ဖက်ဒရယ် ပြည်ထောင်စု ပါတီ FUP သျှမ်းပြည် ၄ မြို့နယ် အပါအဝင် နိုင်ငံတဝှမ်း ၃၄ မြို့နယ် ယှဉ်ပြိုင်မည်
တိုင်းရင်းသား ပါတီ ၁၆ ခု စုပေါင်းဖွဲ့စည်း ထားသည့် ဖက်ဒရယ် ပြည်ထောင် စုပါတီ FUP သည် လာမည့် နိုဝင်ဘာ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ၌ ပြည်ထောင်စု တဝှမ်းလုံးတွင် ၃၄ မြို့နယ် ဝင်ရောက် ယှဉ်ပြိုင်မည်ဟု ဒုတိယ ဥက္ကဌ ကပြောသည်။
ဖက်ဒရယ် ပြည်ထောင်စု ပါတီသည် ရန်ကုန်မြို့ တွင် ၁၅ မြို့နယ်၊ မန္တလေး တိုင်းတွင် ၅ မြို့နယ်၊ ဧရာဝတီတိုင်းတွင် ၅ မြို့နယ်၊ မကွေးတွင် ၂ မြို့နယ်၊ ပဲခူး ၁ မြို့နယ် ၊ မွန် ၃ မြို့နယ် နှင့် သျှမ်းပြည်နယ် အတွင်း တောင်ကြီး၊ ကလော၊ ညောင်ရွှေ နှင့် ရပ်စောက်မြို့နယ် တို့တွင် ဝင်ရောက်ယှဉ်ပြိုင် မည်ဟု ပါတီ ဒုတိယ ဥက္ကဌ ဦးစဝ်သာဦးက ဤသို့ပြောသည်။
“ကျနော်တို့ သျှမ်းပါတီက သျှမ်းပြည်မှာဘဲ အခြေပြု လှုပ်ရှားတယ်။ ကချင်၊ မွန်၊ ကရင် ပါတီတွေလဲ ကိုယ့်ဒေသ တွေမှာဘဲ အသီးသီး အခြေပြု လှုပ်ရှား တယ်။ တခြားတိုင်း ဒေသကြီး မှာရောက်နေတဲ့ ပုဂ္ဂိုလ်တွေ ရဲ့အရေး ကို ဆောင်ရွက် ပေးဖို့တော့ တော်တော် လက်လှမ်း ဝေးတယ်။ -- သူတို့ ကိစ္စကို နိုင်ငံရေးအရ ကူညီ ဆောင်ရွက် ပေးနိုင်အောင် -- လို့ပါ” - ဟု ပြော သည်။
၂၀၁၂ က ကျားဖြူပါတီ ဥက္ကဌ စိုင်းအိုက်ပေါင်း ဦးဆောင် လှုပ်ရှားသည့် NBF ခေါ် ညီနောင် တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း ၏ ၁၅ ကြိမ်မြောက် ညီလာခံမှ ဖက်ဒရယ် ပြည်ထောင်စု ပါတီ အား တောင်ကြီးမြို့ ကျားဖြူရုံး၌ ဖွဲ့စည်းခဲ့ပါသည်။
ပြီးခဲ့သည့် ဂျူလိုင် ၈ ရက်နေ့က တောင်ကြီးမြို့နယ် ရုံးခွဲ အားလည်း တောင်ကြီး ကျားဖြူ ဗဟိုရုံးနှင့်အတူ ပူးတွဲ ဖွင့်လှစ်ထားသည်။
လက်ရှိ FUP တွင် ပါတီ ဥက္ကဌ က ဦးစောသန်းမြင့် (သျှမ်း) ၊ ဒုဉက္ကဌ ဦးစဝ်သာဦး (သျှမ်း) အတွင်းရေးမှူး ၁ ဦးကျော်ဇံသာ(ရခိုင်) အတွင်းရေးမှူး ၂ ဒေါ်ကလျာစိုး (ရခိုင်၊ မွန်) တို့က တာဝန်ယူ ထားသည်။
ခေါင်းဆောင်ဟောင်းဖြစ်သူ ဆရာဝန်ဒေါက်တာကမ်ကျင်းဒါး (ချင်း) က မိခင်ပါတီ လိုအပ်ချက်အရ FUP ကနေ နှုတ်ထွက်ထားပါသည်။
Tags: News, politic