ဒေသခံအရပ်ဖက်လူမှုအဖွဲ့အစည်း များကြား မဲစာရင်းပြုစုခြင်းဆိုင်ရာ အလုပ်ရုံဆွေး နွေးပွဲကျင်းပ
သျှမ်းတောင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲနှင့် ဒေသခံအရပ်ဖက်လူမှုအဖွဲ့အစည်း များကြား မဲစာရင်း ပြုစုခြင်းဆိုင်ရာ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုအလုပ်ရုံဆွေးနွေးပွဲ အားမတ်ခ်ျလ(၂၃)ရက်နေ့က တောင်ကြီးမြို့၊ Classic ခန်းမတွင်ကျင်းပခဲ့ သည်။
![]() |
| မဲစာရင်းပြုစုခြင်းဆိုင်ရာ အလုပ်ရုံဆွေး နွေးပွဲ |
ယင်းအလုပ်ရုံဆွေးနွေးပွဲအား Union Election Commission နှင့် IFES အဖွဲ့တို့ ပူးပေါင်းပါဝင်ပြီး အရပ်ဖက် လူမှုအဖွဲ့အစည်း မှ လူဦးရေ (၅၀) ၀န်းကျင်ခန့်တက် ရောက်ခဲ့သည်ဟုသိရသည်။
ရွေးကောက်ပွဲစက်ဝန်းတွင်ပါဝင်ပတ်သက်သူများ ဆိုင်ရာအခန်းကဏ္ဍ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်မဲဆန္ဒရှင်စာရင်းပြုစုခြင်းလုပ် ငန်းများကိုဆွေးနွေး တင်ပြ ခြင်း၊ မဲစာရင်းပြုစုခြင်းလုပ်ငန်းစဉ် များတွင်အရပ်ဖက် အဖွဲ့ အစည်းများ အခန်းကဏ္ဍနှင့် အမေးအဖြေ ကဏ္ဍများကို ထည့်သွင်းဆွေးနွေးခဲ့ ကြောင်း သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာ သူများ၏ ကျင့်ဝတ်နှင့် နိုင်ငံတကာရွေးကောက်ပွဲဆိုင်ရာလေ့လာစောင့်ကြည့်သူများ၏ ကျင့်ဝတ်များကိုမတ်လ (၁၉)ရက်နေ့က ထုတ်ပြန်ခဲ့ကြောင်းသိရှိရပါသည်။
Tags: General, News


