ကချင်ပြည်နယ်တွင် ၉ မြို့နယ်အတွင်း ကျားဖြူပါတီ အနိုင်ရရေးကြိုးပမ်း



သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ခေါ် ကျားဖြူ ပါတီသည်  ၂၀၁၅ ရွေးကောက်ပွဲ တွင် ကချင်ပြည်နယ် အတွင်း ၁၈ မြို့နယ်အနက်  ၉ မြို့နယ် အောင်နိုင်ရေး ကြိုးပမ်းလျှက်ရှိပြီး ကချင်ပြည်နယ် ၀န်ကြီးဖြစ်ဖို့လည်း ရည်ရွယ်ကြောင်း ကျားဖြူပါတီ ဥက္ကဌ က ပြောသည် ။


ကချင်ပြည်နယ်၌ မဲဆွယ်စည်းရုံးရာတွင် ကျားဖြူပါတီက လူအင်အား အများဆုံးပါတီဖြစ်ပြီး  စည်းရုံးမှုလည်း အဆင်ပြေဆုံး ဖြစ်သည်ဟု ဆိုပါသည် ။


“ မဲဆွယ်စည်းရုံးရေးလုပ်တာ ၃ နာရီခွဲကနေ ၆ နာရီထိလုပ်တယ် ။ အထူးခြားဆုံးကတော့ အဆင်ပြေဆုံးဘဲ သျှမ်းတွေလည်း အများကြီးဘဲ ။ သူတို့က ကျားဖြူပါတီကို အားလုံးကူညီမယ်လို့ပြောတယ် ။”ဟု ပါတီဥက္ကဌ ဦးစိုင်းအိုက်ပေါင်း ကပြောသည် ။


ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် အောက်တိုဘာ ၄ ရက်နေ့က မဟာသိမ် တော်ကြီးကျောင်းဝန်း၌ မဲဆွယ်စည်းရုံးရေး လုပ်ခဲ့ကြောင်း သိရသည် ။


ကချင်ပြည်နယ်ရှိ သျှမ်းတိုင်းရင်းသားမျာကးလည်း ကျားဖြူပါတီအား ကချင်ဝန်ကြီးချုပ်ဖြစ်အောင်ကြိုးစားဖို့ တိုက်တွန်းကြောင်း  ၊ ကျားဖြူပါတီအတွက် မဲဆွယ်စည်းရုံးရေးတွင်လည်း အင်တိုက်အားတိုက်ကူညီကြောင်း   စိုင်းအိုက်ပေါင်းက ပြောသည် ။


“ ကျားဖြူပါတီ ပါတီအောင်နိုင်ရေးကို ဒေသခံတွေကိုကူညီတယ် ။ အင်တိုက်အားတိုက်ပါဘဲ ။ ပါတီကိုယ်နှိုက် ကလည်း ၀န်ကြီးချုပ်ဖြစ်အောင် ကြိုးစားမယ်လို့ ရည်ရွယ်ထားတယ်လေ ။  ဘာကြောင့်လည်း ဆိုတော့ ကချင်မှာ က ၁၈ မြို့နယ်ဘဲရှိတယ်။ ကျားဖြူက ၉ မြို့နယ်ဝင်ပြိုင်တယ်။ ကျနော်တို့ အားလုံးနိုင်ရင် ပြီးပြီးလေ ။ ဖြစ်နိုင်ပြီလေ ။  အခြေအနေက လည်းကောင်းတယ် ။  အခြနေမကောင်းတာဆိုလို့ မြစ်ကြီးနားဘဲ ။ ကျန်တာ အားလုံးကောင်းတယ် ” ဟု ၄င်းကပြောသည် ။


သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ခေါ် ကျားဖြူပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် လွှတ်တော်အမတ် ၅၇ နေရာအနိုင်ရခဲ့သော သျှမ်းတိုင်းရင်းသားပါတီ တစ်ခုဖြစ်ပါသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates