SSPP/SSA ဌာနချုပ်အနီး အစိုးရ တိုက်လေယာဉ်များ ပျံဝဲ



သျှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ် အခြေစိုက်ရာ သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် အတွင်း အစိုးရ တိုက်လေယာဉ်များ နေ့စဉ်ပျံဝဲနေသည်ဟု ဒေသအတွင်း တပ်မှူး များ နှင့် ဒေသခံများ ကပြောသည်။



မတ်ခ်ျ ၁၁ ရက်နေ့မှ စ၍ ယနေ့ အထိ မွန်းလွဲပိုင်း မြူမှိုင်းအုံ့ဆိုင်းနေချိန် အစိုးရတပ်မတော် တိုက်လေယာဉ်များ သျှမ်းပြည်တပ်မတော် အခြေစိုက်ရာ ဝမ့်ဟိုင်းဌာနချုပ် အနောက်ဘက်ခြမ်းတွင် နေ့စဉ် ပျံဝဲ လှည့်ပတ်နေသည်ဟု ရှေ့တန်းတပ်မှူး ကပြောသည်။


“တနေ့ သုံးလေးခေါက်လာဝဲတယ်။ မွန်းလွဲ ၂ နာရီ ၃ နာရီ ကျော်ကျော်အကြားမှာလာတယ်။ မြူတွေ ဆိုင်းနေ တယ်ဆိုတော့ လေယာဉ်က မမြင်ရဘူး။ သျှမ်းပြည်တောင်ပိုင်း နမ့်စန် ကနေလာတာလဲဖြစ် နိုင်တယ်။ သူတို့က ကိုးကန့်တိုက်ပွဲမှာ တိုက်ပွဲဝင်လာတဲ့လေယာဉ်တွေလဲဖြစ်နိုင်တယ်” - ဟု အမည်မဖေါ်လိုသည့် တပ်မှူးတဦးကပြောသည်။

ထို့အတူ ကျေးသီးမြို့နယ် ဒေသခံ စိုင်းလုံကလည်း - “ကျနော်တို့ဘက်က လေယာဉ်သိပ်မဖြတ်တတ် ဘူး။ လေယာဉ်ပျံသံကြားတာနဲ့ ထွက်ကြည့်ကြတယ်၊ အထူးအဆန်းပေါ့။ တနေ့သုံးလေးခေါက်ကို လာတာ သုံးလေးရက်ရှိပြီ။ လေယာဉ်လို့ ဘဲသိရတယ်။ ဘာလေယာဉ်ဆိုတော့ ကျနော်တို့မသိဘူး” - ဟုပြောသည်။


မြန်မာ့ငြိမ်းချမ်းရေး အခြေအနေစောင့်ကြည့်လေ့လာသူ လားရှိုးမြို့နေ တော်လှန်ရေးသမားဟောင်း တဦးက “လာမည့်ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပြည်ထောင်စုနေ့က ထိုးဖို့ ကျန်နေတဲ့ ငြိမ်းချမ်းရေး လက်မှတ် ထိုးဖို့  အဲဒီတပ့်ကို ဖိအားပေးချင်တာလဲဖြစ်နိုင်တယ်။ ဒါမှ မဟုတ် ကိုးကန့်တိုက်ပွဲ အပြန် ဟိုဘက်ဖြတ်သွားတာလဲဖြစ်နိုင်တယ်” - ဟု ပြောသည်။

ပြည်ထောင်စုဝန်ကြီးလည်းဖြစ်၊ မြန်မာ့ငြိမ်းချမ်းရေးစင်တာက ဥက္ကဌ လည်းဖြစ်သည့် ဦးအောင်မင်းက သျှမ်းပြည်တပ်မတော်ဌာနချုပ်အား ထိုးစစ်ဆင်တိုက်ခိုက်မည့်အစီအစဉ်လုံးဝ မရှိကြောင်း၊ တိုက်လည်း တိုက်မည်မဟုတ်ကြောင်း သျှမ်းခေါင်းဆောင်များအား ပြောဖူးသည်။

ကိုးကန့် ဒေသတိုက်ပွဲပြီးလျှင်  မတ်လ ၂၇ တော်လှန်ရေးနေ့ ၊ ဗိုလ်ချုပ်နေဝင်းအာဏာသိမ်းသည့်နေ့ မတိုင်မီ သျှမ်းပြည်တပ်မတော် SSPP/SSA အား အစိုးရ တပ်မတော်က ထိုးစစ်ဆင်တိုက်ခိုက်မည် ဆိုသည့် သတင်းကလည်း သျှမ်းပြည်တပ်မတော် အတွင်း ပျံ့နှံ့နေသည်။

သျှမ်းပြည်တပ်တော် SSPP/SSA နှင့် မြန်မာအစိုးရ တို့သည် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးထားသည့် တပ်ဖွဲ့ဖြစ်သည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates