ရွေးကောက်ပွဲစည်းရုံးရေး အလုပ်ရုံဆွေးနွေးပွဲ PNO ကျင်းပ



ရွေးကောက်ပွဲစည်းရုံးရေးနှင့်မဲဆန္ဒရှင်ပညာပေးလှုံ့ဆော်ခြင်းအလုပ်ရုံဆွေးနွေးပွဲ(Election Campaign and Voter Mobilization Workshop) ကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ရုံးတွင် သုံးရက်တိုင်တိုင် ကျင်းပပြုလုပ် ခဲ့ကြောင်း သတင်း ရရှိသည်။


  ရွေးကောက်ပွဲစည်းရုံးရေး အလုပ်ရုံဆွေးနွေးပွဲ  (www.pa-onational.com)

သျှမ်းပြည်နယ်နှင့် အခြားမြို့နယ်မှ တိုင်းရင်းသားပါတီ (၁၇) ဖွဲ့တက်ရောက်ခဲ့ပြီး ရွေးကောက်ပွဲနှင့် မဲဆန္ဒရှင်ပညာပေး အကြောင်းများ အဓိကဆွေးနွေးခဲ့ကြကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီမှ စောခွန်ကျော်ဝင်း ကပြောသည်။

" လာမယ့်ရွေးကောက်ပွဲမှာ လွတ်လပ်ပြီးတရားမျှတဖို့ ကျတော့အနေနဲ့  100 % မျှော်လင့်ထားပေမယ့် ကျေးလက်ဒေသ တွေမှာ အပြည့်အဝမျှတမှုရှိမယ်လို့တော့ မထင်မိဘူး " ဟု ၄င်းကဆိုသည်။

မတ်လ(၁၇) ရက်နေ့မှစ၍ (၂၀) ရက်နေ့ အထိကျင်းပသော အဆိုပါ ရွေးကောက်ပွဲအလုပ်ရုံဆွေးနွေးပွဲကို (PNO) အနေ ဖြင့် ပထမဆုံးအကြိမ် ဦးဆောင်ကျင်းပခြင်းဖြစ်ပါသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်များအား မတ်လ (၂၅) ရက်နေ့ တောင်ကြီးမြို့ရှိ ပအိုဝ်း အမျိုးသားဘက်စုံဖွံ့ဖြိုးရေးကွင်းတွင်ပြုလုပ်မည့် ပအိုဝ်းအမျိုးသား ညီလာခံတွင်ဆွေးနွေးအတည်ပြုသွားမည်ဖြစ် ကြောင်းဆိုပါသည်။  ယင်းညီလာခံတွင် ပအိုဝ်းအဖွဲ့(၁၅) ဖွဲ့နှင့်သီးသန့်ကျင်းပမည်ဖြစ်ပြီး ညီလာခံအပြီးတွင် သတင်း စာရှင်းလင်းပွဲပါ ပြုလုပ်သွားမည်ဟုသိရသည်။

PNO သည် အသွင်ပြောင်းပြည်သူ့စစ်အဖွဲ့အနေဖြင့် ၂၀၁၀ အထွေထွေရွေး ကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မဲဆန္ဒနယ် (၁၀) နေရာအနိုင်ရရှိထားဖူးပါသည်။






 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates