၄၉ ကြိမ်မြောက် အာရှတံခွန်စိုက် ကာယမယ်ပြိုင်ပွဲ မြန်မာနိုင်ငံကိုယ်စားပြု သျှမ်းမလေးပထမဆုရ



ဥဇဘက်ကစ်စတန်နိုင်ငံတွင် ကျင်းပပြုလုပ်နေဆဲဖြစ်သော ၄၉ ကြိမ်မြောက် အာရှတံခွန်စိုက် ကာယ ဗလ နှင့် ကာယကြံ့ခိုင်မှု မယ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ကိုယ်စားလှယ် ၅ ဦးအနက် ယမန်နေ့အထိ ယှဉ်ပြိုင်ပွဲတွင် နန်းလောဝ်ခမ်း က ပထမရရှိကြောင်း သိရသည် ။


မြန်မာနိုင်ငံမှ သွားရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ် ၅ ဦးအနက် ၆၀ ကီလိုဂရမ်ပြိုင်ပွဲတွင် ထွန်းမင်းက ဒုတိယရရှိခဲ့ကြောင်း သိရသည် ။


ပြိုင်ပွဲမှာ ၂၀၁၅ စက်တင်ဘာ ၂၉ မှ အောက်တိုဘာ ၅ ရက်နေ့ အထိကျင်းပနေခြင်း ဖြစ်ပါသည် ။


သွားရောက် ယှဉ်ပြိုင်သည့် မြန်မာနိုင်ငံ ကာယ ဗလအဖွဲ့ချုပ်မှ  အားကစား သမား ၅ ဦးမှာ ၁ - ထွန်းမင်း (၆၀ ကီလို) ၂ - စိုင်းချစ်ငွေ (၆၅ ကီလို) ၃ - ညီဖြူ (၇၀ ကီလို) ၄ - နန်းလောဝ်ခမ်း (၁၆၅ စင်တီမီတာအောက်) ၅ - ချယ်ရီမောင် (၁၆၅ စင်တီမီတာအောက်) တို့ ဖြစ်ပါသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates