သစ်တော/တွင်းထွက်သယ်ခွင့်မပြုအမိန့်စာထုတ်ပြန်ထားသော်လည်း ကုမ္ပဏီများ ခိုးထုတ်နေဆဲ



သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့၌ သစ်တော ထွက်ပစ္စည်းများနှင့် သတ္တုကျောက်များကို  တစ်ဘက်နိုင် ငံ သို့ တရားမဝင် သယ်ဆောင်ခွင့်မပြုဟူသည့် အမိန့်စာ အစိုးရအုပ်ချုပ်ရေးအာဏာ ပိုင်ဘက်မှ  အကြိမ်ကြိမ်ထုတ်ပြန် ထားသော်လည်း အသက်မဝင်သေးဘဲ ကုမ္ပဏီမှ သစ်ခိုးထုတ်မှုများ ပြုလုပ်နေဆဲဖြစ်ကြောင်းဒေသခံများ ကပြောသည်။  

အမိန့်ထုတ်ပြန်စာ

၎င်းအမိန့်စာကို  မတ်ခ်ျလ ၂၃ ရက်နေ့ ကပင် နမ့်ခမ်းမြို့နယ် အုပ်ချုပ်ရေးမှူး  ဦးဇော်မင်း ကိုယ်တိုင်က လက် မှတ် ထိုးပြီး ထပ်မံ ထုတ်ပြန်ထားကြောင်း၊ ထိုစာကို သက်ဆိုင်ရာအစိုးရအဖွဲ့ အသီးသီးထံ လည်း ပေးပို့ထား ကြောင်း၊ သို့သော် ထိုအမိန့်စာထုတ်ပြီးသည့်တိုင် မီးသွေး တင်ကားများနှင့် သစ်တင်ကား များသည် ညလူခြေ တိတ်ချိန် နမ့်ခမ်းမြို့  ရွှေလီမြစ်ကူးတို့ဆိပ်မှတဆင့် တစ်ဘက်နိုင်ငံသို့ သယ် ထုတ် နေသည်ကိုတွေ့နေ ရ ကြောင်း နမ့်ခမ်းမြို့ဒေသခံ ဦးအိုက်မြင့် ကဆိုသည်။

“ဘာအမိန့်လဲမသိပါဘူးဗျာ  အသက်ကို မဝင်တာ၊ ညတိုင်းလိုလို မီးသွေးတင်ကား နဲ့ သစ်တင်ကားတွေ တရုတ်ဘက်ကို သယ်ပို့နေတာ လွတ်လွတ်လပ်လပ်ဘဲ၊ တစ်နေ့ အစီး ၄၀-၅၀ ထက် မနဲဘူးဗျ ၊ အထက် လူကြီးက အမိန့်ထုတ်တယ် လက်အောက်ငယ်သားတွေက ငွေယူပြီး လွှတ်ပေးတယ် ဘာထူးလဲ ဗျာ ”ဟု ၄င်း က သျှမ်းသံတော်ဆင့် အားပြောသည်။

နမ့်ခမ်းမြို့နယ်အတွင်း ထွက်ရှိသော သတ္တုကျောက်များကို သယ်ဆောင်ခွင့်ကို နှုတ်မိန့်ရော ထုတ်ပြန် စာပါ မကြာခဏ ထုတ်ပြန်ခဲ့သော်လည်း  ယနေ့အထိ သတ္တုတူးဖော်ရေးကုမ္ပဏီများက သတ္တု ဆက် လက်တူးဖော် နေသည်ကိုတွေ့နေရကြောင်း လယ်သမား စိုင်းအိုက်ပီး ကဆိုသည်။

“ပန်ခါးကျေးရွာ သတ္တုတူးဖော်ရေးစခန်းမှာ ကနေ့အထိ သတ္တုတူးဖော်ရေး ကုမ္ပဏီတစ်ချို့သတ္တု ဆက် လက်တူး ဖော်နေကြတယ်၊ တူးလာတဲ့ သတ္တုကျောက်တွေကို ကျနော်တို့ မြို့ဧရိယာထဲ ဖြတ်မသယ်ဘဲ တောင်ပေါ်လမ်း ကနေ မူစယ်မြို့ နောင်ဆိုင်ကျေးရွာကနေ စယ်လန့်နားက ကူးတို့ဆိပ်ကနေတဆင့် တရုတ်နိုင်ငံထဲသို့ သယ်ဆောင်နေတာ ကျနော်ကိုယ်တိုင် မြင်တွေ့ရတယ်  ” ဟု ၄င်းကပြောသည်။

နမ့်ခမ်းမြို့နယ်အတွင်း သစ်တောထွက်ပစ္စည်းနှင့်တွင်းထွက်ပစ္စည်းများ တရားမဝင် သယ်ဆောင် ခွင့် မပြုဟု သျှမ်းပြည်သတ္တုဝန်ကြီး စိုင်းအိုက်ပေါင်းနှင့် မြို့နယ်အုပ်ချုပ်ရေးဦးဇော်မင်းတို့က အကြိမ်ကြိမ် အမိန့်စာထုတ်ပြန် ထားသော်လည်း တစ်ကြိမ်တစ်ခါမျှ အသက်မဝင်သေးပေ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates