မူးယစ် ဆေးဝါး အန္တရာယ်အား မဲခေါင် မြစ်ဝှမ်း ၄ နိုင်ငံ ပူးပေါင်း တိုက်ဖျက်မည်



ထိုင်း၊ တရုတ်၊ လောဝ် (လာအို) နှင့် မြန်မာ ၄ နိုင်ငံ ပူးပေါင်းကာ မဲခေါင်မြစ် ၀ှမ်း တလျှောက် မူးယစ်ဆေး တိုက်ဖျက်ရေး အတွက် ဆက်လက် ပူးပေါင်းကာ တိုက်ဖျက် သွားမည် ဖြစ်ကြောင်း သိရသည်။



ပြီးခဲ့သည့် ၃ လ အတွင်း ၄ နိုင်ငံ ပူးပေါင်းကာ မူးယစ် တိုက်ဖျက် မှုကြောင့် ယာဘ အပြားပေါင်း သန်း ၅၀ ဖမ်းဆီးရမိ ခဲ့သည်ဟု ထိုင်းနိုင်ငံ ASTV သတင်း စာမျက်နှာတွင် ဖော်ပြထားသည်။

ထို့အတူ ၃ လ အတွင်း နိုင်ငံ အသီးသီးမှ ဖမ်းမိ မူးယစ် ဆေးဝါး စုစုပေါင်း တန်ဖိုး ဘတ်သန်း ၄၀၀ ရှိကြောင်း ထုတ်ဖော် ပြောကြား ခဲ့သည်။

ထို့ကြောင့် အဆိုပါ ဖမ်းဆီး ရမိမှု များအပေါ် အမေရိကန် နိုင်ငံ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့က ၄ နိုင်ငံ ဆက်လက်ပူးပေါင်းကာ မူးယစ် တိုက်ဖျက်ရေး လှုပ်ရှားမည် ဆိုပါက ဒေသတွင်းမူး ယစ်ဆေး ဝါးကို ထိရောက်စွာ တိုက်ဖျက် နိုင်မည် မလွဲ ဖြစ်ကြောင်းလည်း ပြောဆို လိုက်ပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates