ကျောက်မဲမြို့ အစိုးရ ကျောင်းတွင် သျှမ်းဘာသာ စာပေ တရားဝင် စတင် သင်ကြားမည်



သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် အစိုးရ ကျောင်းများတွင် သျှမ်းဘာသာ စာပေကို စက်တင်ဘာလ ၁ ရက်နေ့ မှစပြီး သင်ကြားသွားမည် ဖြစ်ကြောင်း သိရသည် ။


သျှမ်းစာပေ သင်ကြားပေးမည့် ဆရာ ၊ ဆရာမ ၃၃ ယောက် ရှိရာ ကျား ၃ ဦးနှင့် မ ၃၀ ဦးတို့ဖြစ် ကြောင်း ၊ ကျောက်မဲမြို့ရှိ မူလ တန်းကျောင်းမှ အထက်တန်း ကျောင်းအထိ ၃၀ ကျော်တွင် စက်တင်ဘာလ ၁ ရက်နေ့ တွင် တပြိုင်နက် စတင် သင်ကြား ပေးသွားမည်ဟု ဆိုပါသည် ။


အခြေခံပညာ မူလ တန်းကျောင်း အမှတ် ၁ ကနေ အမှတ် ၁၃ အထိ ၊ အမှတ် ၃ အလယ်တန်း ကျောင်း ၊ အမှတ် ၂ - ၃ - ၄ အထက်တန်း ကျောင်း တို့အပြင် မုံးတန် အထက်တန်း ကျောင်း ၊ နမ့်ဟူး တောင်း ၊ မန့်ကောင်းမူး ၊ မန့်ခါ ၊ ခိုတဲန့် ၊ ပူခါး ၊ နားထောန် ၊ နားမွန်း ၊ နမ့်စော့ ၊ စွဲကုန်း ရွာတို့ရှိ မူလ တန်းကျောင်းများ ၊ ကျောင်းယွက် ဘုန်းတော်ကြီး ကျောင်းနှင့် ကမောဇ ကျောင်းတိုက်ရှိ ကျောင်း များတွင် စတင် သင်ကြားသွားမည် ဖြစ်ကြောင်း သိရသည် ။


ကျောင်းချိန် အတွင်းလား ကျောင်းချိန် ပြင်ပလား ဆိုတာတော့ ကျောင်းအုပ် ခွင့်ပြုချက် နဲ့ သင်ကြား ပေးမယ့် မိဘ ဆရာ ဆုံးဖြတ်ချက် ပေါ်မူတည်တယ် ။ ကျောင်း တကျောင်းနဲ့ တကျောင်းတော့ တူမှာမဟုတ်ဘူး ၊ ကျောင်းမှာ ဒေခံ ဘာသာစာပေ စကားသင်ရမယ် ဆိုတော့ မိဘတွေလဲဝမ်း သာတယ် - ဟု သျှမ်းစာပေ ယဉ်ကျေးမှု ကော်မတီ ၀င် မော်ဆွန် စိုင်းဟတ်ခေး ကပြောသည် ။


တဖက်တွင်လည်း ကျောက်မဲမြို့ သျှမ်းစာပေနှင့် ယဉ်ကျေးမှု အသင်းက အဆိုပါ ဆရာများအား သြဂတ်စ်လ ၁ ရက်နေ့က မွမ်းမံ သင်တန်း ပေးခဲ့ပြီး ၂၀ ရက်နေ့က အစိုးရ ကျောင်းများတွင် သျှမ်း စာပေသင်ကြားဖို့ အဆိုပါ  ဆရာများအား တာဝန်ပေးအပ် သည့်အခမ်းအနား ကျင်းပခဲ့ ကြောင်း သိရသည် ။ 





 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates