ဌာနေပြည်သူ့စစ်များဦးဆောင်ပြီး သင်္ကြန်ပွဲတော်နေ့များ၌ မူစယ်မြို့တွင်လောင်းကစားဝိုင်းများဖွင့်လှစ်



သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့ တွင် ဌာနေ ပြည် သူ့စစ်အဖွဲ့များဦးဆောင်ပြီး သင်္ကြန်ပွဲတော်ရက်နေ့များ၌ လောင်းကစားဝိုင်းများ ဖွင့်လှစ်ကြောင်း သတင်းရရှိ သည်။



လောင်းကစားဝိုင်းဖွင့်လှစ်နေသောနေရာမှာ လာ့ဇန့် ဟုခေါ်သည့်  ပြည်သူများအပန်းဖြေရာနေရာ ရွှေလီ မြစ်ကမ်းဘေး ၌ ဖြစ်ကြောင်း၊ လောင်းကစားအမျိုးအစားများမှာ ငါးပစ်ဂိမ်း ၊လေးကောင်/ခြောက် ကောင်ဂျင် ၀ိုင်း နှင့် ဖဲဝိုင်းများ ဖြစ်ကြကြောင်း ၊ သင်္ကြန်အကြိုရက်နေ့မှ  သင်္ကြန် အတက်နေ့အထိဖွင့်လှစ်ခဲ့ ကြောင်း မူစယ်ဒေသခံ စိုင်းဖိုးဆိုင် ကဆိုသည်။

“ လောင်းကစားဝိုင်းပေါင်းကတော့ (၂၀)၀ိုင်းလောက်တွေ့ရတယ်၊ ဌာနေပြည်သူ့စစ်အဖွဲ့ များက လက်နက် အ ပြည့်အစုံနဲ့လုံခြုံရေးယူပေးတာတွေ့ရတယ်၊  လာ ကစားတဲ့သူတွေအများစု ကတော့ လူငယ်တွေပဲ ဖြစ်ကြတယ်”  ဟု ၄င်းကဆိုသည်။

ရပ်မိရပ်ဖ လူကြီးတစ်ဦးက“  ခုပြည်သူများအတွက် သင်္ကြန်အတွင်း အပန်းဖြေတဲ့ နေရာမှာ လောင်းကစားဝိုင်း လာဖွင့်တာ လုံးဝမသင့်တော်ပါဘူး၊ ခွင့်ပြုပေးတဲ့ အစိုးရကိုရော လုံခြုံရေးယူပေးတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ ကိုပါ  ပြင်းပြင်းထန်ထန် ရှုတ်ချကန့်ကွက်ပါတယ်”  ဟု ၄င်းကသျှမ်းသံတော်ဆင့်အားပြောသည်။

မူစယ်မြို့သည် မြန်မာ-တရုတ်နယ်စပ် အနီးတွင်တည်ရှိနေသော မြို့ဖြစ်ပြီး သင်္ကြန်ပွဲတော်မဟုတ်သည့်နေ့ များ တွင်လည်း ၄င်းမြို့ပေါ်ရှိ  လူစည်ကားသည့်နေရာများမှာ လောင်းကစားရုံများလွှတ်လွှတ်လပ်လပ်ဖွင့်လှစ်နေ သည်မှာ (၃)နှစ်ခန့်ရှိနေပြီဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။





 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates