လားရှိုးမြို့ လေပြင်း နှင့် အတူ မိုးသီးများကျ ပျက်စီး ဆုံးရှုံးမှုများ



သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် အတွင်း ယနေ့ ဧပြီ ၂၈ ရက် ၂၀၁၅ မွန်းလွှဲ ၂ နာရီကျော် အချိန်တွင် မိုးသက်လေပြင်းနှင့်အတူ မိုးသီးများ ကျရောက်သည့်အတွက် ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့သည်ဟု လားရှိုးမြို့ခံ များကပြောသည်။


လားရှိုးမြို့ပေါ် ရပ်ကွက်အချို့ ၊ လားရှိုးအနောက်ဘက်ခြမ်း ဒေသများတွင် မိုးသက်လေပြင်းများကျရောက်သည့်အတွက် သက်တမ်းရင့်သစ်ပင်ကြီးများ၊ ဓါတ်တိုင်များ၊ နှစ်ရှည်သီးစားသစ်ပင်များ၊ ဝါးရုံတောများ လှဲ ကြာင်း၊ တောင် ကျေ ချာင်း များကြောင့် လမ်းပိုင်းအချို့ သွားလာမှု ရပ်ဆိုင်းရကြောင်း ခရီးသွား တဦးဖြစ်သည့် စိုင်းခမ်းက ဤကဲ့သို့ပြောပြ သည်။

“လားရှိုးမြို့တွင်းမှာတော့ လေကြီးတယ်။ မိုးကြီးတယ်။ မိုးသီးက်တာေ တာ့မရွိဘူး။ သီပေါကနေ လားရှိုးမြို့အဝင် လွယ်လွမ့် မှာဆို သစ်ပင်လှဲတယ်။ ဓါတ်တိုင်လှဲတယ်။ လမ်းမပေါ် ရေလျှံတယ်” - ဟု သျှမ်းသံတော်ဆင့်သို့ပြော သည်။

ဧပြီလ ၁၉ ရက် တနင်္ဂနွေနေ့တွင်လည်း မိုးလေပြင်းထန်စွာကျေ ရာက်သည့် အတွက် လားရှိုး၊ သီပေါ မြို့နယ် အတွင်း နေအိမ်အချို့ အမိုးလွှင့်ပျက် စီးကြောင်း၊ သိုလှောင်ပစ္စည်းများလည်း ကျပ်သိန်းပေါင်းများစွာ ပျက်စီး ဆုံးရှုံးကြောင်း လားရှိုးမြို့ခံ နန်းနွတ်ကပြောသည်။

ဧပြီ ၁၉ ရက်နေ့မှာပင် သျှမ်းပြည်အရှေ့ပိုင်းတာချီလိတ်မြို့နယ် မိုင်းဖုန်းေ ကျးရွာ အုပ်စု၊ ဟွေ့လင်လမ်ရွာတွင် မိုးသက်လေပြင်းကျရောက် သည့် အတွက် နှစ် ၁၀၀ ကျော်ရှိညောင်ပင်ပြိုပိရာ နေအိမ်တလုံး၊ ကားတစီး ပျက်စီးသွားပြီး လူတဦးသေဆုံးကာ ၆ ဦးဒဏ်ရာရရှိခဲ့သည်။ အိမ်ခြေ ၂၀ ကျော်လည်း အမိုးလွှင့် ပျက်စီးသွားသည်ဟု ဟွေ့လင်လမ်ရွာ သားများကပြောသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates