သျှမ်း/မြောက်ရှိ သာရိပုတ္တ ကောလိပ်မှ ဒီပလိုမာ လက်မှတ် ပထမအကြိမ် ဂုဏ်ပြု ပေးအပ်
Sariputta College သာရိပုတ္တ ကောလိပ်မှ ဒီပလိုမာ လက်မှတ်ရရှိသူ သံဃာတော်များအား ပထမအကြိမ် ဂုဏ်ပြု လက်မှတ်ပေးအပ်ခြင်းအခမ်းအနား ကို သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့တွင်ကျင်းပခဲ့သည်။
ဂျူလိုင်လ ၁၂ ရက်က ရွှေသမင် (နန္ဒဝန်ကျောင်း) တိုက်တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။
လွယ်လင်မြို့ ဓါတ်တော်ကျောင်းတိုက်မှ သျှမ်းပြည်သံဃာ့နာယကအဖွဲ့ ဥက္ကဌ ဆရာတော်ဦးပညာနန္ဒ အပါအဝင် တောင်တန်းသာသနာပြုဆရာတော် စဝ်ဆုခမ်း တို့လည်းတက်ရောက်ချီးမြင့်ခဲ့သည်။
ပထမဆုံးအကြိမ် ဒီပလိုမာဘွဲ့လက်မှတ်ရရှိသူများမှာ - တန့်ယန်းမြို့နယ် ရပ်ကွက် ၂ လုံးထွန်းအောင် ပါ့ခမ်းဆွေ တို့၏သား အရှင် နာရတ္ထ (သက်တော် ၂၁ နှစ်)၊ နမ့်ခမ်းမြို့နယ် မန့်ကွန်းလုံရပ်ကွက်ရှိ စိုင်းအိုင်ဆိ နန်းရွှေစိန်တို့၏သား အရှင် သုမန (အသက် ၁၇ နှစ်) ၊ နမ့်ခမ်းမြို့ မန့်ကောင်းဝိန်း ရပ်ကွက်ရှိ ခင်းစိုင်းစို နန်းကြည်အေး တို့၏သား အရှင် သုဝရ (အသက် ၁၉ နှစ်) နှင့် မူစယ်မြို့နယ် မန့်ကောင်းနားရပ်ကွက်ရှိ စိုင်းအိုက်ရွှေ ပါ့ရွှေကြာတို့၏သား အရှင် သောဘိသ (သက်တော် ၂၃ နှစ် ) တို့ဖြစ်ကြသည်။
သာရိပုတ္တ ကောလိပ်မှ ဒီပလိုမာ သင်တန်းကို ၂၀၁၃ ခု မေလ ၂၅ ရက်နေ့က နန္ဒဝန်ကျောင်းတိုက်မှ ဆရာတော် ဦးဝိသုတ က ဦးဆောင်ဖွင့်လှစ်ပေးခဲ့သည်။ သံဃာတော် ၁၈ ပါးနှင့် အရပ်သား ၂ ဦး တက်ရောက်ဆည်းပူးခဲ့သည်။
ရည်ရွယ်ချက်မှာ ပညာရေးမြင့်တင်ပေးရန်၊ ဗုဒ္ဓသာသနာတော် ပျံ့ပွါးစေရန်နှင့် ထေရဝါဒ ဗုဒ္ဓသာသနာမြင့်တင်ရန် ဖြစ်သည်ဟု သိရပါသည်။
Tags: General, News