မူစယ်မြို့ မြ၀တီဘဏ်ပစ်ခတ်မှု တရားခံမဖမ်းမိသေး



သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့ စွမ်စော်ရပ်ကွက်ရှိ မြ၀တီဘဏ်အား လက် နက် ကိုင်လူ နှစ်ဦးမှ ဝင်ရောက်ပစ်ခတ်သည့် တရားခံအားယနေတိုင် ဖမ်း မိခြင်း မရှိသေးကြောင်း သျှမ်းပြည်နယ်ရဲတပ်ဖွဲ့ အရာရှိတဦး ကပြောသည်။

ဧပြီလ ၂၄ ရက် နံနက် ၃ နာရီခွဲဝန်းကျင်ခန့်က မူစယ်မြို့လယ် ပြည်ထောင်စု လမ်းမပေါ်ရှိ မြ၀တီဘဏ်အား အမည်မသိလူ၂ ဦးမှ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

အမှောင်ရိပ်မှ အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် လက်နက်ငယ်ကိုယ် စီကိုင်ဆောင် သူ လူနှစ်ဦးသည် ဘဏ်၏ပင်မ အဆောက်အဦးအား ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ပတ်ခတ် မှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုမရှိသော် လည်း အဆောက်အဦးအား ကျည်ဆံ အချက် ၄၀ ကျော် ထိမှန်ခဲ့ကြောင်း မူစယ်မြို့ခံ စိုင်းကျော်ကလည်းပြောပါသည်။



“ဘယ်သူ့လက်ချက်လည်းဆိုတာ ခုချိန်ထိမသိရသေးဘူး။ လူကိုမပစ်ဘဲ အဆောက် အဦးကိုသွားပစ်တယ်ဆိုတော့လည်း စဉ်းစားစရာဘဲ။ တခုခုကို အသိပေးချင်တာလား အဲလိုမျိုး ယူဆရပါတယ်” ဟု စိုင်းကျော်ကပြောသည်။

လာရောက်ပစ်ခတ်သည့် အကြောင်းရင်းအတိအကျမသိရသေးသော်လည်း ပြီးခဲ့သည့် မတ်ခ်ျ လအတွင်းက မူစယ် မြို့ရှိ မြန်မာ့စီးပွါးရေးဘဏ်၊ အင်းဝ ဘဏ်၊ ယူနိုက်တက် အမရ ပူရ ဘဏ်နှင့် မြ၀တီဘဏ်များသို့ KIA တပ်မဟာ ၄ အမည်ဖြင့် တွေ့ဆုံဆွေးနွေးရန် စာများပေးပို့ခဲ့ ဖူးသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ တရုတ်-မြန်မာနယ်စပ် ဝင်ထွက်ပေါက်များ၊ စစ်ဆေးရေးဂိတ်၊ မြို့ဝင်အေးရှားဝေါလ်စစ်ဆေးရေး ဂိတ်၊ ရွှေလီမြစ် တော် ရွက်နှင့် ဟိုဆောင် လှေဆိပ်များ တွင် ပိတ်ဆို့ရှာဖွေခြင်း များဆောင်ရွက် လျှက် ရှိနေသည်ဟုလည်း သိရပါသည်။

သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့သည် တရုတ် - မြန်မာနယ်စပ် စီးပွားရေး မြို့ဖြစ်သည့် အားလျော်စွာ ရွှေဆိုင်များဝင်ရောက်ပစ်ခတ်မှု လက်ကိုင်ဆောင် ကာ လုယက်မှု များ၊ မှောင်ရိပ်ခို ဒုရိုက်မှုများမကြာခဏဖြစ်ပွားသည့် နယ်စပ်မြို့ဖြစ်သည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates