ပြစ်မှု ကျူးလွန်သူ ယောကျာ်းအား မဖမ်း နိုင်၍ ဇနီး ဖြစ်သူအား ဖမ်းဆီး ထောင် ၁၆ နှစ်ချ



သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ် အတွင်း ပြစ်မှုကျူးလွန်သည့် ယောက်ျားဖြစ်သူအား အာဏာပိုင်များက မဖမ်းနိုင်သဖြင့် ဇနီးဖြစ်သူအား ဖမ်းဆီးထိန်းချုပ်ကာ လွယ်လင် တရား ရုံးမှ ပြစ်မှုနှစ်ခုဖြင့် ထောင်ဒဏ် ၁၆ နှစ် ချမှတ်လိုက်သည်ဟု မိုင်းရှူးမြို့ ခံ များက ပြောသည်။



မူးယစ်ဆေးဝါးမှု၊ စရဖအား ဓါးဖြင့်ခုတ်ဖြတ်မှုကြောင့် ရှောင်တိမ်းလွတ်မြောက်နေသည့် မိုင်းရှူးမြို့သား (ဦး)လုံးကောယန်းအား ဖမ်းဆီးထိန်းသိမ်းနိုင်ခြင်းမရှိသောကြောင့် ဇနီးဖြစ် သူ(ဒေါ်) နန်းဆိုင်ခမ်း အသက် ၅၇ နှစ်အား တပ်မတော် နှင့် ရဲတပ်ဖွဲ့တို့မှ ဖမ်းဆီး၍ ရဲတပ် ဖွဲ့မှ တရားလိုအဖြစ် မူးယစ်ဆေးဝါးမှု၊ တရားမဝင်လက်နက်ကိုင်ဆောင်မှုတို့ဖြင့်လွယ်လင် တရားရုံးက ပြီးခဲ့သည့် မေလ က ထောင်ဒဏ် ၁၆ နှစ် ချမှတ်လိုက်သည်ဟု သိရသည်။

“မူးယစ်ဆေးဝါးမှု နဲ့ ထောင်ဒဏ် သုံးနှစ်၊ အိမ်အတွင်း လိုင်စင် (ကိုင်ဆောင်ခွင့်) မရှိတဲ့ တူမီးသေနတ် နှစ်လက် အတွက်က ၁၃ နှစ် အားလုံး ၁၆ နှစ် ထောင်ဒဏ် ပြစ်ဒဏ်ချ လိုက် တာဖြစ်တယ်” - ဟု အမည် မဖေါ်လိုသည့် လွယ်လင်တရားရုံး အသိုင်းအဝိုင်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၄ ဩဂတ်စ် ၃  ရက်နေ့က မိုင်းရှူးမြို့နယ် ပန်စွဲကျေးရွာနေ လုံးကောယန်း ဆိုသူ၏ နေအိမ်တွင် ယာဘ ဆေးပြား လာရောက်သုံးစွဲကြသည့် စရဖ စစ်ဗိုလ်နှင့် အိမ်ရှင် တို့အခင်းများကြကာ စစ်ဗိုလ်အား ဓါးဖြင့်ခုတ်ဖြတ် ထွက်ပြေးသွားကြောင်း၊ ၎င်းအား ဖမ်း ဆီးနိုင်ခြင်းမရှိသောကြောင့် ဇနီးသည်အား ဖမ်းဆီးသွားကာ ယခုကဲ့သို့တရားစွဲ ပြစ်ဒဏ်ချ မှတ်ခြင်း ဖြစ်ကြောင်း ကြားသိရသည်။

“အခုက အိုးမနိုင် ရခိုင်မည်း ဆိုသလိုဖြစ်နေပြီ။ တကယ်တော့နန်းဆိုင်ခမ်းက ဘာမှ မဆိုင် ဘူး။ လုံးကောယန်း  ထွက်ပြေး တယ်။ နန်းဆိုင်ခမ်းကို ဖမ်းသွားတယ်ဆိုတော့- အားကိုးရာ မဲ့ သူတို့ရဲ့ သမီးကြီးက အသက်ငယ်ငယ်နဲ့ အိမ်ထောင်ပြုသွားရရှာတယ်။ သားငယ် နဲ့ သမီး ငယ်က ကျောင်းထွက်လိုက်ရ တယ်၊ ဘယ်အဖွဲ့ကမှလဲ နန်းဆိုင်ခမ်းကို ကူညီပေးတာ မရှိ ဘူး” - ဟု မိုင်းရှူးမြို့ ရပ်ကွက်လေးနေသူ နန်းကွန် က ပြောသည်။

ယမန်နှစ် ၂၀၁၄ ဩဂတ်စ် ၃ ရက်နေ့ ဖြစ်စဉ်အား အောက်ပါလင့်ခ် ဖြင့် ဝင်ရောက်လေ့လာ ဖတ်ရှုနိုင်ပါသည်။ http://www.burmese.panglong.org/news/92-2008-08-03-06-48-25/4841-2014-08-05-13-25-01.html




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates