တောင်ကြီး သျှမ်းစာပေ ယဉ်ကျေးမှု ခန်းမ ဖက်ဒရယ် ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ



သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့ သျှမ်းစာပေ ယဉ်ကျေးမှုရုံး ခန်းမတွင် ဖက်ဒရယ် ဆိုင်ရာ အလုပ်ရုံဆွေး နွေးပွဲအား မြန်မာပြည်သူ့ ဖိုရမ် လုပ်ငန်းအဖွဲ့ (MPFWG) နှင့် Hanns Siedel Foundation (HSF) တို့က ကမကထပြု ကျင်းပသည်။




ဂျူလိုင်၂၉-၃၀ ရက်နေ့အထိ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ နိုင်ငံရေး ဆွေးနွေးပွဲ များကျင်း ပရာတွင်ပါဝင်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ နိုင်ငံရေးပါတီများ၊ အစိုး ရ အဖွဲ့များ ၊ တပ်မတော် နှင့် အရပ်ဖက် လူမှု အဖွဲ့အစည်း များသည် ဖက်ဒရယ်နှင့်ပတ်သက် သောကိစ္စရပ်များအား သိရှိ နားလည် သဘော ပေါက်ရန် ရည်ရွယ်၍ ကျင်းပခဲ့သည်ဟု ဆို သည်။

"ဖက်ဒရယ် ဆိုတဲ့ စကားဟာဟိုအရင်တုန်းက အင်မတန် အန္တရယ်ရှိခဲ့တဲ့ စကား ရပ်လိုဖြစ် ခဲ့ဖူး တယ်။ ဖက်ဒရယ် နဲ့ ပတ်သက်လို့နားလည်မှုလွဲတာ၊ ခွဲထွက်ရေးလို့ မြင်တာတွေ ရှိခဲ့ပါ တယ်။ အဲ့ဒီအမြင် တွေကိုလွန်ခဲ့တဲ့ တနှစ် ကျော်လောက်ကစပြီး ဖယ်ဒရယ်ဆိုတာ ခွဲထွက် ရေးမဟုတ်ပဲ တိုင်းပြည် မှာနေထိုင် တဲ့ တိုင်းရင်းသား လူမျိုးစုတွေ အားလုံး စည်းလုံး ညီညွတ် စွာတစ်ယောက်ရဲ့အခွင့် အရေးကို တစ်ယောက် ကလေးစားပြီး ဘယ်လို နေကြမလဲ ဆိုတဲ့အယူအဆပါ" - ဟု မြန်မာ ပြည်သူ့ ဖိုရမ်လုပ်ငန်း အဖွဲ့၏ အမှုဆောင် ဒါရိုက်တာ ဦးကျော်လင်းဦး ကပြောသည် ။

မြန်မာ့ နိုင်ငံရေး စနစ်၏ ဖွဲ့စည်း တည်ဆောက်ပုံကို လေ့လာ သုံးသပ်ကြသော ပညာရှင် အချို့က မြန်မာနိုင်ငံ ကို " အမည်ခံ ဖက်ဒရယ် " နိုင်ငံ အဖြစ် သုံးသပ် ကြပြီး မြန်မာနိုင်ငံ၏တရားဥပဒေမူဘောင်နှင့် လက်တွေ့ အခြေအနေကြား တွင်မြင်သာ ထင်ရှားသည့် ကွာဟချက်များ ရှိနေကြောင်း ၊ ဖက်ဒရယ်စနစ် ပြုပြင်ပြောင်း လဲရေး လုပ်ငန်း စဉ်ကို စတင်ခြင်းသည် ကွာဟချက်များကို ဖြည့် စွက်ပြီး အောင်မြင်သော ဒီမိုကရေစီ အသွင် ကူးပြောင်းရေး ၊ ငြိမ်းချမ်းေ ရးနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဆီသို့ ဦးတည် စေမည် ဖြစ်ကြောင်း အဆိုပါ အဖွဲ့ကပြောသည်။

အလုပ်ရုံ ဆွေးနွေးပွဲ ဦးဆောင် ကျင်းပသည့် Hanns Seidel Foundation အဖွဲ့၏ စီမံကိန်း များသည် ပြည်သူ့ လွှတ်တော် နှင့် ပြည်ထောင်စု လွှတ်တော် အဖွဲ့ဝင်များ ၊ကော်မရှင်အဖွဲ့ဝင်များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းကိုယ်စား လှယ်များ၊ နိုင်ငံရေး ပါတီ များ၏ အဖွဲ့ဝင်များ၊ တိုင်း ရင်းသား အဖွဲ့အစည်း များနှင့် လက် နက် ကိုင်အဖွဲ့ အစည်းများ အပါအဝင် သင့်လျော်သောကို အကျိုး လိုလားသည့် သက်ဆိုင်သူများကို ဦးတည်ခဲ့ပြီး ပြည်ထောင်စု လွှတ်တော်နှင့် ပူးပေါင်း၍ ဖက်ဒရယ်ရေးရာ ကိစ္စရပ်များ လေ့လာရေး အဖွဲ့ကို ၂၀၁၄ ခုနှစ်တွင် ဖွဲ့စည်း ခဲ့ကြောင်း၊ အလွှတ် သဘော လေ့လာရေး အဖွဲ့တွင် လွှတ်တော် ကိုယ်စားလှယ်များ၊ အရပ် ဖက် လူမှု အဖွဲ့အစည်း ကိုယ်စား လှယ်များနှင့် အဆိုပါ ခေါင်းစဉ်ကို ပိုင်နိုင်သော နိုင်ငံတကာ ကျွမ်းကျင်သူ များ နှင့် ပညာရှင် များပါဝင်ကြောင်း သိရှိရသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates