သျှမ်းအမျိုးသမီးများပါမကျန် ဖမ်းဆီးမှုကို ကန့်ကွက်ကြောင်း သျှမ်း / မြောက် အဖွဲ့အစည်းများပြော



သျှမ်းပြည်နယ်မြောက်ပိုင်းမှ သျှမ်းတိုင်းရင်းသူအမျိုးသမီးများအပါအဝင် မူဆယ်ဒေသခံများအား ဒေသတွင်းလှုပ်ရှားနေသော အဖွဲ့အစည်းတခုမှ ဖမ်းဆီးသွားမှုများအား မူဆယ်အခြေစိုက် သျှမ်းစာပေယဉ်ကျေးမှု အသင်းက လည်း ကန့်ကွက်ကြောင်းကြေငြာချက်တရပ်ကို ဒီဇင်ဘာလ ၃၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားပြီး လူငယ်များကို မိဘများထံ ပြန်လည်အပ်နှံရန် လည်း တောင်းဆိုထားသည် ။


ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့တို့တွင် မူဆယ်မြို့နယ် နမ့်အွန် ကျေးရွာအုပ်စု၌ သျှမ်းနှစ်သစ်ကောက်သစ်စားပွဲတော်ကျင်းပရာ အဆိုပါ ပွဲတော်သို့တက်ရောက်သည့် သျှမ်းနှင့် တအာင်းပလောင် အမျိုးသမီးများအပါဝင် စုစုပေါင်း လူ ၁၅ ဦးကို ကေအိုင်အေမှ ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံများမှ တညီတညွတ်တည်း ပြောဆိုသည် ။


ကျနော်တို့နမ့်အွမ်ရွာက ပွဲတော်ကို လာတဲ့အချိန်မှာ ဖြစ်ကုန်တာ ၊ ရုပ်လည်းဆိုးတယ် ၊ ကေအိုင်အေ လုပ်ရပ်ကို ကန့်ကွက်ပါတယ် ။ - ဟု နမ့်အွမ်ဒေသခံ စိုင်းယီက ပြောသည် ။


ထိုသို့အမျိုးသမီးများပါမကျန် ဖမ်းဆီးခေါ်ဆောင်သွားမှုမှာ ရုပ်ပျက်လွန်းေ ကြာင်း ကျားခေါင်းပါတီ ပြောခွင့်ရ စိုင်းလိတ်က ပြောသည် ။


‘ ကျနော်တို့က တိုင်းရင်းသားအရေးအတွက် တော်လှန်နေတဲ့အဖွဲ့တွေကို ဘဝတူ တွေအဖြစ် သတ်မှတ်ပြီး တချိန်လုံး သူတို့ဘက်ကရပ်ခံပြောဆိုပေး ခဲ့တယ် ။ အခုလို လက်နက်အားကိုးနဲ့ ပြည်သူတွေ အမျိုးသမီးတွေကို အနိုင်ကျင့်တာ တော်တော်ရုပ်ဆိုးတယ် ။ ရှုံ့ချပါတယ် ‘ ဟု သျှမ်းတိုင်းရင်းသား များ ဒီမိုကရေစီအဖွဲ့ချုပ် SNLD မှ ပြောခွင့်ရ ဦးစိုင်းလိတ်က ပြောသည် ။


တရက်တည်းမှာပင် ဒေသခံ သျှမ်း ၊ တအာင်း နှင့် အခြားတိုင်းရင်းသူ အမျိုးသမီးများအပါဝင် မူဆယ် ဒေသခံ အနည်းဆုံး လူ ၂၀ ကျော်ခန့် ကို ကေအိုင်အေ တပ်မဟာ (၄) မှ ဖမ်းဆီးသွားကြောင်းဒေ သခံများက ပြော ဆိုသည် ။


‘ ကျနော်တို့ဆီမှာ စာရင်းရတာ အနည်းဆုံး ၁၅ ဦးရှိနေပြီ ကျန်တဲ့ ရွာတွေ မှာလည်း တရွာ ရ ယောက်နှုန်းဖမ်းသွားတယ် ။ ဖမ်းသွားတဲ့ရွာသူတွေကို ရွာသားတွေနဲ့ပြန်လာလဲဖို့ ဆင့်ဆိုလာတယ်လို့ပြောတယ် ။ စာရင်းကတော့ ထပ်စုနေဆဲပဲ ရက်ပိုင်းအတွင်း ၊ ဒီလထဲမှာကို ကေအိုင်အေက ဆွဲသွားတာ ’ဟု မူဆယ် သျှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းမှ စိုင်းလိတ်က ပြောသည် ။


ကေအိုင်အေ တပ်မဟာ (၄) အနေဖြင့် ယင်းကဲ့သို့ ဖမ်းဆီးမှုများအပါဝင် မူဆယ်ဒေသတွင်း ကျေးရွာများကို တရွာလျှင် လူ (၇) ဦးကျ စစ်သားစုေ ဆာင်းမှု အတွက် ပေးကြရန် (သို့မဟုတ်) မပေးနိုင်ပါက ရန်ပုံငွေ ထည့် ရန်လည်း အကြောင်းကြားစာများ ပေးပို့ထားကြောင်း မူဆယ်ဒေသခံ သျှမ်းအသိုင်းဝိုင်းမှ အတည်ပြု ပြောဆိုပြီး တအာင်းပလောင် လူငယ်များက လည်း တအာင်း ပလောင် အမျိုးသမီးများပါ ဖမ်းဆီးခံရမှုများ ရှိနေ ကြောင်း သိရသည် ။


‘ မူဆယ် ပန်ဝိုင်းဘက်မှာ တအာင်းပလောင်လူငယ်အမျိုးသမီးတွေရော အမျိုးသားတွေရော အဖမ်းခံရတယ် ကေအိုင်အေက ဆွဲသွားတာ ’ ဟု တအာင်းပလောင်ဒေသအတွင်း သတင်းများကို အဓိက ရေးသားထုတ်ဝေေ နသည့် လားရှိုးအခြေစိုက် မားနဂါးဂျာနယ်မှ အယ်ဒီတာ မိုင်းကောင်းဆိုင် က ပြောသည် ။


ကေအိုင်အေနှင့် နီးစပ်သူတဦးကမူ တပ်မဟာ (၄) မှ ဖမ်းဆီးသွားသည်ဆို သည်မှာ မှန်ကန်ပါက ကေအိုင်အေမှ ပြန်လည် စီစစ်ပေးသွားမည် ဖြ စ်ကြောင်း ပြောသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates