သျှမ်းပြည်မြို့များ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထောက်ခံဆန္ဒပြရန် အစိုးရညွှန်ကြား



သျှမ်းပြည်တွင်း ခရိုင်၊ မြို့အများစုတွင် ပြုလုပ်နေသကဲ့သို့ မြို့တော် တောင်ကြီး အပါ အဝင် ခရိုင်ရုံးစိုက်ရာမြို့အများ၌   ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြို ဆိုထောက်ခံသည့် ဆန္ဒ ထုတ်ဖော်ပွဲ ပြုလုပ်ရန် အစိုးရညွှန်ကြားသည် ဟု သိရသည်။

 တောင်ကြီး မြို့တွင်ပြုလုပ်သော ငြိမ်းချမ်းရေး ထောက်ခံဆန္ဒ ပြပွဲ

 တောင်ကြီး မြို့တွင်ပြုလုပ်သော ငြိမ်းချမ်းရေး ထောက်ခံဆန္ဒ ပြပွဲ

လွယ်လင်မြို့တွင်ပြုလုပ်သော ငြိမ်းချမ်းရေး ထောက်ခံဆန္ဒ ပြပွဲ

လွယ်လင်မြို့တွင်ပြုလုပ်သော ငြိမ်းချမ်းရေး ထောက်ခံဆန္ဒ ပြပွဲ

လွယ်လင်မြို့တွင်ပြုလုပ်သော ငြိမ်းချမ်းရေး ထောက်ခံဆန္ဒ ပြပွဲ
ဆန္ဒပြရန် ဆင့်ခေါ်စာ

 တာချီလိတ်မြို့တွင်ကျင်းပသော ငြိမ်းချမ်းရေးထောက်ခံဆန္ဒပြပွဲ

 တာချီလိတ်မြို့တွင်ကျင်းပသော ငြိမ်းချမ်းရေးထောက်ခံဆန္ဒပြပွဲ

ဧပြီလ ၆ ရက်နေ့မနက်ပိုင်းက သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့အပါအဝင် လင်းခေး၊ လွယ်လင်၊ ကွန်ဟိန်း၊ သျှမ်းပြည်မြောက်ပိုင်းတွင် လားရှိုး၊ မူစယ်၊ ကျောက်မဲ တို့တွင် လည်း ကောင်း အရှေ့ပိုင်း တာချီလိတ် ၊ ကျိုင်းတုံ၊ မိုင်းဆတ် - မိုင်းတုံတို့တွင် လည်းကောင်း  တမြို့နယ်လျှင် လူထုရာဂဏန်းက ဆိုင်းဘုတ်ကိုင်ဆောင်၍ လမ်းလျှောက် ဆန္ဒပြခဲ့ရ ကြောင်း သက်ဆိုင်ရာဒေသအသီးသီးမှ ပါဝင်ခဲ့ရသူ ဒေသခံများက ပြောသည်။


“ကျနော်တို့ တောင်ကြီးမှာက ၂၂ ရပ်ကွက်လုံးအပြင် မြို့ပြင် က အုပ်စုတွေလဲလာတယ်။ လူတော့ အများကြီးဘဲ။ တအိမ်တယောက် မလာမနေရလေ။ ကျနော်အပါအဝင်ဘဲ။ ဘာ ကိစ္စ မသိဘူး။ ဒီရောက်တော့ မှ သိရတာ” - ဟု တောင်ကြီးသား ခွန်းထို ကပြောသည်။


မတ်ခ်ျလ ၃၁ ရက်နေ့က ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ်မူကြမ်းအား သဘောတူ အတည်ပြုနိုင်သည့် အထိမ်းအမှတ်ထောက်ခံဆန္ဒထုတ်ဖော်ပွဲဖြစ်ဟု လည်း အဆိုပါ သျှမ်းပြည်နယ်အစိုးရအရာရှိက ဤကဲ့သို့ပြောသည်။


“ဒါက ပြည်သူလူထုရဲ့သဘောဆန္ဒဘဲ။ ပြည်နယ်အစိုးရက လမ်းညွှန်မှုပေးရုံလောက်ပါဘဲ။ ကျနော်တို့အနေနဲ့ ပြည်သူလူထုကို မဖြစ်မနေလုပ်ရမယ်လို့ အမိန့်ပေးတာမဟုတ်ပါဘူး။  ”  ဟု သျှမ်းပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးကောင်းစံဦးက ပြောသည်။


“လွယ်လင်မှာတော့ မနက်ကတည်းက စုရပ်ကိုလာရတော့ ထမင်းငတ်ကြတာပေါ့။ ကျောက်မဲမှာတော့ တယောက် ၁၅၀၀ ကျပ်တောင် ရတယ်လို့ပြောတယ်။ ရပ်ကွက် ဥက္ကဌက ဆင့်ခေါ်တာပါ။ ” ဟု လွယ်လင်မြို့မှ အသက် ၅၀ ကျော်အရွယ် အမျိုးသား တဦးကပြောသည်။  


လွယ်လင်မြို့တွင်မူ မိုင်းပွန်၊ ပင်လုံ၊လွယ်လင် မှ ဒေသခံများ လွယ်လင်တွင်စုဆုံကာ ရပ်ကွက် ၁ မှ ရပ်ကွက် ၄ အထိ မိနစ် ၄၀ ခန့်လမ်းလျှောက် ဆန္ဒပြကြကြောင်း၊ လူထု အင်အား ၃၀၀၀ ခန့်ရှိကြောင်း သိရသည်။


၎င်းနှင့်ပတ်သက်၍ ဆန္ဒပြပွဲဖြစ်ပေါ်ရေးအတွက်လည်း ရပ်ကွက် ကျေးရွာအုပ်စုများထံသို့ သက်ဆိုင်ရာ မြို့နယ် ထွေ/အုပ်မှ ဆင့်ခေါ်စာ ပေးပို့ခဲ့ကြောင်းလည်း နမ့်ခမ်း မြို့ခံများက ပြောပါသည်။


လမ်းလျှောက်ဆန္ဒပြပွဲတွင် ကြွေးကြော်ခဲ့ရသော အချက် ၅ ချက်မှာ “ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး (ဒို့အရေး) ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်ရေး (ဒို့အရေး) ငြိမ်းချမ်းရေးဆွေးနွေးပွဲအမြန်ဖြစ်ပေါ်ရေး (ဒို့အရေး) ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖျက်ဆီးသူ (ပြည်သူ့ရန်သူ) ငြိမ်းချမ်းရေးအတည်ပြုလက်မှတ်ရေးထိုးပွဲ (အောင်မြင်ရမည်) ဟုပါရှိပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates