အောက် အိမ်ထောင် မရှိသေးသူ လူလွှတ်များဖြစ်ကြကြောင်း ဒေသခံများ ထံသိရသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates