ပညာရေးမကောင်းရင် ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး (သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ကျားဖြူပါတီ တောင်ကြီး ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်လောင်း ဒေါက်တာ နန်းအေးဆွေ နှင့်တွေ့ဆုံမေးမြန်း )
လာမယ့်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် ပါတီအသီးသီးက အမျိုးသမီးကိုယ်စားလှယ်လောင်း တွေ ဟာ တူညီတဲ့ ရည်မှန်းချက်တွေ ဆီကို အရောက်လှမ်းနိုင်ဖို့အတွက် ကိုယ့်နည်း ကိုယ့်ဟန် ကိုယ့် လမ်းနဲ့ကြိုးစား လျှောက်လှမ်းနေကြပါတယ် ။ ကျားဖြူပါတီထဲက အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်လောင်း တဦးဖြစ်တဲ့ ဒေါက်တာနန်းအေးဆွေကတော့ ကျားဖြူပါတီ က သျှမ်းပြည်နယ် အစိုးရဖွဲ့နိုင်မယ်ဆိုရင် ကလေး သူငယ် တွေရဲ့ ပညာရေးကို မြင့်တင်ပေးမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ လာမယ့်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ် လို့ပြောပါတယ် ။ တကယ်လို့မျှော်လင့်ချက် အတိုင်းဖြစ်မလာခဲ့ဘူး ဆိုရင် ကော် ဘယ်လိုဆက်လုပ်သွားမလဲ ။ သျှမ်းသံတော်ဆင့်က ယိင်းတိုင်းကနေ တွေ့ဆုံမေးမြန်းထားပါတယ် ။
မေး ။ ။ အမျိုးသမီး ကိုယ်စားလှယ်တစ်ဦးအနေနဲ့ ရွေးကောက်ပွဲမှာ ၀င် ရောက်ယှဉ်ပြိုင်ဖို့ဘယ်လိုအရာတွေ ကများ တွန်းအားပေးခဲ့တာလဲ ။
ဖြေ ။ ။ မြန်မာနိုင်ငံမှာ မှာ အမျိုးသမီးဦးရေဟာ အမျိုးသားဦးရေထက် တစ်ဝက်ကျော်တောင်ရှိတယ် ။ ဒါပေမဲ့ လွှတ်တော်ထဲရောက်တဲ့အမျိုး သမီးလွှတ်တော်အမတ်က ရာခိုင်နှုန်းနည်းနေတယ် ။ တောင်ကြီးမြို့နယ် ၂၀၁၀-၁၅ အတွင်းမှာ ၄.၃ ပဲရှိတယ် ၊ ကျမတို့ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်း ကလည်း သျှမ်းပြည်နယ်အစိုးရဖွဲ့နိုင်တယ်လို့ပြောတဲ့ အတွက် အဲ့ဒီမှာအားသန်ပြီး လုပ်ဖြစ်သွားတာပါ ။
မေး ။ ။ စည်းရုံးမဲဆွယ်တဲ့အခါ ၊ ဘယ်အရာတွေ ဘယ်အချက်တွေကို အဓိကထားပြောချင်သလဲ ။
ဖြေ ။ ။ အဓိကပညာရေး ၊ ပညာရေးက အခုအချိန်မှာ ချွတ်ခြုံကျနေ ပြီလေ ။ ဒါကြောင့်ပညာရေးမ ကောင်းရင်ဘာမှဖြစ်လာမှာ မဟုတ်ဘူး ။ နောက် တစ်ခုက သျှမ်းပြည်နယ် အစိုးရဖွဲ့ဖြစ်အောင်ကြိုးစားသွားမယ် ၊ ရခဲ့ရင် သျှမ်းပြည်နယ်မှာရှိတဲ့ကျောင်း သား / သူ ပြည်သူတွေအတွက် ပညာရေး တိုး တက်အောင်ဆောင်ရွက် သွား မယ့်အကြောင်းတွေ ပြော ချင်တယ် ။
မေး ။ ။ အနိုင်ရခဲ့ရင်အမျိုးသမီးနဲ့ကလေး သူငယ်တွေအတွက်ဘာ တွေလုပ်ေ ဆာင်ပေး မှာလဲ နောက်ပြီး နိုင်ငံရေးလုပ်ဆောင်ချက်တွေ ၊ အထူး သဖြင့် သျှမ်းပြည်နယ်ရဲ့ နိုင်ငံရေးနဲ့ပတ်သက်ပြီးဘယ်လို ပြုပြင်ပြောင်းလဲမှု မျိုးတွေလုပ်ဆောင်ချင်သလဲ ။
ဖြေ ။ ။ သျှမ်းပြည်နယ်ပြည်သူလူထုတစ်ရပ်လုံးရဲ့ ပညာရေး ၊ ကျန်း မာ ရေး ၊ တရားဥပဒေအကာ အကွယ်ရရှိရေး ၊ လူ့အခွင့်အရေး အပြည့် အဝရရှိ ရေး ၊ ဆင်းရဲမွဲတေမှုလျှော့ချနိုင်ရေး ၊ စီးပွားရေး တိုးတက် အောင် မြင်ရေး ၊ ဆင်းရဲနွမ်းပါးတဲ့ကလေးများရဲ့ဘဝ အာမခံချက်ရရှိရေး ဒီမိုကရေစီ လူ့ ဘောင်သစ် တည်ဆောက်နိုင်ရေးတို့တွက် တရားမျှတခိုင်မာတဲ့ ၊ ပြည်သူ အားထားသော ကမ္ဘာကလေးစားသော ၊ သိက္ခာရှိသော အစိုးရ ပေါ်ပေါက် လာနိုင်ရေးကို အဓိကဦးတည်ထားတယ် ။
မေး ။ ။ ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာထွက်ပေါ်လာမယ့် အစိုးရအ သစ် တစ်ရပ်အတွက် ဘယ်လိုအစိုးရမျိုးကို မျှော်လင့်ထားသလဲ ။
ဖြေ ။ ။ တရားမျှတဲ့ ရွေးကောက်ပွဲဖြစ်စေချင်တယ် ၊ တရားမျှတတဲ့ အစိုးရတစ်ရပ်ထွက်ပေါ်လာဖို့မျှော်လင့်တယ် ။
မေး ။ ။ အနိုင်မရခဲ့ရင် ဘာတွေဆက်လုပ်ဆောင်သွားဖို့ရှိသလဲ ။
ဖြေ ။ ။ အနိုင်မရခဲ့ရင်လဲ သျှမ်းပြည်နယ်အစိုးရကို ကူညီသွားမှာပါ ။
မေး ။ ။ ၂၀၁၅ ရွေးကောက်ပွဲကြီး ကို ၀င်ရောက်ယှဉ်ပြိုင်မယ့်ကိုယ် စားလှယ်လောင် တစ်ဦးအတွက်ဘယ်လို အရာတွေကစိုးရိမ်စိတ်ေ တွဖြစ်ေ ပါ် စေခဲ့သလဲ ။
ဖြေ ။ ။ စည်းရုံးရေးအတွက် ၊ မဲစာရင်းအတွက် စိုးရိမ်တယ် ။ သျှမ်းပြည် နယ်အစိုးရမဖွဲ့ဖြစ်မှာကို စိုးရိမ်တယ် ။
ကျေးဇူးတင်ပါတယ်ရှင် ။
လာမယ့် နိုဝင်ဘာလ မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ သျှမ်း တိုင်းရင်း သား ပါတီ တခု ဖြစ်တဲ့ ကျားဖြူ ပါတီ ခေါ် သျှမ်း တိုင်းရင်းသား များ ဒီမို ကရက်တစ် ပါတီ ကနေ သျှမ်းပြည်နယ် အပြင် ၊ မန္တလေးတိုင်း ၊ စစ်ကိုင်းတိုင်း ၊ ကချင်ပြည်နယ် ၊ ကယား ပြည်နယ် တွေမှာ လွှတ်တော် အမတ် နေ ရာ ၂၀၀ ကျော်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ် ။ လက်ရှိ မှာလည်း ကျားဖြူပါတီဝင် အင်အား ၄ သိန်းကျော် ရှိပြီမို့ သျှမ်းပြည် လူထု ထောက်ခံ မှုကို အပြည့် အဝ ရရှိ ကြောင်း နဲ့ ရွေးကောက်ပွဲ မနိုင်မှာကို မစိုးရိမ် ရကြောင်း ပါတီဥက္ကဌကြီး ကလည်း သျှမ်းသံတော်ဆင့်ကို ပြောပြခဲ့ဖူးပါတယ် ။
Tags: Interview


