သျှမ်းပြည် အရှေ့ပိုင်း၌ ကျားခေါင်း ပါတီ ကိုယ်စားလှယ် လောင်း ၂၉ ဦးပြိုင်ပွဲ ဝင်မည်



သျှမ်းပြည် အရှေ့ပိုင်း ၁၀ မြို့နယ် အတွင်း ကျားခေါင်း ပါတီခေါ် သျှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD မှ ကိုယ်စားလှယ် လောင်း ၂၉ ဦး ဝင်ရောက် ယှဉ်ပြိုင်မည်ဟု ကြားသိရသည် ။


၂၀၁၅ နိုဝင်ဘာ ၈ ရက်နေ့ တွင်ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ တွင် သျှမ်း ပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံခရိုင် ၊ မိုင်းဆတ်ခရိုင် နှင့် တာချီလိတ် ခရိုင်များ အတွင်းရှိ မြို့နယ် ၁၀ ခု တွင် အမျိုးသား လွှတ်တော် အမတ် ၂ နေရာ ၊ ပြည်သူ့ လွှတ်တော် အမတ် ၉ နေရာ ၊ ပြည်နယ် လွှတ်တော် ၁၈ နေရာ ဝင်ရောက် ယှဉ်ပြိုင်မည်ဟု ကျားခေါင်း ပါတီ၏ သျှမ်းပြည် အရှေ့ပိုင်း ခေါင်းဆောင် စိုင်းဝင်းမြတ်ဦး က ပြောသည် ။


“မိုင်းလားက မသေချာ တော့ဘူး ။ အခု ဝင်မှာက ၂၉ နေရာ က လေ ။ ဒီတခေါက်က ပွဲပိုလှမယ် ။ ပညာ တတ်တွေ တော်တော် ပါလာတယ် ။ ဒေါက်တာတွေ ၊ ပါမေက္ခတွေ ၊ ရှေ့နေတွေ ပါ ပါတယ် ” - ဟု စိုင်းဝင်းမြတ်ဦးက ပြောသည် ။


မိုင်းယောင်း မြို့နယ် SNLD ပါတီ၏ မြို့နယ်ဥကဌ စိုင်းဆိုင်က - ကျနော်တို့ မိုင်းယောင်းနဲ့ မိုင်းယုမှာ ပါတီ ရုံးခွဲ ဖွင့်လှစ် လာတာ ၂ နှစ်ရှိပြီ ။ ရုံးခွဲ ၈ ခု ရှိပါတယ် ။  ဒီဒေသမှာ ပါတီဝင် ၂ ထောင်ကျော်ရှိပါတယ် - ဟုပြောဆိုသည် ။


သျှမ်းပြည် အရှေ့ပိုင်းတွင် ဒေသခံ ပါတီဖြစ်သည့် သျှမ်းပြည် အရှေ့ပိုင်း ဖွံ့ဖြိုး တိုးတက်ရေး ဒီမို ကရက်တစ် ပါတီ ESSDDP ခေါ် မင်္ဂလာ စည်တော်ပါတီ (ကောင်စိုင်း) လည်း ခေါင်းဆောင် စိုင်းဟောင်ခမ်းကိုယ်တိုင် ပါဝင်သည့် ကိုယ်စားလှယ် လောင်းလေးဦး ပါဝင် ယှဉ်ပြိင်မည် ဖြစ်သည် ။


ထို့အတူ အင်အားကြီးသျှမ်းပါတီ တခုဖြစ်သည့် ကျားဖြူပါတီက လည်း သျှမ်းပြည် အရှေ့ပိုင်း အတွင်း ၂၉ နေရာ ယှဉ်ပြိုင်မည်ဟု ကျိုင်းတုံမြို့နယ် အလုပ် အမှုဆောင် ကော်မတီ ဆရာ စိုင်းဆေဟန် ကပြောသည် ။


ထို့အတွက် သျှမ်းပြည် အရှေ့ပိုင်းတွင် ဒေသခံ တိုင်းရင်းသား ပါတီ များဖြစ်ဖြစ်သည့် အခါ၊ လားဟူ အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ၊ ပြည်ခိုင်ဖြိုး ပါတီ ၊ တစည ပါတီ တို့နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates