၂၀၁၅ ရွေးကောက်ပွဲ BNI အဖွဲ့ဝင်များ သတင်း စည်းဝေးခန်းဖြင့် စောင့်ကြည့် သွားမည်



ထိုင်းနိုင်ငံ အနောက်ခြမ်း ကန်ချနပူရီ ခရိုင် စံခလပူရီ မြို့၌ စက်တင်ဘာလ ၂ ရက်မှ ၄ ရက်နေ့ အထိ ကျင်းပသည့် BNI ၏ ၂၃ ကြိမ်မြောက် အစည်းအဝေးမှ ဆုံးဖြတ်ချက် အများ အပြားအနက် လာမည့် ၂၀၁၅ ရွေးကောက်ပွဲ အတွက်လည်း ရန်ကုန်မြို့ တွင် သတင်းခန်း ဖြင့် စောင့်ကြည့် သွားရန် ဆုံးဖြတ်ကြသည် ။


အဆိုပါ သုံးရက်ကြာ BNI အဖွဲ့ဝင် များ၏ အယ်ဒီတာများ နှစ်ပတ်လည် အစည်း အဝေးအား တိုင်းရင်းသား မီဒီယာ ဖွံ့ဖြိုး တိုးတက်ရေး ၊ မာလ်တီ မီဒီယာ ပလက်ဖေါင်းတို့ တက်လှမ်း နိုင်ရေး အတွက် ရုပ်သံပိုင်း ၊ အသံလွှင့်ပိုင်း တိုးချဲ့ရေး ၊ ကိုယ်ပိုင် ရပ်တည် နိုင်ရေးအတွက် ဈေးကွက် စီမံကိန်း လုပ်ဆောင်ရေး ၊ အမျိုးသမီး သတင်းထောက် အရည်အသွေး မြှင့်တင်ရေး အတွက် တိုးချဲ့ လုပ်ဆောင်မည် ဖြစ်သည့်အပြင် လာမည့် ရွေးကောက်ပွဲလည်း သတင်း စည်းဝေးခန်းဖြင့် စောင့်ကြည့်သွားရေး လုပ်ဆောင်သွား မည်ဟု ဆုံးဖြတ်ကြသည် ။


“ ၂ ရက်နဲ့  ၃ ရက် အစည်း အဝေးမှာ ဘီအဲန်အိုင် ရေရှည် တည်တံ့ ခိုင်မြဲရေး အတွက် မားကက် တင်း ပေါ်လစီ ချဖို့ ဆွေးနွေးကြ တယ် ။ နောက်တခုက အစကတည်းက မာလ်တီမီဒီယာ သွားမယ်လို့ အစကတည်းက  ဆုံးဖြတ် ထားတယ် ။ အခုက ဒီတိုင်း ပဲသွား နေလို့တော့ မဖြစ်ဘူး ။ အဖွဲ့ဝင် ပိုပြီး အားကောင်း လာအောင် လက်ရှိ ရေဒီယိုနဲ့ ရုပ်သံ လုပ်ငန်းစဉ် တွေကို ပိုပြီး အားစိုက် လုပ်ဆောင်သွားမယ်။


နောက်တခုက လာမယ့် ရွေးကောက်ပွဲ အတွက် ရန်ကုန်မြို့မှာ သတင်း အယ် ဒီတာအဖွဲ့က ဦးဆောင်ပြီး သတင်းခန်း အနေနဲ့ လုပ်မယ် ။ သက်ဆိုင်ရာ ပြည်နယ် တွေမှာ သတင်းထောက်  ၁၀ ဦး ကို တိုက်ရိုက် ဆက်သွယ်ရင်း ရွေးကောက်ပွဲ ဆိုင်ရာ သတင်းတွေကို စောင့်ကြည့် ရေးသား ဖော်ပြသွားဖို့ ဆုံးဖြတ်ခဲ့ ကြပါတယ်။ ” - ဟု ဘီအဲန်အိုင် ဦးဆောင်အဖွဲ့ ဖြစ်သူ ကေအိုင်စီ သတင်းဌာန အယ်ဒီတာချုပ် နန်းဖေါ့ဂေ ကပြောသည်။


ဘီအဲန်အိုင် ( နိုင်ငံတကာ မြန်မာသတင်း Burma News International ) ကို ၂၀၀၃ ခုနှစ်က အန္ဒိယ နိုင်ငံ၌ စတင် ဖွဲ့စည်းခဲ့သည် ။ တိုင်းရင်းသား သတင်းဌာန ၁၃ ဖွဲ့ ဖြင့် ဖွဲ့စည်းထားသည့်  သတင်းဌာန ဖြစ်ပါသည် ။  နိုင်ငံတကာ မွန်သတင်းအေဂျင်စီ IMNA, ချင်းဝေါလ်ဒ် Chin World, ကန္တရ၀တီတိုင်း(မ်) ၊ ကချင်သတင်းဌာန ၊ ကုလားတန်သတင်း ၊ လွတ်လပ်သော ရခိုင် သတင်း အေဂျင်စီ (Narinjara) ၊ ချင်းသတင်းဌာန Khonumthung , သတင်းနှင့်မီဒီယာကွန်ယက် Network Media Group, ကရင်သတင်းစဉ် KIC , မဇ္ဈိမ ၊ သံလွင်တိုင်း(မ်) ၊ ပေါက်ထောမွန် သတင်း အသင်း Phophtaw News Assocation နှင့် သျှမ်းသံတော်ဆင့် သတင်း အေဂျင်စီ Shan Herald Agency for News တို့ဖြစ်ပါသည် ။  






 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates