၎ နှစ်ကာလ နမ့်ဇန်လွှတ်တော်အမတ်တဦး၏ ဘဝ
၂၀၁၅ ခုနှစ်နှောင်းပိုင်းမှာ ပါတီစုံ ရွေးကောက်ပွဲကြီးနောက်ထပ်တကြိမ် ကျင်းပတော့ မယ်လို့ ပြောဆိုနေကြပါတယ်။ ပြီးခဲ့တဲ့အစိုးရသက်တမ်းတခုမှာ ပြည်သူ့ဆန္ဒအစစ်အမှန်နဲ့ အရွေးကောက် ခံထားရတဲ့ လွှတ်တော်အမတ်တယောက်အနေနဲ့ ဒေသတွင်း လူထုရဲ့လိုအပ်ချက်တွေထဲက ဘယ်လိုကူညီဖြေရှင်းနိုင်ခဲ့ပြီလဲ။ မရှင်းပေးရသေးတာ ဘာတွေကျန်သေးလဲ။ သျှမ်းပြည်တောင်ပိုင်း နမ့်ဇန်မြို့နယ် အမှတ်(၂) မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းသူရိန်ဦးကို သျှမ်းသံတော်ဆင့်က ယိင်းတိုင်း တွေ့ဆုံမေးမြန်းထားပါတယ်။
| နမ့်ဇန်မြို့နယ်အမှတ်(၂) မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် စိုင်းသူရိန်ဦး |
မေး ။ ။ ဦးသိန်းစိန် အစိုးရ သက်တမ်းကုန်ခါနီးမှာ သျှမ်းပြည်နယ်အစိုးရ အဖွဲ့ နဲ့ သျှမ်းပြည်နယ်လွှတ်တော်ထဲမှာ ဘာတွေဆောင်ရွက်သွားဖို့ရှိမလဲ ။
ဖြေ ။ ။ လယ်ယာမြေပြဿနာတွေ ဖြေရှင်းဖို့ကျန်တယ်၊ ပြီးခဲ့တဲ့ လေးနှစ် ကျော် ကာလအတွင်းမှာ အစိုးရအနေနဲ့ပေးထားတဲ့ကတိကဝတ်တွေ အကောင် အထည်ဖော်မှုရှိ မရှိဆန်းစစ်ဖို့ရှိမယ်၊ သျှမ်းပြည်နယ်အတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကိစ္စတွေ ၊ ကုမ္ပဏီတွေကနေပြီး ကျောက်မီးသွေး၊ သတ္တုတူး ဖော်ရေးတွေ လုပ်တဲ့အခါမှာ ပြည်သူလူထု တွေရဲ့ဆန္ဒမှန် ပါ၊ မပါ ဘယ်နည်းနဲ့ ဆန်းစစ်မလဲ ဆိုတာတွေ လွှတ်တော်ထဲမှာပြန်ပြီးတော့ ဆွေးနွေးဖို့ ရှိပါမယ် ။
မေး ။ ။ လွှတ်တော်အမတ် သက်တမ်းတစ်လျှောက်မှာ မိမိမဲဆန္ဒနယ်အတွက် ဘယ် အရာတွေကို လုပ်ဆောင်ပေးနိုင်ပြီးတော့ ဘယ်အရာတွေကိုလုပ် ဆောင်မပေးနိုင်တာလဲ ။
ဖြေ ။ ။ ပထမဆုံးကြုံတွေ့ရတာက ခိုလမ်မြို့တည်ဆောက်ရေးစီမံကိန်းဆို ပြီး မြေသိမ်း ယာသိမ်းကိစ္စတွေကို စပြီးဖြေရှင်းရပါတယ်။ အဲ့ဒီကိစ္စမှာ မြေတွေပြန်ရ သွားတာတွေရှိသလို ခုထိ ပြန်မရသေးတာတွေလဲရှိတယ်။ နမ့်ဇန်မြို့နယ်မှာတော့ လယ်ယာမြေ ပြဿနာတွေအများကြီး ကျန် ပါမယ်၊ နမ့်ဇန်မြို့နယ်အတွင်းမှာ အကြောင်းအမျိုးမျိုးကြောင့် သိမ်းဆည်းခံ လယ်ယာမြေတွေ ဧက သုံးထောင်ကျော် လောက်ရှိပါတယ် ၊ ဒေသဖွံ့ဖြိုးရေးအနေနဲ့ နှစ်အလိုက်လွှတ်တော်ဘတ်ဂျက် ကနေ လိုအပ်ချက်အလိုက် ဆောင်ရွက်ပေးတာတွေရှိပါတယ် ။ ဒါပေမဲ့ ကျလာတဲ့ဘတ် ဂျက်နဲ့ ကျနော်တို့ နမ့်ဇန်မြို့လိုအပ်ချက်အတိုင်းအတာ ကွာခြားလွန်းတော့ အပြည့် အစုံလုပ်ပေးနိုင် တာမျိုးမရှိဘူး ၊ လိုအပ်ချက်တွေက အများကြီး ရှိတယ် ၊ လေးငါး နှစ်အတွင်း ထင်သာမြင် သာအောင် ပြောင်းလဲတာ မျိုး တော့မရှိပါဘူး ။
