SSPP/SSA ထိန်းချုပ် နယ်မြေ အတွင်း မည်သည့် ပါတီမဆို လွတ်လပ်စွာ ၀င်ရောက် မဲဆွယ်နိုင်
သျှမ်းပြည် တိုးတက်ရေးပါတီ သျှမ်းပြည် တပ်မတော် SSPP/ SSA က ၄င်း နယ်မြေအတွင်း လာရောက် မဲဆွယ်မည့် မည်သည့် ပါတီဆို ခွင့်ပြုချက် ယူဖို့ မလိုဘဲ လွတ်လပ်စွာ မဲဆွယ်စည်းရုံး နိုင်ကြောင်း SSPP/ SSA တာဝန်ရှိ သူက ပြောသည်။
"ကျနော်တို့ နယ်မြေ အတွင်းမှာက ၂၀၁၀ တုန်းကလည်း မဲဆွယ် တယ်။ ရွေးေ ကာက်ပွဲ ကျင်းပတယ်။ ၂၀၁၂ ကြားဖြတ်တုန်း ကလည်း အမျိုးသား လွှတ်တော် တနေရာ အတွက် လာပြိုင်ကြတာပဲ။ ကျနော်တို့ ကဆန့်လည်း မဆန့်ကျင်ဘူး။ လုံခြုံရေးအရ ခွင့်ပြုချက်လည်း တောင်း စရာမလိုဘူး။ " ဟု သျှမ်းပြည်တိုး တက်ရေး ပါတီ SSPP/SSA မှ အထွေထွေ အတွင်းရေးမှူး စဝ်ခွန်ဆိုင် က ပြောသည်။
သျှမ်းပြည် တပ်မတော် မြောက်ပိုင်း SSPP/ SSA မှာ သျှမ်းပြည်နယ် အတွင်း နောင်ချို ၊ ကျောက်မဲ ၊ သီပေါ၊ လားရှိုး ၊ မိုင်းရယ် ၊ သိန္နီ၊ ကျေးသီး ၊ မိုင်းရှူး ၊ တန့်ယန်း ၊ မိုင်းနောင် ၊ လဲချား စသည့် မြို့နယ် များတွင် လှုပ်ရှား နေသည့် အဖွဲ့စည်းဖြစ်သည်။
သျှမ်းပြည် တိုးတက်ရေးပါတီ SSPP/SSA သည် တနိုင်ငံလုံး အပစ်ခတ်ရပ်စဲ နိုင်ရေးအတွက် SD အဖွဲ့တွင် ပါဝင်ပါသည်။ တဖက်တွင်လည်း သျှမ်းပြည် ညီညွတ်ရေး အတွက် SSJAC အဖွဲ့တွင် ပါဝင်ပါသည်။
Tags: General, News


