နမ့်ခမ်းမြို့၌ ကဆုန်လပြည့် ဗုဒ္ဓနေ့ ဓမ္မကျောင်းမှထူးချွန်ကျောင်းသား များအားဆုချီးမြှင့်



သျှမ်းမြောက် နမ့်ခမ်းမြို့ မြို့လယ်ဘုရားအနီး ပန်ပွဲ(ပွဲခင်း)နေရာ၌   မြို့နယ် သံဃာ့နာယကအဖွဲ့ များဦးဆောင်ပြီး ကဆုန်လပြည့် ဗုဒ္ဓ နေ့နှင့် ဓမ္မကျောင်း မှ ထူးချွန်ကျောင်းသားများဆုပေးပွဲ အခမ်းအနားပွဲကျင်းပခဲ့ပါသည်။





မေလ ၂ ရက် မနက်(၈) နာရီမှ ညနေ (၄) အထိ အခမ်းအနား ကျင်းပရာ အခမ်းအနားသို့ ဖိတ်ကြား ထားသော သံဃာတော်များအပါအဝင်၊ မြို့နယ် အတွင်းရှိ ဓမ္မကျောင်းမှ ကျောင်းသားမိဘ ဆရာများနှင့် ဒေသခံလူထု အယောက် (၁၅၀၀) ထက်မနဲတက်ရောက်ကြကြောင်း ဇေယျသုခ ဘုန်းတော် ကြီးကျောင်း မှ အရှင်ဓမ္မသီရိက သျှမ်းသံတော်ဆင့်အား မိန့်တော်မူသည်။

“အခမ်းအနားကျင်းပရတဲ့ရည်ရွယ်ချက်ကတော့ ဒီနေ့ ကဆုန်လပြည့်နေ့ဟာ ဗုနေ့ (Vesak Day) ဖြစ် သလို  နေ့ထူးနေ့မြတ်နေ့ဖြစ်တယ်။ အဲဒီနေ့ကို ဗုဒ္ဓဘာသာဝင်အများပြည်သူတွေကိုသိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ပြီးတော့ ဦးဇင်းတို့သာသနာလှုပ်ရှားမှုအကြောင်းကို ထင်ဟပ်သိမြင်စေချင်တယ်” ဟု ၄င်းဦးပဉ္စင်းက မိန့်ဆို သည်။

အခမ်းအနားတွင် ဗုဒ္ဓဝင် ပန်းချီကားပြပွဲ နှင့် ဓမ္မတရားတေးသီချင်းများ သီဆို ပြီး တေးသရုပ်ဖော် ဖျော်ဖြေခဲ့ ကြောင်း၊ ကြွရောက်လာသည့် သံဃာတော်များ
အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်ပေးခဲ့ပြီး နမ့်ခမ်းမြို့နယ် အတွင်းနှင့် လွယ် ဟိုဆေကျေးရွာ အုပ်စုရှိ ဓမ္မကျောင်း၌ ထူးချွန်ဆုရရှိသော ကျောင်း သား/သူများကိုလည်း ဆုများပေး အပ်ခဲ့ ကြောင်း အခမ်း အနားဖြစ်မြောက်ကူညီပေးနေသူတစ်ဦး ဓမ္မကျောင်းဗဟိုကော်မတီဝင် စိုင်းယီ ကဆိုသည်။

ယခု နမ့်ခမ်းမြို့၌ ကျင်းပသော ကဆုန်လပြည်ဗုဒ္ဓနေ့( Vesak Day) နှင့်ဓမ္မကျောင်းမှ ထူးချွန်ကျောင်း သားများ ဆုပေး ပွဲ အခမ်းအနားသည် သျှမ်းပြည် နယ်အတွင်းတွင် ပထမဆုံးအကြိမ်  ကျင်းပခဲ့သော ပွဲဖြစ်ကြောင်း ဒေသခံများနှင့် သံဃာတော်များကပြောပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates