နမ့်ခမ်းမြို့ ဒေသခံ ပြည်သူ လူထု များအား RCSS/SSA တပ်ဖွဲ့ တွေ့ဆုံ



သျှမ်းမြောက် နမ့်ခမ်းမြို့ ရှိ ဒေသခံ ပြည်သူ လူထု များနှင့် RCSS/SSA (သျှမ်းပြည် တပ်မတော်နှင့် သျှမ်း ပြည် ပြန်လည် ထူထောင်ရေး ကောင်စီ) တပ်ဖွဲ့တို့တွေ့ဆုံပွဲကို ကောင်းနောင် မိုရပ်ကွက် တိုင်းဧည့်ကြို မင်္ဂလာခန်းမ တွင် ကျင်းပခဲ့ကြောင်း သတင်း ရရှိသည်။

 နမ့်ခမ်းမြို့ ဒေသခံ ပြည်သူ လူထု များအား RCSS/SSA တပ်ဖွဲ့တွေ့ဆုံ နေစဉ်

 နမ့်ခမ်းမြို့ ဒေသခံ ပြည်သူ လူထု များအား RCSS/SSA တပ်ဖွဲ့တွေ့ဆုံ နေစဉ်


အခမ်းအနားကို ဂျူလိုင်လ ၁၀ ရက် မနက် ၉းဝဝ နာရီစတင် ကျင်းပခဲ့ကြောင်း၊ သျှမ်းနိုင်ငံရေး ပါတီ ဝင် များ ၊သျှမ်း စာပေ အဖွဲ့ဝင်များ ၊သျှမ်းလူငယ်အဖွဲ့(TYO) အဖွဲ့ဝင်များ ၊လူမှုရေးအသင်းအဖွဲ့ဝင်များ၊ တောင်သူလယ် သမားအဖွဲ့များနှင့် ဒေသခံ ပြည် သူလူထု စုစုပေါင်း အယောက် (၄၀၀ )နီးပါးခန့်တက် ရောက်ကြကြောင်း တွေ့ဆုံ ပွဲအခမ်းအနား တက် ရောက်သူ နမ့်ခမ်းဒေသခံ စိုင်းလှစံ က ဆိုသည်။

“အဖွင့်မိန့်ခွန်းနဲ့ အပိတ်အမှာ စကားကို သျှမ်းစာ/ယဉ် ဥက္ကဌ စိုင်းမြင့်သန်းမှပြောကြားပေးပြီး၊ RCSS/ SSA တပ်ဖွဲ့မှတောင်ကြီး မြို့ ဆက်ဆံရေးရုံးမှ  စဝ်စိုင်းကောင်း က ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် အကြောင်းများနဲ့ နန်းစံဖောင်း မှ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအကြောင်းများကိုတင်ပြဆွေးနွေးခဲ့ကြတယ် ”ဟု ၄င်းကသျှမ်းသံတော် ဆင့်အားပြောသည်။

သက်ဆိုင်ရာ RCSS/SSA တပ်ဖွဲ့မှ တာဝန်ရှိသူများတင်ပြဆွေးနွေးမှုအပြီး နမ့်ခမ်းဒေသခံများကလည်း မိမိသိ လိုရာ စစ်ရေး၊ နိုင်ငံရေး ၊မူးယစ်ဆေးဝါးအကြောင်းများကို မေးမြန်းဆွေးနွေးတင်ပြခဲ့ကြကြောင်း အခမ်းအနားကို နေ့လည် ၁၂းဝဝနာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြသည်ဟု အခမ်းအနားဖြစ်မြောက်ရေး တွင် ပါဝင် ကူညီပေးခဲ့သော ဒေသခံလူငယ် စိုင်းယီ ကဆိုသည်။

RCSS/SSA တပ်ဖွဲ့နှင့် ပြည်သူလူထုများတွေ့ဆုံပွဲအခမ်းအနားကို သျှမ်းပြည်နယ်အတွင်းရှိ အမြို့မြို့ အနယ်နယ် များတွင် ကျင်းပခဲ့လာပြီး နမ့်ခမ်းမြို့ အပြီး ဂျူလိုင်လ ၁၁ ရက်နေ့က  လားရှိုးမြို့ ရှိ ပြည်သူလူထု များနှင့်တွေ့ ဆုံခဲ့ကြောင်း RCSS/SSA တပ်ဖွဲ့ ဆက်ဆံရေးရုံးတာဝန်ရှိ သူများထံမှ သိရှိရသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates