၂၀၁၅ တွင် ထိုင်းနိုင်ငံအတွင်း ကလေးသူငယ် ၆၀၀ နီးပါးပျောက်ဆုံး



၂၀၁၅ ခုနှစ်အတွင်းမှာ ထိုင်းနိုင်ငံမှာ ကလေးသူငယ် ၆၀၀ နီးပါး ပျောက်ဆုံးတယ်လို့ မူလနိထိ ကရကျုတ်ငေါဝ်း ဖောင်ဒေးရှင်းက တရားဝင်ထုတ်ပြန်တဲ့စာရင်းအရ သိရပါတယ် ။

၂၀၁၅ ခုနှစ်အတွင်း ပျောက်ဆုံးသော ထိုင်းကလေးငယ်တဦး

ပျောက်ဆုံးစာရင်းအတိအကျ ၅၉၂ ဦးအနက် မိန်းခလေး ၄၃၇ ယောက် ၊ ယောကျာ်း လေး ၁၁၅ ယောက်ဖြစ်ပါတယ် ။ ၂၀၁၅ ခုနှစ်အတွင်းမှာ ထိုင်းနိုင်ငံအတွင်းမှာ ကလေးပျောက်ဆုံးမှုနှုန်း လျော့ကျသွားခြင်း မရှိသေးဘူးလို့ လဲဆိုပါတယ် ။


ကလေးသူငယ်တွေ ပျောက်ဆုံးမှုအများဆုံး အချိန်ကတော့ ရိုးရာပွဲလမ်းသဘင် ကျင်းပတဲ့ အချိန်တွေဖြစ်တယ်လို့ ဆိုပါတယ် ။


ပျောက်ဆုံးတဲ့ခလေးတွေဟာ များသောအားဖြင့် အသက် ၄ နှစ်မှ အသက် ၁၅ နှစ်အထိ ဖြစ်ကြတယ်လို့ဆိုပါတယ် ။ အသက် ၄ နှစ်ကနေ ၁၁ နှစ်အထိကလေးတွေက လှည့်ဖျား အခိုးခံရမှု ၊ မုဒိန်းကျင့်သတ်ဖြတ်ခံရမှုတို့ အများဆုံးဖြစ်ပြီး အသက် ၁၁ နှစ်ကနေ ၁၅ နှစ်အထိကတော့ မိဘာအိမ်ထောင်ကွဲမှု ၊ ကိုယ်ရေးကိုယ်တာ အဆင်မပြေမှုတွေကြောင့် ဆန္ဒအလျောက် နေအိမ်ကနေ ထွက်သွား ကြတာဖြစ်တယ်လို့ ကလေး သူငယ်များ အရေး ကူညီဖြေရှင်းတဲ့ အဖွဲ့ကထုတ်ပြန်ပါတယ် ။


ကလေးပျောက်ဆုံးမှုကို သုံးသပ်ကြည့်ရင် မိန်းခလေးတွေဟာ ယောကျာ်းလေးတွေ ထက် ပျောက်ဆုံးမှု ၃ ဆ ပိုများတာကို တွေ့ရပါတယ် ။


ကလေးပျောက်ဆုံးရတဲ့ အကြောင်းကတော့ အိမ်ထောက်ကွဲမှုကြောင့် ၊ မိဘတွေရဲ့ ပေါ့လျော့မှု ၊ ကလေးတွေကို လွတ်လပ်စွာပြေးလွှားဆော့ ကစားခွင့်ပြုထားတာကြောင့် တို့ဖြစ်ပြီး များသောအားဖြင့် ကနေ့ ခေတ်မိဘတွေဟာ မိမိရင်သွေးတွေထက် ဆမတ်ဖုန်း တို့ထိမှု ကိုဘဲ စိတ်ဝင်စားမှု ပိုများ တာကြောင့် ဖြစ်တယ်လို့ ကလေးသူငယ်များအရေး ကူညီဆောင်ရွက်နေတဲ့အဖွဲ့က ထုတ်ပြန်ပြောဆိုပါ တယ် ။


ကလေးသူငယ်တွေရဲ့ကျောင်းလွယ်အိပ်တွေ အိပ်ကပ်တွေမှာ မိဘနာမည် ၊ ဆက်သွယ်ရ မယ့် ဖုန်းနံပတ် ၊ နေရပ်လိပ်စာထည့်ထားမယ်ဆိုရင် ကလေးသူငယ်တွေ ပျောက်ဆုံးမှုကို လျော့ချဖို့ တဖက်တလမ်းက အကောင်းဆုံး ကူညီထောက်ပံ့မှုတခု ဖြစ်စေတယ်လို့လည်း အဲဒီအဖွဲ့က ပြောဆိုပါတယ် ။


ထိုင်းနိုင်ငံထဲမှာ ကလေးပျောက်ဆုံးမှုဟာ ၂၀၁၄ ခုနှစ်တုန်းက ၆၇၅ ဦး ၊ ၂၀၁၃ ခုနှစ်က ၆၆၇ ဦး ၊ ၂၀၁၂ ခုနှစ်က ၅၅၀ ဦး ၊ ၂၀၁၁ တုန်းက ၄၇၀ ဦးနဲ့ ၂၀၁၀ ခုနှစ်တုန်းကဆိုရင် ၄၆၅ ဦးဖြစ်ပါတယ် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates