သျှမ်းပြည် အရှေ့ပိုင်း ရေဘေး သင့်သူများ အကူအညီ အထူးလိုအပ်



သျှမ်းပြည် အရှေ့ပိုင်း မိုင်းယောင်းမြို့နယ် နှင့် ပါလျောင်း ၊ ကျိုင်းလပ်မြို့နယ်ခွဲ တွင်ရေ ဘေးသင့်နေသူများ အကူအညီ အထူးလိုအပ် နေသည်ဟု ဒေသခံများက ပြောသည်။


သျှမ်းပြည် အရှေ့ပိုင်း မိုင်းယောင်းမြို့နယ် အတွင်း အိမ်ခြေ ၂၀၀ကျော် နှင့် ကျိုင်းလပ်မြို့ နယ်ခွဲတွင် အိမ်ခြေ ၂၀၀ ကျော် အတွက် ပြန်လည် ထူထောင်ရေး အထူးလိုအပ်နေသည် ဟုဆိုပါသည်။  တောင်ကျရေနှင့်အတူ မျောပါလာသည့် သစ်လုံးများ ၊ အမှိုက် သရိုက်များ အားရှင်း လင်းဖယ်ရှားပေးနိုင်သည့် ဘူဒိုဇာကား ၊ မြေထိုးစက်များနှင့် တည်ဆောက်ရေး အတွက် သွပ် ၊ ဘိလပ်မြေအပြင်  ဆေးစစ်ပေးရန် ဆရာဝန်နှင့် အခြားအသုံးစရိတ် များ အတွက် ငွေကြေး ပံ့ပိုးမှုများ ဖြစ်သည်ဟု ဆိုသည်။


“ကျိုင်းလပ်မှာ ရေးဘေးသင့်တဲ့ နေရာက သွားဖို့ အရမ်းခက်တယ်။ ကားလမ်းလဲ ပျက်ကုန် တယ်လေ။ သွားရောက် ကူညီနိုင်ရင်တော့ အဓိက တော့ အမှိုက်တွေ ဖယ်ပေးဖို့ ဘူဒိုဇာကား လုပ်အား အလှူရှင်နဲ့ ငွေကြေး တွေဖြစ်တယ်။ ငွေက လိုတဲ့ နေရာ ယူသုံးလို့ရတယ်လေ။ အိမ်မိုးသွပ်တွေ ၊ ဘိလပ်မြေတွေ တအားလိုတယ်” - ဟု အကူအညီ သွားရောက် ပံ့ပိုးပေး နေသည့် တာချီလိတ်ဒေသခံ စိုင်းအေး ကပြောသည်။


ဩဂတ်စ် ၃ ရက်နေ့ ညသန်းခေါင် ကျော်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သျှမ်းပြည် အရှေ့ပိုင်း မိုင်းယောင်းမြို့နယ် နှင့် တချီလိတ်မြို့နယ် ၊ ကျိုင်းလပ်မြို့နယ်ခွဲတွင် တောင်ကျ ခေါင်းရေများ ၊ ခုတ်ထားသော သစ်မာများ၏ အပိုင်းအစများ ရေနှင့်အတူ မျောပါလာပြီး ရပ်ရွာအတွင်း ပုံကျန်နေခဲ့ခြင်း ဖြစ်သည်။  ရေဘေးကြောင့်လည်း ကျိုင်းလပ်မြို့ ဝန့်ကိုင်း ရွာသူ ရွာသား ၄ ဦး ရေနှင့်အတူ မျောပါ သေဆုံးသွားခဲ့သည်။


ဩဂတ်စ် ၂ ရက်နေ့က လည်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ် အတွင်း နမ့်တုံချောင်း ၊  နမ့်ဟောင့်ချယ် ချောင်းရေကြီးမှုကြောင့် မိုင်းတုံမြို့မ ရပ်ကွက် နေ အိမ်ခြေ ၁၀၀ ကျော် နှင့် ချောင်းဘေး လယ်မြေဧကပေါင်း မြောက်များစွာ ပျက်စီးခဲ့ရသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates