သျှမ်းပြည်သံဃာ့အဖွဲ့ချုပ် ဥက္ကဌ မွေးနေ့ သံဃာတော် အပါး ၂၀၀ ကျော် ကံထပ်ပူဇော်



သျှမ်းပြည်သံဃာ့အဖွဲ့ချုပ် ဥက္ကဌ ပဓါန နာယက ဆရာတော် ဒေါက်တာဘဒ္ဒန္တ ပညာနန္ဒ ဆရာတော် ဘုရားကြီး၏ ၆၄ နှစ်ပြည့် ၀ိဇာတပူဇာ သိက္ခာထပ် မင်္ဂလာပွဲတော်သို့ သျှမ်းပြည်နယ်အတွင်း နာမည် ကြီး ဘုန်းတော်ကြီးကျောင်း ၂၀၀ ကျော်မှ ဆရာတော်များတက် ရောက်ချီးမြင့်ကံထပ် ပူဇော်ခဲ့ကြောင်း သိရသည်။



ဧပြီလ ၂၂ ရက်နေ့က  ဆရာတော်ဘုရားကြီး၏ ၀ိဇာတပူဇာ သိက္ခာထပ်မင်္ဂလာပွဲကို သျှမ်းပြည် တောင်ပိုင်း လွယ်လင်မြို့ သာသန ၀ိပုလ္လ ဓါတ်တော် ပရိယတ္တိ စာသင်ကျောင်းတွင် ကျင်းပပြု လုပ်ခဲ့ပါသည်။

သိက္ခာထပ်မင်္ဂလာပွဲသို့ သျှမ်းပြည်နယ်အတွင်းရှိ ဘုန်းကြီးကျောင်း ၂၀၀ ခန့် က ဆရာတော်များအား ပင့်ဆောင်ဖိတ်ကြားကြောင်း ဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိပြခန်းတွင် တာဝန်ကျဆရာတော် ဦးခေမာစာရကမိန့်ကြားတော်မူသည်။

“ဆရာတော်ရဲ့ပွဲက ပြီးပြည့်စုံတယ်ပြောရမယ်။ ရပ်ဝေးရပ်နီးက လာရောက်ပူဇော်သူတွေနဲ့ လူတွေ နှစ်ထောင်ကျော်လောက်ရှိမယ်။ ဒါတောင်မိုးရွာသေးတယ်။ စည်လည်းစည်တယ်။ ဆရာတော်ကြီးတွေ လည်း ကြွရောက်လာတော်မူကြတယ်။” ဟု ဆရာတော်ဦးခေမာစာရက မိန့်သည်။

 ဆရာတော်၏ မွေးနေ့ပွဲသို့ တောင်ကြီးမြို့နမ့်ခုံးသျှမ်းများပရဟိတ အသင်းလည်း ကုသိုလ်အဖြစ် အခမဲ့ဆေးကုပေးခြင်းဖြင့် လာရောက်ဒါနပြုကြပါသည်။

“ဆရာတော်က ရိုသေလေးစားဖွယ်ကောင်းတယ်။ ကြည်ညိုဖွယ်ကောင်းတယ်။ ဒါကြောင့် ဆရာတော်သက် တော်ရာကျော်ရှည်ပြီး သာသနာ့တာဝန်ကိုများများထမ်းဆောင်နိုင်အောင် အသင်းကြီးကိုယ်စား ဆုတောင်း ပေးပါတယ်” - ဟု နမ့်ခုံးသျှမ်းများ ပရဟိတအသင်း ဥက္ကဌ ဦးစိုင်းထွန်းမြက ပြောသည်။

ဆရာတော်ဘုရား၏မွေးနေ့ပွဲကို ရောက်ရှိလာသည့် လူငယ်တဦးက- “ဆရာတော်၏မွေးနေ့ပွဲကို လာရောက် ပူဇော် လှူဒါန်းရတာ အရမ်းကိုကျေနပ်ပီတိ ဖြစ်မိပါတယ်။ အနယ်နယ်အရပ်ရပ်က သံဃာတော်များ ကိုလည်း ဖူးမျှော်ခွင့်ရခဲ့တယ်” ဟုဆိုသည်။

ဆရာတော် ဘုရားကြီး အောင်မြင်ဆွတ်ခူးရရှိခဲ့သော ဘွဲ့တံဆိပ်တော်များမှာ ၁၉၈၂ က ဓမ္မာစရိယ (ပင်လုံ)၁၉၈၃ ဓမ္မာစရိယ (အစိုးရ) ၊ ၂၀၀၀ ခုနှစ်က မဟာဂန္တဝါစက ပဏိတ၊ ၂၀၀၆ အဂ္ဂမဟာဂန္တဝါစက ပဏိတ၊ ၂၀၀၉  အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ၂၀၁၀ Ph.D ဒေါက်တာဘွဲ့ (ထိုင်း)၊ ၂၀၁၅ နိုင်ငံတော်မှချီးမြင့်ဆက်ကပ်သော အဂ္ဂမဟာပဏိတ အစရှိဘွဲ့တော်များ ဖြစ်ပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates