RCSS မူးယစ်တိုက်ဖျက်ရေးတာဝန်မှူး နှင့် ထိုင်းနိုင်ငံဆိုင်ရာ Finland Counselor တို့ တောင်ကြီး၌ တွေ့ဆုံ
ကမ္ဘာ့ကုလသမဂ္ဂ မူးယစ်ဆေးဝါး နှင့် ရာဇဝတ် မှုဆိုင်ရာ တားဆီးနှိမ်နှင်းရေး UNODC ကူညီ ပေး မှုဖြင့် သျှမ်းပြည်တပ်မတော် RCSS/SSA မူးယစ်ဆေး ဝါး တိုက်ဖျက်ရေးအဖွဲ့ခေါင်းဆောင် နှင့် ထိုင်းနိုင်ငံ အခြေစိုက် Finland Counselor တို့ တောင်ကြီးမြို့ UNODC ရုံး၌ တွေ့ဆုံကြသည်။
၂၀၁၅ မေ ၆ ရက် နေ့က ထိုင်းနိုင်ငံဆိုင်ရာ ဖှင်လဲန်သံရုံးမှ မဟာမဲခေါင်ဒေသ ဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Antti Inkinen (Counselor, Head of Development Cooperation, Mekong Region at Embassy of Finland) ဦးဆောင်သော ၄ ဦးပါ အဖွဲ့ နှင့် RCSS/SSA မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီး စိုင်းဟန်၊ စဝ်တေဝိန် နှင့် စိုင်းဇွမ်ခေး တို့ တွေ့ဆုံကြသည်။
“ဖှင်လဲန်က ပုဂ္ဂိုလ်တွေနဲ့ တွေ့တာ ဒါပထမဆုံးဘဲ။ ခင်မင်ရင်းနှီးမှု ရအောင် နောက်လဲ လက်တွဲ အလုပ်လုပ်နိုင်အောင်လို့ပါ။ သူတို့ သျှမ်းပြည် ကိုရောက်လာတာက UNODC လုပ်နေတဲ့ ဘိန်းအစားထိုး သီးနှံ လုပ်ငန်းတွေ ကို လာရောက်ကြည့်ရှုတာပါ။ ကြုံရင်းနဲ့ UNODC က Mr. Jochen Wiese စီစဉ်ပေးမှုနဲ့ ဖှင်လဲန်က လူကြီးတွေနဲ့ တွေ့ဆုံဖြစ်သွားတာပါ” - ဒုတိယ ဗိုလ်မှူးကြီး စိုင်းဟန် က ပြောသည်။
UNODC ၏ သျှမ်းပြည်တောင်ပိုင်း လွယ်လင်မြို့နယ် မိုင်းပွန်အုပ်စု ပန်လျဲမ်းဒေသ ၊ ပင်လုံမြို့အနောက်ဘက် ဆနိန်းဒေသ ဘိန်းအစား ထိုး ကော်ဖီ စိုက်ခင်းများအား Finland Counselor , Antti Inkinen နှင့် အဖွဲ့က လာရောက်လေ့လာခြင်းဖြစ်သည်။
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ကလည်း သျှမ်းပြည်နယ် အတွင်းမူးယစ်ဆေးဝါးများ တိုက် ဖျက်ရေး၊ ဘိန်းအစားထိုးသီးနှံများ စိုက်ပျိုးရေး အတွက် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကော်မတီ တရပ်ဖွဲ့စည်းထားရာမှာ ဒုတိယ ဗိုလ်မှူးကြီး စိုင်းဟန်က ခေါင်းဆောင်သည်။
၂၀၁၂ ဂျွန်လက ထိုင်းနိုင်ငံ အစိုးရမှ RCSS/SSA အား မူးယစ်ဆေးဝါး တိုက်ဖျက်ရာတွင် လက်တွဲဆောင်ရွက်မှု အကောင်းဆုံး အဖြစ် မူးယစ်ဆေး ဝါးတိုက်ဖျက်ရေးဆိုင်ရာ ‘ရွှေလင်းယုန်’ ဆု ပေးအပ်ချီးမြင့်သည်။ RCSS အနေဖြင့်လည်းစာမျက်နှာ ၈၂ မျက်နှာရှိ “မူးယစ်ဆေးဝါး တိုက် ဖျက်ရေး လှုပ်ရှားမှု ခရီးစဉ်’’ သျှမ်း၊ မြန်မာ၊ အင်္ဂလိပ် ၃ ဘာသာဖြင့် ရေးသားထား ထုတ်ဝေခဲ့ဖူး သည်။
Tags: Drug, News


