သျှမ်းပြည်နယ် သံဃာနာယကအဖွဲ့ချုပ်မှ ကျောင်းထိုင် ဆရာတော်သင်တန်း ဖွင့်လှစ်
သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့ ပိဋိကတ်ကျောင်းတိုက်တွင် ကျောင်းထိုင် ဆရာတော် အဖြစ်သင်တန်း နှင့် ဓမ္မစကူးကျောင်းဆရာ သင်တန်း တို့ကိုဖွင့်လှစ်မည်ဖြစ်ကြောင်းသိရပါသည်။
မေလ ၁၈ ရက်မှ ၂၂ ရက် အထိ သျှမ်းပြည်နယ်လုံးဆိုင်ရာ သံဃာ့နာယက အဖွဲ့ချုပ်မှ ဦးဆောင်ပြီး ပင်လုံမြို့ရှိ ဗဟိုသံဃာ့ရုံးတွင် သင်တန်းပေးသွားမည်ဖြစ်ကြောင်း ဆရာတော် ဦးသိရိဓမ္မ က မိန့်တော်မူ သည်။
“ အဓိက ကတော့ စာသင်တိုက်က တိုက်အုပ်တွေ ကျောင်းထိုင် ဆရာတော်တွေ အရမ်းနဲသွားတယ်။ တဖက်ကလည်း သံဃာတော်တွေ ကို စွမ်းရည် မြှင့်တင် ပေးဖို့ရည်ရွယ်ပြီး ဒီသင်တန်းကို ဖွင့် လှစ်ရ ခြင်းဖြစ်ပါတယ် ” ဟုဆိုသည်။
သင်တန်းတွင် (၁) သျှမ်းပြည်နယ်လုံးဆိုင်ရာ သံဃာ့နာယက ဥက္ကဌ ဆရာတော် ဒေါက်တာ ပညာနန္ဒ၊ (၂)တောင်တန်းသာသနာပြု ဆရာတော် သုခမိန္ဒ ( စဝ်ဆုခမ်း) (၃) ဆရာတော်နန္ဒိယ (၄) လဲ ချားမြို့ ဟော်နန်းကျောင်းတိုက် ဆရာတော် (၅) ဆရာတော် နန္ဒဝံသ (စဝ်ဆရာမုံးကွတ်) (၆) လားရှိုး မြို့နယ် ဆရာတော် သုဝရ (၇) သီပေါမြို့နယ် ဆရာတော် ပညာသာရ (၈) သိန္နီမြို့လယ် ကျောင်း တိုက်ဆရာ တော် ဦးဝိဇေယ (၉) တန့်ယန်းမြို့လယ်ကျောင်းတိုက် ဆရာတော် ပညာသာမိ (၁၀) တောင်ကြီးမြို့ နယ် ဝေဠုဝန် ကျောင်းတိုက် ဆရာတော်သိရိဓမ္မ နှင့် တကွ တခြားသော ဆရာတော် များလည်း သင်တန်းပေးသွားမှာ ဖြစ်ကြောင်း သျှမ်းပြည်နယ်လုံးဆိုင်ရာ သံဃာနာယက အဖွဲ့ချုပ် ကော်မတီဝင် ဆရာတော်တစ်ပါးထံမှ သိရသည်။
Tags: General, News


