မီးအားမြင့်စက် အပူလွန်ရာမှ တောင်ကြီးမြို့ ရွှေတောင်ကြား အိမ်ယာရှိ နေအိမ် တလုံးမီးလောင်
တောင်ကြီးမြို့ ၊ ကံကြီးရပ်ကွက် ရွှေတောင်ကြား အိမ်ယာတွင် သြဂတ်စ်လ ၂၁ ရက် မနက် ၂ နာရီက အိမ်မီးလောင်မှုဖြစ်ပွား ခဲ့ကြောင်း ရပ်ကွက် နေပြည်သူများ ထံမှသိရသည် ။
ရွှေတောင်ကြား အိမ်ယာရှိ နေအိမ် တလုံးအား လှေခါးအောက် မီးအား မြင့် စက်အပူရှိန် လွန်ကဲရာမှ အနီးရှိ ပြတင်းပေါက် ကျွန်းတံခါးမှတစ် ဆင့်အိပ်ခန်းသို့ ကူးစက် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း တာဝန် ရှိသူ များထံမှ သိရသည် ။
မနက် ၃ နာရီက မီးငြိမ်း သတ်နိုင်ခဲ့ပြီး ၊ အဆိုပါ မီးလောင်ကျွမ်း မှု ကြောင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးငွေ ကျပ်လေးဆယ့် ရှစ်သိန်း ခန့်ရှိကြောင်း ထိခိုက်ဒဏ် ရာရသူနှင့် သေဆုံးသူမရှိကြောင်း ၊ မီးလောင် ကျွမ်းမှုအတွက် အိမ်ရှင်ဖြစ်သူ အားတောင်ကြီးမြို့၊ အမှတ်(၁) မြို့မရဲ စခန်းမှ အမှုဖွင့် အရေးယူထားကြောင်း ဆက်လက်သိရှိရသည် ။
Tags: General, News


