စဝ်ဇန့်ယောင်ဟွေ ကွယ်လွန်ခြင်း ၁၁ နှစ် ပြည့်
ဂျူလိုင်လ၂၄ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ပထမဆုံးသောသမ္မတ ညောင်ရွှေစော်ဘွားကြီးစဝ်ရွှေသိုက် (စဝ်ဖှလုံ ယောင်ဟွေ) ရဲ့ ဒုတိယ သားကြီးဖြစ်တဲ့ သျှမ်းပြည်တိုးတက်ရေးပါတီ SSPP ကို ဦးဆောင်ဖွဲ့စည်း ထူထောင်သူ စဝ်ဇန့်ယောင်ဟွေ ကွယ်လွန်ခြင်း ၁၁ နှစ်ပြည့်တဲ့နေ့ဖြစ်ပါတယ်။
စော်ဘွားကြီးရဲ့သားဟာ သျှမ်းပြည်သူလူထုအတွက် ဘယ်လိုသော အကျိုးပြု လုပ်ငန်းတွေမှာပါဝင်ခဲ့ပါသလဲ။ သျှမ်းပြည်တော်လှန်ရေးသမိုင်းမှာ ဘယ်လောက်ထိ အရေးအပါတဲ့ ပုဂ္ဂိုလ်ဖြစ်ပါသလဲ။ ဂုဏ်ပြုတဲ့အနေနဲ့ စဝ်ဇန့်ရဲ့ ကိုယ်ရေးသမိုင်းအကျဉ်းကို ဖော်ပြခဲ့ပါတယ်။
စဝ်ဇန့်ယောင်ဟွေ
အမည် စဝ်ဇန့် ယောင်ဟွေ
အခြားအမည် စဝ်ဆေလိန်ဖ၊ စဝ်ဆေဝိုင်၊ ခွန်လွန့်ဖှ၊ Eugene Thaike
မွေးနေ့ ၂၆ / ၄ / ၁၉၃၉
မွေးရပ် ပြည်ထောင်စုသျှမ်းပြည်
(Federal Shan States) ယောင်ဟွေ ဟော်နန်းတွင်
မွေးဖွား
ခမည်းတော် ညောင်ရွှေ(ယောင်ဟွေ) စော်ဘွားကြီးစဝ်ရွှေသိုက်
ပြည်ထောင်စု၏ ပထမဦးဆုံး သမ္မတကြီး (၁၉၄၈-၁၉၅၂)
မယ်တော် သိန္နီ(ဆဲန့်ဝီ) စော်ဘွားကြီး ခွန်ဆန်တွန့်ဟုန်း၏ သမီးေ တာ်ေ ယာင်ဟွေ့မဟာဒေဝီစဝ်နန်းဟိန်းခမ်း ( သျှမ်းပြည်စစ်ကောင်စီ SSWC ဥက္ကဌ ဟောင်း)
ညီအစ်ကိုမောင်နှမ စဝ်ဆေခန်ဖ (စဝ်ဆေ)
စဝ်ဆေလိန်ဖ (စဝ်ဇန့်)
စဝ်ယိင်းဆီတာ (စဝ်ယိင်း)
စဝ်ဆေဟုန်ဖ (စဝ်မီ) - မတ်လ ၂ ရက် ၁၉၆၂ ဗိုလ်နေဝင်းစစ်အုပ်စု အာဏာသိမ်းစဉ် ရန်ကုန် စံနန်းတွင် ပစ်သတ်ခံရ ။
စဝ်ဆေဟန်ဖ (စဝ်ဟန်)
စဝ်ယိင်းရတနာဆိုင်လင်း (စဝ်လင်း)
အိမ်ထောင် နန်းနုနုမြင့် (ကျိုင်းတုံ)
သားသမီး စဝ်အုန်းဖယောင်ဟွေ့၊ စဝ်အွမ်ဂျနားယောင်ဟွေ့
ပညာအရည်အချင်း
၁၉၅၇ ရန်ကုန် မက်သဒစ်ကျောင်းတွင် ၁၀ တန်းအောင် ။
၁၉၆၁ ရန်ကုန်တက္ကသိုလ်တွင် သမိုင်းအဓိကဖြင့် ဘီအေ (B.A) အောင်၊ အင်္ဂလိပ်စာဌာနတွင် ကထိကဆရာအဖြစ် ၀င်လုပ်။
၁၉၆၃ သျှမ်းပြည်လွတ်လပ်ရေးတပ်မတော် (SSIA) တွင်တော်လှန် ရေးဝင်လုပ် (နောက်ပိုင်း SSA အဖြစ်ဖွဲ့စည်း)။ ဗိုလ်နေဝင်း၏ တော်လှန်ရေးကောင်စီမှ ဖိတ်ကြားသော ပြည်တွင်းငြိမ်းချမ်း
ရေးဆွေးနွေးပွဲသို့ အဖွဲ့ခေါင်းဆောင်အဖြစ်သွားဆွေးနွေး။
၁၉၆၄ SSA ၏ တပ်မဟာ ၁ တပ်မဟာ ဦးစီးမှူး
၁၉၆၆ SSA ဗဟိုဦးစီးအဖွဲ့ဝင်နှင့် ဒုစစ်ဦးစီးချုပ်
၁၉၆၈ SSA အမှတ် ၁ စစ်တိုင်းမှူး
၁၉၇၁ သျှမ်းပြည်တိုးတက်ရေးပါတီ SSPP ကို ဦးဆောင်ဖွဲ့စည်း ထူထောင်ပြီးနောက် အထွေထွေ အတွင်းရေးမှူး အဖြစ် တာဝန်ယူ ။
၁၉၇၆ နှလုံးရောဂါကြောင့်ချင်းမိုင်တွင်အနားယူ၊ နှလုံးခွဲစိတ်ကုသ မှုခံယူ ။
၁၉၈၄ The Shan of Burma စာအုပ်ရေးသားထုတ်ဝေ (စင်္ကာပူအမျိုးသားတက္ကသိုလ်တွင် ပုံနှိပ်) ။
၁၉၈၅ ကနေဒါနိုင်ငံသို့ တမိသားစုလုံး ပြောင်းရွှေ့နေထိုင် ။
၁၉၉၀ နိုင်ငံရေးသိပ္ပံ မဟာဝိဇ္ဇာ အမ်အေ (M.A) ဘွဲ့ရ ။
၁၉၉၆ သျှမ်းအမျိုးသား ဒီမိုကရက်တစ်အစည်းအရုံး SDU
အတိုင် ပင်ခံ ပုဂ္ဂိုလ်အဖြစ်လက်ခံ ။
၁၉၉၇ နိုင်ငံရေးသိပ္ပံ ဘာသာဖြင့် Ph.D ပါရဂူဘွဲ့ရ ။
၁၉၉၈ တိုင်းရင်းသားလူမျိုးများဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်
နယ်မြေ) UNLD-LA ကို ပါဝင်ဦးဆောင်ဖွဲ့စည်း ။
၁၉၉၉ အမျိုးသားပြန်လည်သင့်မြတ်ရေးအစီအစဉ်NRP နှင့်
ပြည်ထောင်စု ညွန့်ပေါင်းအစိုးရ NCGUB ၏အကြံပေး ပုဂ္ဂိုလ် ။
၂၀၀၁ နောက်ပိုင်း တိုင်းရင်းသားလူမျိုးများကောင်စီ ENC
ဖြစ်လာမည့် တိုင်းရင်းသားလူမျိုးများညီ ညွတ်ရေးနှင့်
ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (ENSCC ) ၏
အကြံပေးပုဂ္ဂိုလ် ။
၂၀၀၄ ENSCC ၏ ဥက္ကဌ ၊ မေလအတွင်း ဆေးစစ်ကြည့်ရာ
ဦးနှောက်အသားပို အကျိတ်ရောဂါတွေ့ရှိ၊
ဇူလိုင် ၂၄ ရက်နေ့တွင်ကွယ်လွန် အနိစ္စရောက် ။
စဝ်ဇန့်ယောင်ဟွေ၏ အဆိုအမိန့်အချို့-
ပြည်ထောင်စုဆိုတဲ့အဓိပ္ပာယ်က ဘာလဲ။ ပြည်ထောင်တွေလာ စုတာ။ အဓိပ္ပာယ်ကတော့ Federalism ပဲ။ ပြည်မဆိုတာ မရှိဘူး။ အင်္ဂလန် England ကိုတော့ Unitary Decentralized System လို့ခေါ်တယ်။ တပြည် ထောင်စနစ်ပဲ။ ဒါပေမယ့် ဗဟိုမှ အာဏာခွဲဝေမှုရှိတယ် ။
ကျနော်တို့ဆီမှာဖြစ်တာက Unitary ဖြစ်တယ်။ Decentralize မဖြစ်ဘူး။ ခြားနားတဲ့ Unitary နိုင်ငံစနစ်ဖြစ်နေတယ်။ ဘာဖြစ်လဲ ဆိုတော့ ပါလီမန်မှာ အမတ်အများစုက ဗမာပဲ။ Burma State တင်မကဘဲ ဘယ်လိုသဏ်ဏ္ဍာန်ဆောင်သွားလဲဆိုရင် ပြည်မကြီးဖြစ်သွားတယ် ။
အဲဒီတုန်းက ဗမာထဲမှာ Legal Constitutional Lawyer ပဲရှိတယ်။ Constitution Expert မရှိ ဘူး။ ဦးချန်ထွန်းဆိုတာ Lawyer ပဲ။ အဲလိုဖြစ်နေတော့ Constitution ဆိုတာ အင်္ဂလိပ်လက်အောက်ဖြစ်နေတော့ အင်္ဂလိပ် model ဘဲရှိ တယ်။ အဲဒါကို adapt လုပ်ပြီးတော့ Constitution ပြန်ဆွဲတာပဲလို့ ယူဆရတယ်။
ရှင်းနေတာက ဗိုလ်နေဝင်းဟာ အာဏာရချင်လို့ အာဏာသိမ်းတာ ပဲဖြစ်တယ်။ အဲလိုဖြစ်တော့ သူတို့အခွင့်ကောင်းယူပြီး Federal ကို ခွဲထွက်ရေးလို့ပြောတယ်။ တကယ်ဆိုရင် Federal နဲ့ခွဲထွက်ရေးကဘာမှ မဆိုင်ဘူး။
ပြည်ထောင်စုဆိုတာ အိမ်ကြီးပုံစံမဟုတ်ဘူး။ အိမ်ကြီးတခုထဲမှာ အိမ်ပိုင်ရှင်ရှိ ပြီးတော့ ကျနော်တို့သျှမ်းတွေ၊ ကချင်တွေက အခန်းခွဲဝေ ပေးပြီးနေရတဲ့လူတွေမဟုတ်ဘူး။ ပြည်ထောင်စု ဆိုတာ ရွာပုံစံပါ။ ရွာထဲမှာ အိမ်ကြီးရှိမယ်။ အိမ်ငယ်ရှိမယ်။ တချို့အိမ်က မိသားစုဝင် ၄-၅ ယောက်ရှိမယ်။ တချို့မိသားစုက ကြီးမယ်။ လူ ၁၀-၂၀ ယောက်ရှိ ချင်ရှိမယ်။ အိမ်ကြီးကြီးရှိမယ်။ အိမ်သေးသေး ရှိ မယ်။ ဆင်းရဲတဲ့အိမ်ရှိမယ်။ ချမ်းသာတဲ့အိမ်ရှိမယ်။ ဒီရွာထဲက အိမ်တွေဟာ ကိုယ့်ဝင်းကိုယ့်ခြံ ထဲမှာ လွတ်လွတ်လပ်လပ်ပဲ။ ခင်ဗျားတို့မိသားစု က ဆန်ပဲစိုက်ရ မယ်။ မြေပဲမစိုက် ရဘူးလို့ဘယ်သူမှ အမိန့်မချဘူး။ အခုငါတို့ ဒီရွာမှာ နွားမွေးရမယ်။ မင်းတို့ကြက်မမွေးရဘူးလို့ဘယ်သူမှ မပြောဘူး။ နွား မွေးချင်တဲ့လူမွေး၊ ကြက်မွေးချင်တဲ့လူမွေး၊ ကုန်သည်ဖြစ်ချင်တဲ့လူဖြစ်၊ ဒီလို ရွာပုံစံက Federal ပဲ။
သံအမတ်တွေ Washington DC မှာ seminar အတူတက်တုန်း
ကျနော်က Federal အကြောင်း paper တင်တာကိုး။ Publicly Officially မဟုတ်တဲ့ နားတဲ့အချိန်၊ အပြင်မှာ နှုတ်ဆက်စကားပြောတော့ ဗမာ senior ambassador တွေပြောတာက ဟုတ်တယ်တဲ့ ကျနော်တို့လည်းသဘောတူ ပါတယ်။ ခင်ဗျားဖတ်တဲ့ စာတမ်း paper ကို ကျနော်တို့ကန့်ကွက်ဖို့ လုံးဝမရှိပါဘူး။ ဒါကို ကျနော်တို့နားလည်ပါတယ်။ ဒီလိုပဲဖြစ်ရမယ်တဲ့။ ဒါပေမယ့် အခုချိန်မှာ တော့ ဖက်ဒရယ်ဆိုတဲ့စကားလုံးကို မသုံးနိုင်ဘူးလို့ပြောတယ်။
မှတ်ချက် - သျှမ်းသံတော်ဆင့်မှ ထုတ်ဝေသော (ကွန်းခို) စာစောင်မှထုတ်နုတ် ဖေါ်ပြသည်။
Tags: General, News



