မိုးသီးကြောင့် ခြံထွက်သီးနှံပျက်စီး - ဟင်းသီးဟင်းရွက်ဈေးကြီး
သျှမ်းပြည်တောင်ပိုင်း လွယ်လင်မြို့နယ် ပင်လုံမြို့၌ မိုးသီးများရိုက်ခတ်ခဲ့ပြီး နောက်ပိုင်း ဟင်းသီးဟင်းရွက်များ ဈေးတက်ကြောင်း သိရသည် ။
ပင်လုံတွင် ၂၅ ရက်နေ့က မိုးသီးများကြွေမှုအပြီး မြင်တွေ့ရပုံ |
“ မိုးသီးရိုက်တာ ၂ ခါရှိပြီလေ ။ ဒီနှစ် ခြံထွက် ဟင်းသီးဟင်းရွက်တွေ ပျက်စီး တာတအားဘဲ ။ ဒီ ၁ ရက် ၂ ရက် ဈေးထဲမှာ ဟင်းသီးဟင်းရွက် သိပ်မရှိ ဘူး ။ နဲနဲဘဲရှိတယ် အရမ်းဈေးကြီး တယ် ။ ဒီနှစ် အရမ်းလဲအေး တယ် ” ဟု ပင်လုံမြို့နေ နန်းအုံမြ ကပြောသည် ။
“ ဟင်းရွက်တွေဝယ်စားရတာဈေးကြီးတယ် ဒီနေ့ ။ တစ်ရာနှစ်ရာ တန်မယ့် ဟင်းရွက်မျိုး ငါးရာ ခြောက် ရာလောက်ပေး ဝယ်ရတယ် တစ်ဝက်ဈေးလောက် တက်တယ် ” ဟု ပင်လုံဒေသခံ နန်းစောဟန် ကပြောသည် ။
အချိန်အခါမဟုတ် သည်းထန်စွာရွာသောမိုး နှင့် မိုးသီး ကြီးများကြွေ ကျမှုကြောင့် ကျောင်းနေအရွယ်ကလေး အရွယ်များ ကျောင်းမ သွားနိုင်ကြောင်း ကလေးမိဘများက ပြောသည် ။
“ မိုးသီးကြီးတွေကျတဲ့အရှိန်ကြောင့် ၂ ရက် ၃ ရက်ဆက်တိုက် အရမ်းအေး တယ် ။ ကလေးတွေ ကျောင်းမသွားနိုင်ဘူး မိုးလည်းဆက်တိုက် တအားရွာ လို့ ” ဟု နန်းစောဟန် ကပြောသည် ။
ဂျန္နဝါရီ ၂၅ ရက် မနက်ပိုင်းက ပင်လုံမြို့နှင့် မိုင်းရှူးမြို့တွင် မိုးသည်း ထန် စွာရွာကျပြီး မိုးသီးများပါ ကြွေကျကြောင်း သိရသည် ။ ၂၄ ရက်ညနေ ပိုင်း ကမူ သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင်လည်း မိုးသည်းထန်စွာ ရွာသွန်းမှု မိုးသီးများပါ ကြွေကျမှုကြောင့် အအေးလွန်ကဲ ကာ သေဆုံးသူ တဦး ရှိသည်ဟု သိရသည် ။ သို့သော် သျှမ်းသံတော်ဆင့်မှ သီးခြားအတည်ပြု ချက် မရသေးပေ ။
Tags: General, News