တိုင်းရင်းသား မဟာမိတ် ပါတီများနှင့် မဟာမိတ် ဖွဲ့နိုင်ရေး ကြိုးစား မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော
၂၀၁၅ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ရန် ရှိနေသည့် ဒေါ်အောင် ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ယခင် CRPP အဖွဲ့ဝင် တိုင်းရင်းသား မဟာမိတ်ခေါင်း ဆောင်များ ယှဉ်ပြိုင်သည့် နယ်မြေများတွင် ၀င်ရောက်ယှဉ်ပြိုင်မည် မဟုတ်ပဲ အဆိုပါအဖွဲ့ဝင် ပါတီများနှင့် မဟာမိတ် ဖွဲ့နိုင်ရေးအတွက် ဆက်လက် ဆွေးနွေးသွား မည် ဖြစ်ကြောင်း ဒေါ်အောင် ဆန်းစုကြည်က ပြောသည်။
နေပြည်တော်တွင် ဂျူလိုင်လ ၁၁ ရက်နေ့ ညနေပိုင်းက ကျင်းပသည့် ရွေးေ ကာက်ပွဲနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ယင်းကဲ့ သို့ ပြော ကြား ခဲ့ခြင်း ဖြစ်သည်။
`ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကော ၊ ခုလို တိုင်းရင်းသား ပါတီတွေနဲ့ မဟာမိတ်ဖွဲ့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကိုကော ကြိုဆိုပါတယ်။ ကျနော်တို့က မိတ်ဆွေဟောင်းတွေပဲ ညှိနှိုင်းသွားရမှာပေါ့။ မိုးထဲရေထဲမှာလည်း အတူလက်တွဲဖြတ်ခဲ့ရတာပဲ ‘ ဟု CRPP အဖွဲ့ဝင်၊ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဥက္ကဌ ခွန်ထွန်းဦး က ပြောသည်။
CRPP အဖွဲ့ဝင် တိုင်းရင်းသားပါတီအများစုမှာ ယခုအခါ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA အမည်ဖြင့် တိုင်းရင်းသား မဟာမိတ်အဖွဲ့ကို တည်ထောင်ထားပြီး အဖွဲ့ဝင်ပါတီပေါင်း ၁၀ ပါတီခန့် ရှိနေသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP ကို ၁၉၉၀ ရွေးကောက် ပွဲတွင် အနိုင်ရရှိခဲ့သည့် နိုင်ငံရေးပါတီများ ၊ တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များဖြင့် ၁၉၉၈ ခုနစ်တွင် ဖွဲ့စည်းခဲ့သည်။ နဝတ စစ်အစိုးရမှ ခေါ်ယူပေးခဲ့ခြင်း မရှိသည့် လွှတ်တော်ခေါ်ယူရေး အတွက် တောင်းဆိုရန် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
ယင်းအဖွဲ့တွင် အန်အယ်လ်ဒီပါတီအပြင် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ၊ မွန်ဒီမိုကရေစီပါတီ ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ၊ ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ် စသည့် ၉၀ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသား ပါတီများမှ ခေါင်းဆောင်များဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
NLD အနေဖြင့် တိုင်းရင်းသား မဟာမိတ်ဟောင်းများ ၊ ၈၈ မျိုးဆက်များနှင့် မဟာမိတ် ဖွဲ့နိုင်ခြေရှိ နေသော် လည်း အာဏာရ USDP ပြည်ခိုင်ဖြိုးပါတီနှင့်မူ ညှိနှိုင်းထားရခြင်း မရှိသေးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။
အန်အယ်လ်ဒီအနေဖြင့် အစိုးရဖွဲ့နိုင်သည့် အနေထားအထိ အနိုင်ရခဲ့ပါက သမ္မတ အဖြစ် တင်သွင်းမည့်သူမှာ အများလက်ခံနိုင်သည့်သူ ဖြစ်နိုင် ရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က နေပြည်တော် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
Tags: News, politic