ထိုင်း-မြန်မာနယ်စပ် ကုန်းကျော်ဒုက္ခသည်စခန်းသို့ အမေရိကန်သံအဖွဲ့ လည်ပတ်



သျှမ်းပြည်အနယ်နယ်အရပ်ရပ်က စစ်ပြေးရှောင် လူထုခိုလှုံနေထိုင်သည့် ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ဝိန်းဟိုင်မြို့နယ် ပိန်းလုံအုပ်စု  ကုန်းကျော်ဒုက္ခသည်စခန်းကို အမေရိကန်နိုင်ငံသံအမတ် Mr. Michael Heath နှင့် အဖွဲ့က သွားရောက်လည်ပတ်ခဲ့ပါသည်။

 ကုန်းကျော်ဒုက္ခသည်စခန်းသို့ အမေရိကန်သံအဖွဲ့ လည်ပတ်

အမေရိကန်သံအဖွဲ့အား ကုန်းကျော်ဒုက္ခသည်စခန်းမှ  ဥက္ကဌ စိုင်းလျဲန်းက ကြိုဆို

သံအမတ်နှင့်အဖွဲ့သည် ထိုင်း- မြန်မာနယ်ခြား လတ်တိုင်ရွာရှိ ဝပ်ဖဝိန်းအင်းသို့ ဧပြီလ ၂၈ ရက် မွန်း တည့်ချိန်က ရောက်ရှိခဲ့ကြရာ ကုန်းကျော်ဒုက္ခသည်စခန်းမှ  ဥက္ကဌ စိုင်းလျဲန်းနှင့် အဖွဲ့က ကြိုဆိုပါ သည်။

“သူတို့က  ဒုက္ခသည်စခန်းထဲအခြေအနေနဲ့  ထိုင်း- မြန်မာ နယ်စပ်အခြေအနေသိချင်လို့ လာတာပါတဲ့။ အိမ်ပြန်ချင်တဲ့ဒုက္ခသည်ရှိလားလို့  လာမေးပါတယ်။ ပြန်ချင်တဲ့လူ မရှိဘူးလို့ တင်ပြခဲ့ပါ တယ်။  ဒီခရီးစဉ်က စခန်းထဲက ကလေးတွေပညာရေးကိုလေ့လာဖို့ဖြစ်တဲ့အတွက် ကျောင်းသုံးပစ္စည်းတွေ ကို ထောက်ပံ့ သွားပါတယ်။” ဟု   ကုန်းကျော်ဒုက္ခသည်စခန်းမှ  တာဝန်ရှိပုဂ္ဂိုလ် စိုင်းလျဲန်း က သျှမ်းသံ တော်ဆင့်အားပြောပြသည်။

သံအမတ်နှင့်အဖွဲ့သည် ဒုက္ခသည်စခန်းမှ ညနေ ၃ နာရီခန့်တွင်ထွက်ခွါသွားသည်ဟု လိုက်ပါကြိုဆိုသူ တဦးကပြောသည်။

ကုန်းကျော် ဒုက္ခသည်စခန်းတွင် သျှမ်းပြည်မှ စစ်ပြေးဒုက္ခသည် မိသားစုပေါင်း ၁၀၀ ကျော် (လူဦးရေ ၄၀၀ ကျော်) ခိုလှုံနေထိုင်သည်ဟုလည်း သိရပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates