သျှမ်းပြည်အတွင်းတည်ဆောက်မည့် ရေကာတာအလုံး သျှမ်းပြည်သူများ စုပေါင်းကန့်ကွက်သွားမည်



မတ်ခ်ျ ၁၄ ရက်နေ့တွင်ကျရောက်မည့် နိုင်ငံတကာမြစ်ချောင်းများ အတွက် ရေကာတာဆန့်ကျင်ရေးနေ့ အထိမ်းအမှတ်အနေဖြင့် သျှမ်းပြည်အတွင်း တည်ဆောက်မည့် ရေကာတာအလုံးကိုကန့်ကွက်ကြောင်း တောင်ကြီးမြို့ တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ပြောကြားလိုက်သည်။



ယင်းအခန်းအနားအား မတ်ခ်ျ် ၁၃ ရက်နေ့ နံနက်ပိုင်း၌ တောင်ကြီးမြို့ Classic ခန်းမတွင် သျှမ်းပြည် နယ်မြစ်ချောင်းများဆိုင်ရာ လှုပ်ရှားမှုကွန် ယက် မှ ဦးဆောင်ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် သျှမ်းပြည် တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်းမှ ဒေသခံများ၊ တတ်သိပညာရှင်များ၊ မြစ်ချောင်းအရေးလှုပ်ရှားသူများ၊ နိုင်ငံရေးပါတီမှ ပုဂ္ဂိုလ်များအားလုံးက တည်ဆောက်မည့်ရေကာတာများလုံးအား စုပေါင်းကန့်ကွက်သွားမည့်အ ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ကြေငြာသည်။

“ဒေသခံတွေကလျှပ်စစ်မီးလည်းမရဘူး၊ တကယ်တမ်း ထိခိုက်မှုဖြစ်ရင် မြန်မာပြည်သူ၊ ပြည်သားပဲ နစ်နာမယ်၊ နောက်ပြီး ထိုင်းနဲ့တရုတ် နိုင်ငံ တွေကို ပိုအားပေးသလို၊ ပိုတိုးတက်အောင်၊ ပိုပြီးအင်အားကြီးမားလာ အောင် ဖြစ်လာစေမယ်။  ထွက်ရှိလာတဲ့လျှပ်စစ်မီးတွေက သူတို့ကိုပဲ ရောင်းပေးမှာကိုး ” ဟု သျှမ်းပြည်မြစ်ချောင်းများ ဆိုင်ရာကွန်ရက် ပြောရေးဆိုခွင့်ရှိသူ စိုင်းခေးဆိုင် ကပြောသည်။

ပြည်ထောင်စုတဝှမ်းလုံးတွင် တည်ဆောက်မည့် ရေကာတာ ၈၀ ကျော် အနက် သျှမ်းပြည်အတွင်း ထက်ဝက်ကျော်တည်ဆောက်မည်ဖြစ်ကြောင်း ၄င်းကဆက် ၍ပြောသည်။

 “ ပေါင်းလောင်းရေကာတာတည်ဆောက်ခဲ့တုန်းက ကျနော်တို့ကို ကြို အသိမပေးဘူး၊ အာဏာပိုင်တွေက လုပ်ချင်ရာလုပ်သွားတယ်၊ ရွာပေါင်း(၂၃) ရွာလောက်က ဘာမှလုပ်ကိုင်စားသောက်လို့ မရဘူး။ သူတို့နေရာချ ပေးတဲ့ နေရာ ပြောင်းရွှေ့နေထိုင်ခဲ့ရတယ်။ လူပေါင်းသောင်းကျော် လောက်ဒုက္ခ ရောက်ခဲ့ကြ တယ် ” ဟု ဒေသခံဦးညိုဝင်း ကပြောသည်။

ရေကာတာတည်ဆောက်ခြင်းကြောင့် အသက်မွေးဝမ်းကြောင်း လုပ်ငန်း အခက်အခဲများ နှင့် မြေယာပြဿနာများ ၊ အဓမ္မရွှေ့ပြောင်းမှုများ၊ အခြားမ လိုလား အပ်သည့်ပြသနာများ ဒေသတွင်းကောင်းကျိုးထက် ဆိုးကျိုးများပို မည်ဟု ပြောသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates