နောင်ချိုမြို့၌ ၄၄ ခုမြောက် SNLD ရုံးခွဲဖွင့်လှစ်



သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် SNLD သျှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ်၏ ၄၄ ခုမြောက် ရုံးခွဲဖွင့်ပွဲ ကျင်းပခဲ့ပါသည်။




အခမ်းအနားသို့ SNLD ဥက္ကဌ  ခွန်ထွန်းဦးနှင့် ဒုဥက္ကဌ စိုင်းစောအောင် ၊ အထွေထွေအတွင်းရေးမှူး      စိုင်းညွန့်လွင် ၊ တွဲဖက်အတွင်းရေးမှူး စိုင်းလိတ်၊ ဗဟိုကော်မတီဝင်များဖြစ်ကြသော စိုင်းရွှေကြူး၊ နန်းထွေးမုံ၊ မိုင်းရယ်မြို့နယ် လွှတ်တော်အမတ်စိုင်းစံဖေ၊ ကျောက်မဲလွှတ် တော်အမတ် စိုင်းသန်းမောင်၊ မိုင်းငေါ့မြို့နယ် လွှတ်တော်အမတ် စိုင်းသန့်ဇင်တို့အပြင် တောင်ကြီးမြို့ဗဟို စည်းရုံးရေးမှူး စိုင်းအဂ္ဂ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၊ တိုင်းရင်းသား စည်းလုံးရေး ညီညွတ်ရေး ပါတီနှင့်ပြည်သူလူထု၊ ပါတီဝင်အားလုံး (၄၀၀) ဝန်းကျင်တက်ရောက်ခဲ့ပါသည်။

မတ်ခ်ျလ ၂၁ ရက် နေ့လည် ၁၁ နာရီတွင်ရုံးခွဲဖွင့်ပွဲပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အခမ်းအနားတွင်  လွှတ်တော် အမတ် စိုင်းသန့်ဇင်က ပါတီနောက်ခံသမိုင်းကြောင်း၊ နိုင်ငံရေးသဘောသဘာဝနှင့်ကျားဖြူ ပါတီမှ ကျားခေါင်းပါတီသို့ ပြောင်းလာခဲ့ရခြင်းအကြောင်းရင်း အကျဉ်းချုပ်ကိုပြောကြားခဲ့သည်။

အခမ်းအနားတက်ရောက်လာသူများ မေးမြန်းသော မေးခွန်းများကိုလည်း စိုင်းသန့်ဇင်နှင့် အထွေထွေ အတွင်း ရေးမှူး စိုင်းညွန့်လွင်က ဖြေကြားပေးခဲ့ပြီး အခမ်းအနားကို မွန်းလွှဲ ၁၂ : ၃၀ တွင် ရုပ်သိမ်း လိုက်ပါသည်။

မိုင်းလားပြည်သူလူထု ၊ ကျိုင်းတုံပြည်သူလူထု၊ မိုင်းဖြတ်ပြည်သူလူထုတို့နှင့် တွေ့ဆုံစဉ်ကလည်း SNLD အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင်က ပါတီ၏ အဓိကအရေးပါသော အချက်သုံးချက်ကို ပြောကြားခဲ့ ပါသည်။

ထိုအချက်သုံးချက်မှာ (၁) SNLDသည်ငြိမ်းချမ်းရေးအကောင်အထည်ဖော်ဆောင်ရန်နှင့် တစ်နိုင်ငံလုံးအပစ်ခတ် ရပ်စဲရေးရရန်အတွက် လက်နက်ကိုင်အဖွဲ့ စည်းအားလုံးကို
တိုက်တွန်းသွားမည်။(၂) ၂၀၁၅ ရွေး ကောက်ပွဲ ကို ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အနိုင်ရအောင်ကြိုးစားမည်၊ လွှတ်တော်တွင်းမှနေပြီး  ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကပြင်ဆင်နိုင်အောင်ကြိုးပမ်းမည်။ (၃) စစ်မှန်သော ပြည်ထောင်စု စနစ် ထူထောင်ရန်အတွက် SNLD က ၈ ပြည်နယ်မူကိုလက်ခံသည်ဆိုသည်မှာ ပြည်ထောင်စုမှ ခွဲထွက် ရန်မဟုတ်၊ စစ်မှန်သောဖက်ဒရယ်ပြည် ထောင်စု တည်ဆောက်ရန်အတွက်ဖြစ်သည်။ - ဟူ၍ ဖြစ်ပါ သည်။

သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD သည် ရုံးခွဲ ၄၆ ခု ဖွင့်လှစ်ရန် လျာထားသည်ဖြစ်ရာ ယခု နောင်ချိုတွင် ဖွင့်လှစ်သောရုံးခွဲမှာ ၄၄  ခုမြောက်ရုံးခွဲဖြစ်ပါသည်။





 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates