ကျပ်သိန်းပေါင်း ၂၃၀၀ တန် နမ့်ပန် ချောင်းကူး တံတားသစ် SSPP/SSA ကမကထပြုဖွင့်လှစ်



သျှမ်းပြည် တောင်ပိုင်း ကျေးသီးမြို့နယ် နှင့် မိုင်းရှူးမြို့နယ် (မြောက်ဘက်ခြမ်း) အကြား ပေါင်းကူး တံတားသစ်အား SSPP/SSA မှ ကျပ်သိန်းပေါင်း၂၃၀၀ ကျော် ကုန်ကျခံကာ ဩဂတ်စ် ၉ ရက် နံနက်ပိုင်းက ဖွင့်လှစ် လိုက်သည်။


၂၀၁၅ ခု ဩဂတ်စ် ၉ ရက် နံနက် ၉ : ၃၀ နာရီ အချိန် ကျေးသီးမြို့နယ် ခုံပန်ကျေးရွာ အုပ်စု နှင့် မိုင်းရှူးမြို့နယ် နောက်အက် ကျေးရွာအုပ်စုအား ဆက်သွယ် ပေးသည့် တာ့ဟုန်းတံတား သစ်အား ဒေသအတွင်းရှိ တပ်မှူးကြီး က ဦးဆောင်၍ ဖဲကြိုးဖြတ် ဖွင့်လှစ်လိုက်သည်။ အခမ်းအနားတွင် ပရိသတ် ၃၀၀ ကျော် တက်ရောက် သည်ဟုလည်း သိရသည်။


ဖဲကြိုးဖြတ်ဖွင့်လှစ်သည့် အဆိုပါအရာရှိက - ဒီဒေသက သွားရေး လာရေး အရမ်းခက်တယ်။ အထူးသဖြင့် ဟိုဘက်ကမ်းမှာရှိနေတဲ့ နောက်အက် ကျေးရွာ အုပ်စုသားတွေ။ အရင်က ဒီအုပ်စုက ကျေးသီးထဲပါတယ်။ နောက်ပိုင်း သွားရေး လာရေး အခက်အခဲကြောင့် မိုင်းရယ် မြို့နယ်နဲ့ တွဲနေတယ်။ ပိုတောင် ဝေးသွားရော။ အခုတော့ မိုင်းရှူးမြို့နယ်ထဲ ပေါ့။ ဒီတံတား ဖွင့်လှစ်ရတာက ဒေသခံတွေ သွားလာရေး လွယ်ကူအောင်နဲ့ ကုန်ဈေးနှုန်း ထိန်းပေးတဲ့ သဘောပါ - ဟု အခမ်းအနား၌ ပြောကြားသည်။


၂၇ ရက် ဧပြီလ ၂၀၁၄ တွင် စတင် တည်ဆောက်လာသည့် အဆိုပါ တာ့ဟုန်းတံတားအား   လူထုမှ ငွေအား လူအား အားဖြည့် တည်ဆောက် ခဲ့သောကြောင့် ယခုကဲ့သို့ လွယ်ကူမြန်ဆန် စွာ တည်ဆောက်နိုင်ခဲ့ခြင်းဖြစ်ပြီး တည်ဆောက်မှု ကုန်ကျ စရိတ်လည်း  သက်သာကြောင်း ထို့အတွက်   ဒေသခံများအား အထူးကျေးဇူး တင်ကြောင်း ပြောသည်။


ဒေသခံ ကျောင်းဆရာ စိုင်ရွှေခမ်းကလည်း - ဒေသခံများအရေး အလေးထားကာ  ငွေအား လူအား အစ နည်းပညာ အဆုံး   ကူညီပေးသော  SSPP/SSA အဏာပိုင်များအား အထူးပင် ကျေးဇူးတင်ကြောင်း - လူထုကိုယ်စား အခမ်းအနား၌ ပြောကြား  သည်။


အဆိုပါ တာ့ဟုန်း တံတားသည် အရှည် ၅၆၀ ပေ၊ အကျယ် ၁၅ ပေရှိပြီး  တန် ၃၀ အောက် ကုန်/ယာဉ် အားလက်ခံနိုင် နှစ် ၁၀၀ ခန့်တာရှည် ခံနိုင်သည်ဟု ခန့်မှန်းကြောင်း တည်ဆောက်မှု ဦးဆောင်ဦးရွက် ပြုသူများက ပြောသည်။ 


အဆိုပါ တံတားကဲ့သို့ ကျေးသီးမြို့ မြောက်ဘက် ကျေးသီး - သီပေါ  ဆက်သွယ်သည့် တာဖါဆောင် တံတားကို လည်း သျှမ်းပြည် တပ်မတော်မှ ကျပ်သိန်း ပေါင်း ၁၁၀၀ ကုန်ကျခံကာ ၂၀၀၈ က တည်ဆောက်ပေးခဲ့ဖူးသည်။


၂၀၀၉ သျှမ်းပြည်တပ် မတော် နှင့် အစိုးရတပ်အကြား တိုက်ပွဲကြောင့် အစိုးရတပ်ဘက် မှ  အဆိုပါတံတား မီးရှို့ဖျက်ဆီးခဲ့ဖူးသည်။ အစိုးရတပ် တပ်ဆုတ်ပြီး ၂၀၁၁ ခုနှစ်တွင် သျှမ်း ပြည်တပ်မတော်မှ ပြန်လည်တည်ဆောက်ပေးကာ တပ်စခန်းချ နေထိုင်သည်ကို အစိုးရတပ် က ကျူးကျော် တပ်ချတည်ဟု ဆိုကာ ၂၀၁၄ အောက်တိုဘာက အင်အား အလုံးအရင်းဖြင့် ပြန်လည် တိုက်ခိုက်သည်။


နှစ်ဘက် တည်ဆောက်နေသည့် ငြိမ်ချမ်းရေး အားရှေးရှု၍ တိုက်ပွဲ ရပ်တန့်ဖို့  အားဖြည့်နေ သည့် နှစ်ဘက်တပ်များ ဂုဏ်သိက္ခာရှိရှိ ဆုတ်ပေးကြရန် သမ္မတက ပြောသည်။


သျှမ်းပြည် တပ်မတော်မှ တပ်ဆုတ် ပေးခဲ့သော်လည်း အစိုးရ တပ်မတော် ဘက် က ယနေ့တိုင် တပ်စခန်းချ နေထိုင်နေဆဲ ဖြစ်သည်။


သျှမ်းပြည် တပ်မတော် SSPP/SSA သည် နေပြည်တော် အစိုးရ နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး တည်ဆောက်ထားပြီး တတိုင်းပြည်လုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်တန့်နိုင် ရေး အတွက် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ - ပစ်ခတ် တိုက်ခိုက်မှု ညှိနှိုင်း ရေး အဆင့်မြင့် ကိုယ်စားလှယ် SD အဖွဲ့တွင်လည်း ပါဝင်ပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates