နေရပ်မပြန်နိုင်သေးသည့် သျှမ်း / အလယ် စစ်ဘေးသင့်များအား သျှမ်းလူငယ်များ သွားရောက်ကူညီ



သျှမ်းပြည်အလယ်ပိုင်းက နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်များနှင့် စစ်ဘေးသင့်ဒေသတွင် ပြန်လည် ထူထောင်ရေးအတွက် ရန်ကုန်သျှမ်းလူငယ်အဖွဲ့နှင့် သျှမ်းတောင်လူငယ်ကွန်ယက် အဖွဲ့မှ ဦးဆောင်၍ ငြိမ်းချမ်းရေးယာဉ်၏ တန်းများဖြင့် သွားရောက် ကူညီလှူဒါန်းပါသည် ။

လက်ရှိတွင်မြင်တွေ့ရသော စစ်ဒဏ်ထိသူများအခြေအနေ
ပြီးခဲ့သည့်နှစ်နှောင်းပိုင်းက အစိုးရတပ်မတော်နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော်တို့ ၂ လ ကျော်ကြာတိုက်ပွဲများ ဖြစ်ပွါးမှုကြောင့်  သျှမ်းပြည်အလယ်ပိုင်း ၀မ်ဝ ၊ ဟိုင်းပါ ၊ မိုင်းရှူးသို့  စစ်ဘေး ရှောင်လာသူဒေသခံများအား သွားရောက် ကူညီထောက်ပံ့ ပေးကြခြင်း ဖြစ်သည် ။


ငြိမ်းချမ်းရေးယာဉ်တန်းတွင် ရန်ကုန်မြို့မှသျှမ်းလူငယ်အဖွဲ့ Shan Youth Yangon နှင့် ငြိမ်းချမ်းရေးရှိုက် သံ အဖွဲ့တို့မှ ဦးဆောင်ပြီး တောင်ကြီးမြို့နှင့် သျှမ်းတောင်မြို့နယ်များမှ သျှမ်းတောင်လူငယ်ကွန်ယက် SSSYN ၊ မြန်မာလူထုမဟာမိတ်အဖွဲ့ MPA  ၊ သျှမ်းပြည်စစ်ဘေးသင့် ဒေသများ  ရန်ပုံငွေ ပန်းချီပြပွဲ ပန်းချီဆရာအဖွဲ့များ ပါဝင်လိုက်ပါမည်ဖြစ်ပြီး မိုင်းကြောင်းသိရသည် ။


“ ရန်ကုန်ကလူငယ်အဖွဲ့နဲ့ ကျနော်တို့ သျှမ်းတောင်လူငယ်အဖွဲ့တွေ သျှမ်းပြည်နယ်မှာရှိတဲ့ စစ်ဘေးသင့် ဒေသတွေ ပြည်သူတွေအတွက် သီချင်းဆို ပြီးရှာထားတဲ့ ရန်ပုံငွေတွေ ကိုသွားရာက်လှူဒါန်းမှာဖြစ်ပါတယ် ”  ဟု သျှမ်းတောင်လူငယ်ကွန်ယက်အဖွဲ့မှ ကိုဝင့်ထည်ကောင်းမြတ်က ပြောသည် ။


အဆိုပါ ကူညီရေးအဖွဲ့သည် ယခုလ ဂျန္နဝါရီ လဆန်းပိုင်းကတည်းက သျှမ်းပြည်တောင်ပိုင်း ၊ ကယား ပြည်နယ် နှင့် ကရင်ပြည်နယ် ဖားအံ ၊ ကျုံဒိုး ၊ ကော့ကရိတ်နှင့် မြဝတီမြို့များ ၌လည်းကောင်း ၊ တောင်ငူ ၊ မော်လမြိုင် ၊ ရေး ၊ ထားဝယ် ၊ မြိတ်နှင့် ကော့သောင်းမြို့များတွင်လည်းကောင်း ငြိမ်းချမ်းရေးတေးများ လိုက်လံဖျော်ဖြေကာ အလှူငွေများကောက်ခံ ခဲ့ကြသည်ဟု သိရပါသည် ။


ယင်း ငြိမ်းချမ်းရေးယာဉ်တန်းသည် ဂျန္နဝါရီ ၂၈ ရက်နေ့တွင် တောင်ကြီးမြို့မှ သျှမ်းပြည်အလယ်ပိုင်း စစ်ဘေးရှောင်များရှိရာဒေသသို့ စတင်ထွက်ခွါမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၁ ရက်နေ့တွင် တောင်ကြီးမြို့ သို့ပြန်လည်ရောက်ရှိမည် ဖြစ်ကြောင်း သိရှိရပါသည် ။






 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates