မူစယ်လူထု၏ အသက်အိုးအိမ်များကို ကာကွယ်စောင့်ရှောက်ပေးပါ
သို့
သျှမ်းပြည်နယ်အစိုးရ အဖွဲ့နှင့်သက်ဆိုင်ရာ အစိုးရဌာနများ သိရှိစေရန် ထင်ပြအပ်ပါသည်။
21.9.2015 မူစယ်ဆင်ဖြူဈေးအတွင်းရှိ ရွှေစိန်ဆင်ဖြူဈေး အပေါင်ဆိုင် ၊ အောင်လှိုင်ထက် အနှိပ်ခန်း အောက်ရှိဆိုင်ခန်း အတွင်း၌ ည 93း0 အချိန်တွင် တာမိုးညဲပြည်သူ့စစ် စီးပွားရေး တာဝန်ခံ ဦးတင်ထွန်း နှင့် ဒုတာဝန်ခံ ဗိုလ်မှူး ကျော်နေယျ (ငြိမ်း) ဦးဆောင်ဖွင့်လှစ်သော လောင်းကစားရုံ အတွင်း ဒိုင်များနှင့် ထိုးသားများ ခိုက်ရန်ဖြစ်ပွားစဉ် တာမိုးညဲ ပြည်သူ့စစ်များမှ M-22 သေနတ်ဖြင့် အဆက်မပြတ် ပစ်ခတ်၍ ပြည်သူလူထု များစွာထိခိုက်ဒဏ်ရာရ ပြီး အထိပ်အလန့် ဖြစ်ရပါသည် ။
အထက်ပါကိစ္စများ ရဲတပ်ဖွင့်ဝင်များအား အကြောင်းကြားသော်လည်း အရေးယူဆောင်ရွက်ခြင်းများ မရှိပါ ၊ ယခုအခါတွင် မူစယ်မြို့နယ်ပြည်သူလူထုသည် ၎င်းကိစ္စများကြောင့် လွန်စွာနစ်နာရပါသည် ။
သို့ဖြစ်ပါ၍၎င်းကိစ္စများအား မူစယ်မြို့ရှိ သက်ဆိုင်ရာဌာန ဆိုင်ရာများ ၊ ရဲတပ်ဖွဲ့ဝင်များမှ ထိရောက်စွာ အရေးယူ ဆောင်ရွက်ပေးပါ ၊ မြို့နေလူထုများ၏ အသက်အိုးအိမ်များကို ကာကွယ်စောင့်ရှောက် ပေးပါရန်လေးစား စွာ တင်ပြလိုက်ပါသည် ။
လေးစားလျက်
မူစယ်ဒေသခံ
Tags: Letter to Editor


