တိုက်ပွဲအတွင်း အစိုးရတပ်၏ ပစ္စည်းအများအပြားကို SSPP/SSA မှ သိမ်းဆည်းရမိ



ယမန်နေ့က သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် ဌာနချုပ် ဝမ့်ဟိုင်း အနီး SSPP/SSA နှင့် အစိုးရတပ်တို့ တိုက်ပွဲဖြစ်ပွါးရာ တိုက်ပွဲအတွင်း အစိုးရစစ်တပ်၏ စစ်လက်နက် အသုံးအဆောင်ပစ္စည်း အများအပြားကို SSPP/SSA မှ သိမ်းဆည်းရမိခဲ့သည်ဟု သိရသည် ။

တိုက်ပွဲအတွင်း အစိုးရတပ်ထံမှ သိမ်းဆည်းရမိ ပစ္စည်းများ
“ အောက်တိုဘာ ၁၁ ရက်နေ့က မွန်းတည့် ၁၂ နာရီ ၂၅ မိနစ် အစိုးရတပ်နဲ့ SSPP/SSA တို့ မိုင်းရှူးမြို့ နယ် ဟိုင်းပါအုပ်စု ထဲက တာ့ဆမ်ပူးကူးတို့ဆိပ် အနောက်တောင်ဘက်မှာရှိတဲ့ မိုင်းခန်တူယားရွာနားက လွယ်လာကန့်မှာ ဖြစ်တာ ။ အစိုးရတပ်ရဲ့ ပစ္စည်းတွေ အများအပြား သိမ်းဆည်းရမိတယ် ” ဟု ဝမ့်ဟိုင်းဌာန ချုပ်က အရာရှိတဦးက ပြောသည် ။


အဆိုပါတိုက်ပွဲတွင် အစိုးရတပ်မတော်၏ ကျောပိုးအိပ် ၁၅ လုံး ၊ စကားပြော စက် တလုံး ၊ စက်သေနတ် ၁ လက် ကို SSPP/SSA က သိမ်းဆည်းရမိပြီး သျှမ်းပြည်တပ်မတော်ဘက်မှ ထိခိုက်ဒဏ်ရာရမှုအနည်း ငယ်ရှိကြောင်း ၊ စိုးရိမ်စရာတော့ မရှိခဲ့ကြောင်း ဆိုပါသည် ။


တရက်တည်းမှာပင် အစိုးရတပ်သည် SSPP/SSA ဌာနချုပ်ဝမ့် ဟိုင်း တောင် ဘက် ၂ မိုင်ခန့်အကွာရှိ လွယ်ကျူမောက်ခေါဝ် တပ် စခန်းမှနေ၍ (အောက် တို ဘာ ၁၁ ရက်) မွန်းတည့်ချိန်မှ၍ အဆိုပါစခန်း၏ အနောက်မြောက်ဘက်ရှိ ဖွီးဂျပန်တောင် တပ်စခန်းသို့ ၈၁ မမ ၈ လုံး ၊ ရ၉ မမ ၄ လုံး ပစ်ခတ်ခဲ့သည် ။


လွယ်ကျူမောက် ခေါဝ်စခန်းသည် ဝမ့်ဟိုင်းအဝင် မိုင်းရှူးနှင့် မိုင်းနောင် ကျေးသီးလမ်းခွဲတွင် တည်ရှိပါ သည်။  ဝမ့်ဟိုင်းဌာနချုပ်နှင့် ၂ မိုင်ခန့်သာ ဝေးပါသည် ။


တိုက်ပွဲကြောင့် ဝမ့်ဟိုင်းပါသို့ စစ်ဘေးရှောင် ၄၀၀ ခန့်ရောက်ရှိ ကြောင်း မည်သည့်အဖွဲ့အစည်းနှင့် မည်သည့်ပါတီမျှ သွားရောက်ကြည့်ရှုခြင်း မရှိသေးကြောင်း မိုင်းရှူးမှလူငယ်အဖွဲ့က ပြောသည် ။


သျှမ်းပြည်တပ်မတော်နှင့် ပစ်ခတ်တိုက်ခိုက်မှု ပြုနေသော အစိုးရတပ်မှာ မိုင်းပန်မြို့ အခြေ စိုက် စကခ ၁၇ လက်အောက်ခံ ခမယ ၅၇၅ ၊ ၅၂၄ တို့ပါဝင်သည့်ပူးပေါင်းတပ် များဖြစ် ကြောင်းသိရသည် ။


တနိုင်ငံလုံး အပစ်ရပ်စဲရေး NCA တွင် လက်မှတ်ရေးထိုးရန် SSPP/SSA က အားလုံးပါဝင် ရေးမူကိုသာ လက်ခံသောကြောင့် အစိုးရတပ်က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း SSPP ကပြောသည် ။


“ NCA လက်မှတ်ထိုးဖို့ ကျနော်တို့ကို ခြိမ်းခြောက်ဖိအားပေး တာလည်း ဖြစ် နိုင်တယ် ” ဟု လည်း SSPP ဘက်က ပြောဆိုပါသည် ။


အစိုးရတပ်များ အင်အားဖြည့်တင်းမှုကြောင့် အောက်တိုဘာလ ၆ ရက်နေ့ ကစ၍ ယနေ့တိုင် SSPP/SSA နှင့် နေ့စဉ်တိုက်ပွဲများ ဖြစ်ပွါးခဲ့သည် ။


သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော်သည် အစိုးရနှင့် အပစ်ရပ်ရေး သဘောထူထားပြီး ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး တည်ဆောက်နေ သည့်အဖွဲ့ဖြစ်သည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates