ဒေသတွင်း လူထု အသံ မြင့်တင်ရန် တောင်ကြီး၌ ပြည်သူ့ ဖိုရမ် ကျင်းပ
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့၌ သျှမ်းပြည်နယ်(တောင်ပိုင်း)ပြည်သူ့ဖိုရမ်တရပ်ကို ၃ ရက်ကြာ ကျင်းပခဲ့ သည်။
ပြည်သူ့ဖိုရမ်ကို ဂျာမဏီနိုင်ငံမှ Hanns Seidel Foundation နှင့် မြန်မာပြည်သူ့ဖိုရမ်တို့ ဦးစီးပြီး တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ဂျွန်လ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပခဲ့သည်။ ပြည်သူ့ဖိုရမ်ကို သျှမ်းပြည်တောင်ပိုင်းရှိ အစိုးရ ဌာန ဆိုင်ရာ အဖွဲ့အစည်း၊ အရပ်ဖက် အဖွဲ့အစည်း စုစုပေါင်း အဖွဲ့အစည်း ၁၅၀ ကျော်မှ အင်အား ၂၈၀ ကျော် တက်ရောက်ခဲ့သည်။
ပြည်သူ့ဖိုရမ်တွင် အဓိက ခေါင်းစဉ်ကြီး ၄ ခုဖြစ်သော ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး၊ တရားမျှတမှုနှင့်လူ့အခွင့်အရေး၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဆိုသည့် ကဏ်ဏ္ဍ လေးရပ်ခွဲခြားကာ အလုပ်ရုံ ဆွေးနွေးပွဲပေါင်း ၁၄ ခု ကျင်းပခဲ့သည် ဟု ဆို၏။
“ခေါင်းစဉ်ကြီး ၄ ခုအတွက် တက်ရောက်လာသူတွေရဲ့ အကြုံပြုချက်တွေကို ရယူတယ်။ တောင်းဆိုမဲ့အချက် တွေက သက်ဆိုင်ရာအစိုးရက သေချာပေါက် လုပ်ပေးနိုင်မဲ့ အကြံပြုချက်တွေ ဖြစ်သင့်တယ်။ တချို့တောင်းဆို ချက် တွေက အစိုးရလုပ်ရတာမဟုတ်ဘဲ ကိုယ်လုပ်ရတဲ့အလုပ်တွေဘဲ ပြန်ဖြစ်သွားတတ်တယ်။ ကျနော်တို့ အခွင့်သာခိုက်မှာ ဒီလိုတောင်းဆိုချက်တွေကို အောင်မြင်စွာမထုတ်နိုင်ရင် ကျနော်တို့ ဒီအခွင့်အရေး ဆုံးရှုံး သွား မှာစိုးလို့ တော်တော်လေး တိုက်တွန်း ရပါတယ်” ဟု သျှမ်းပြည် တောင်ပိုင်း ပြည်သူ့ဖိုရမ် ဖြစ်မြောက်ရေး အလုပ် အမှုဆောင် ဦးနေမျိုး က ပြောပါသည်။
ပြည်သူ့ဖိုရမ် ကျင်းပရခြင်း ရည်ရွယ်ချက်မှာ ဒေသတွင်းပြည်သူလူထုနှင့် ဒေသတွင်း အရပ်ဘက်လူမှုအဖွဲ့ အစည်းများ၏ အသံကို မြင့်တင်ရန်၊ ဆုံးဖြတ်ချက် ချမှတ်ရေး လုပ်ငန်းစဉ် များတွင် ပြည်သူလူထု ပါဝင်ဆောင် ရွက်မှုကို အားပေးမြင့်တင်ရန်၊ ပြည်ထောင်စုအစိုးရနှင့် တိုင်ဒေသကြီး/ပြည်နယ်အစိုးရတို့ထံမှ ပြည်သူလူထုကို ဗဟိုပြုသော မူဝါဒများကို အထောက် အကူပြုရန်၊ ဒေသတွင်းအုပ်ချုပ်ရေးရုံးမများနှင့် ပြည်သူလူထုအကြား ထိ ရောက်အကျိုးပြုသော တွေ့ဆုံဆွေးနွေးမှုများဖြင့် ပေါင်းကူးဆက်သွယ်ပေးရန်- တို့ဖြစ်သည်။
Tags: General, News