မေး ။ ။ လွှတ်တော်ကဘတ်ဂျက် ခွဲဝေမှုအပေါ်ကျေနပ်မှုရှိလား ။
ဖြေ။ ။ ရာနှုန်းပြည့်ကျေနပ်တော့မရှိဘူး ။ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် အတွက် ဘတ်ဂျက်ကို ဧပြီလ(၁) ရက်နေ့ သျှမ်းပြည်နယ်လွှတ်တော် (၁၂) ကြိမ်မြောက် အစည်းအဝေးမှာ အတည်ပြုခဲ့ တယ်၊ ဌာနဆိုင်ရာ ငွေလုံးငွေရင်း အသုံး စာရိတ်တွေ များနေတဲ့အပေါ် ကျနော်တို့ပြန်ဆန်းစစ်ပြီး လွှတ် တော်အတွင်း ဘတ်ဂျက်တွေကို ပြန်တင်ပြတဲ့အခါမှာ သက်ဆိုင်ရာ ၀န်ကြီးဌာန က ခေါင်း စဉ် တွေ ပြင်တယ် ၊ အသုံးချမဲ့နေရာတွေ ပြင်တယ်၊ ငွေပမာဏကိုတော့မပြင်ဘူး ၊ ဒီငွေပမာဏ အတိုင်း စီမံကိန်းတွေကို ပြောင်းပြီး အတည်ပြုလိုက်တယ် ။
မေး ။ ။ မိမိမဲဆန္ဒနယ် အတွင်းက ပြဿနာတွေကို လွှတ်တော်ကိုယ်စား လှယ် တစ်ဦး အနေနဲ့ ဒေသခံတွေကိုယ်စား လွှတ်တော်ထဲမှာ အဆိုတင် တဲ့အခါ အောင်မြင်မှုအတိုင်းအတာ ဘယ်လောက်အထိရှိသလဲ ။
ဖြေ ။ ။ လယ်ယာမြေပြဿနာနဲ့ပတ်သက်လာရင် လွှတ်တော် ထဲမှာ ကျနော်မေးခွန်း အနေနဲ့ မမေးဘူး၊ မတင်ပြဘူး၊ သျှမ်းပြည်နယ်အစိုးရကို လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေ နဲ့ တိုက် ရိုက်စာတင်ပြီး ၊ အောက်ခြေ ကိုပြန်ဆန်းစစ်ဖို့တိုက် တွန်းပါတယ် ။
မေး ။ ။ သျှမ်းပြည်နယ်လွှတ်တော်မှာ ဘာတွေလိုအပ်ချက်ရှိမယ် လို့မြင် လဲ ၊ ကော်မတီ ဘယ်နှစ်ခုရှိလဲ ၊ ဘယ်လိုကော်မတီတွေဖွဲ့စည်းဖို့ လိုမလဲ ။
ဖြေ ။ ။သျှမ်းပြည်နယ်လွှတ်တော်မှာ လက်ရှိကော်မတီ ၆ ခု နဲ့ကော်မရှင် ၁ ရပ် ရှိပါ တယ် ။ တိုင်းရင်းသားရေးရာကော်မတီ ၊ တိုင်းရင်းသားလွှတ်တော် အခွင့်အရေးကော်မတီ ၊ ဥပဒေကြမ်း ကော်မတီ၊ အစိုးရ အာမခံချက်နဲ့ ကတိကဝတ် စီစစ်ရေး ကော်မတီ ၊ ဘတ်ဂျက်စီစစ် ရေးကော်မတီ ၊ တိုင်ကြား စာစီစစ်ရေး ကော်မတီ နဲ့ ကော်မရှင်တစ်ရပ်ကတော့ ဥပဒေနဲ့အထူး ကိစ္စရေးရာ သုံးသပ်ရေး ကော်မရှင်တို့ပဲဖြစ်တယ်။
စိုင်းသူရိန်ဦးဟာ ၂၀၁၀ ရွေးကောက်ပွဲက သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီခေါ် ကျားဖြူ ပါတီကနေပြီး သျှမ်းပြည်တောင်ပိုင်း နမ့်ဇန်မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ ထဲကနေပြီး ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ်အရွေးကောက်ခံခဲ့ရပါတယ်။ အခြေအနေနဲ့အကြောင်း အမျိုး မျိုးကြောင့် ပြီးခဲ့တဲ့ ၂၀၁၄ နှစ်ကုန်က ကျားဖြူပါတီကနေ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ကို ပြောင်းထားတဲ့ လွှတ်တော်အမတ်တဦးဖြစ်ပါတယ်။
Tags: Interview

