နှစ်နိုင်ငံအငြင်းပွားနယ်နိမိတ်၌ တရုတ်တည်ဆောက်မည့်တံတားကို ဒေသခံ ရာချီသွားရောက်ကန့်ကွက်



သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် မြန်မာ- တရုတ် နှစ်နိုင်ငံအငြင်းပွားနယ်နိမိတ်၌ တရုတ်တည်ဆောက်မည့် တံတား ကို ဒေသခံရာချီသွားရောက်ပြီး ကန့်ကွက်ခဲ့မှု ယမန်နေ့ မနက်ပိုင်းက ဖြစ်ပေါ်ခဲ့သည်။

 နှစ်နိုင်ငံအငြင်းပွားနယ်နိမိတ်၌ တရုတ်တည်ဆောက်မည့်တံတားကို ဒေသခံ ရာချီသွားရောက်ကန့်ကွက် ကြပုံ

 နှစ်နိုင်ငံအငြင်းပွားနယ်နိမိတ်၌ တရုတ်တည်ဆောက်မည့်တံတားကို ဒေသခံ ရာချီသွားရောက်ကန့်ကွက် ကြပုံ

 နှစ်နိုင်ငံအငြင်းပွားနယ်နိမိတ်၌ တရုတ်တည်ဆောက်မည့်တံတားကို ဒေသခံ ရာချီသွားရောက်ကန့်ကွက် ကြပုံ


နှစ်နိုင်ငံ နယ်နိမိတ် အငြင်းပွားနယ်မြေဖြစ်နေသော မြန်မာနိုင်ငံဘက် ကုန်းဆာကျေးရွာ ထဲ ၌ တံတားတည် ဆောက်ခြင်းအတွက် တရုတ်အလံစိုက်ထူရန်  ဧပြီလ ၃ ရက်နေ့ မနက် ၈းဝဝ နာရီက တဖက်နိုင်ငံဘက်မှ လူအင်အား(၁၅)ဦး နှင့်လုံခြုံရေး(၁၀)ဦး လက်နက်အပြည့်အစုံဖြင့် ရောက်လာကြောင်း၊ ဒေသခံ (၅၀၀)  ထက်မနဲ သွားရောက်ကန့်ကွက်ခဲ့ကြောင်း စယ်ဟိုင်းကျေးရွာနေ နန်းစမ် ကဆိုသည်။

“သူတို့ကြည့်ရတာ သူတို့ပိုင်မြေ  သတ်မှတ်နေပြီထင်တယ်။ အလံလာစိုက်မလို့တဲ့။ အဲ့အချိန်မှာ နမ့်ခမ်းမြို့ နယ် အုပ်ချုပ်ရေးမှူးဦးဇော်မင်း နဲ့ တာဝန်ရှိသူတစ်ချို့ရောက်လာပြီး ဒါ အငြင်းပွားနယ်မြေဖြစ်တယ်၊ ဒီလိုအတင်း လာ လုပ်ရင် နှစ်နိုင်ငံချစ်ကြည်ရေးကိုထိခိုက်နိုင်တယ်လို့  ပြောတယ်။ ဒေသခံလူထုလည်း ကန့်ကွက်တယ် သဘောမတူဘူးလို့ နောက်ကနေ အော်တယ်။ တရုတ်တွေ  ၁၁ နာရီလောက်မှာ အလံသိမ်းပြီး ပြန်သွားကြပါတယ် ”ဟု ၄င်းက သျှမ်းသံတော်ဆင့်အားပြောသည်။

ကုန်းဆာရွာ သူ အဖွား နိုင်းခမ်းလျန်နှင့် နိုင်းငင်းဆာ

ကုန်းဆာကျေးရွာတွင် ရွှေလီမြစ်ကိုဖြတ်ပြီး တရုတ်နိုင်ငံဘက်မှ တံတားတည်ဆောက်မည်ဖြစ်ကြောင်း၊ ဒေသခံ များခွင့်ပြု မပြုပြု တည်ဆောက်သွားမည်ဖြစ်ကြောင်း ဂျန္နဝါရီလ ၅ ရက်နေ့က  ရွှေလီခရိုင် နောင် တောင်း မြို့နယ် တိန်းချိုရွာ ဥက္ကဌ ဦးအိုက်ပီးက ကုန်းဆာကျေးရွာ အုပ်ချုပ်ရေးမှူးအား နေအိမ်တွင် လာရောက်ပြော ဆိုထား ကြောင်းသိရသည်။

ထိုသို့ တရုတ်ပြည်မှ အာဏာပိုင်များက မြန်မာပြည်သူပိုင် စိုက်ပျိုးလယ်မြေများကို သိမ်းပြီး ရွှေလီမြစ်ကူး တံတားတည် ဆောက်မည့်စီမံကိန်းကို ဒေသခံရွာသားများမှ  အသက်ရင်းပြီး ကန့်ကွက်သွားမည်ဖြစ်ကြောင်း ကုန်းဆာ ကျေးရွာ လူငယ် စိုင်းအိုက်စိုင်း ကဆိုသည်။

ကုန်းဆာရွာ နေ အသက်(၉၂) အရွယ်  အဘွား နိုင်းငင်းဆိုင် နှင့် အသက် (၉၀) အရွယ် အဘွား နိုင်းခမ်းလျန် တို့နှစ်ဦးက “ ခု အငြင်းပွားနယ်မြေ လို့ပြောနေတဲ့မြေက အဘွားတို့ ဘိုးဘွားပိုင်တဲ့မြေတွေ၊ ဂျပန်ခေတ် က တည်းက စပါးစိုက်လာကြတဲ့မြေတွေလေ။ တရုတ်ပိုင်မြေ လုံးဝမဟုတ်ပါဘူး၊ ခု မြေတွေကို သိမ်းပြီးတံတား ဆောက်လိုက် မယ်ဆိုရင် အဘွားတို့လုံးဝစိတ်မကောင်းဖြစ်မိပါတယ် ” ဟု ပြောသည်။

၎င်း အငြင်းပွားလျှက်ရှိသော မြန်မာ - တရုတ်နှစ်နိုင်ငံနယ်နိမိတ်တွင် တရုတ်နိုင်ငံမှမြစ်ကူးတံတားတည် ဆောက်နိုင်ရန် တရုတ်အာဏာပိုင်ဘက်မှနည်းလမ်းပေါင်းစုံဖြင့်ကြိုးပမ်းနေကြသည်ဟု ဒေသခံများထံမှသိရ သည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates