SSPP/SSA စခန်းများ ဖယ်ခိုင်းထားသော သံလွင်မြစ်အနောက်ဘက် လွယ်စေးလွယ်လန်းဒေသသို့ အစိုးရစစ်တပ်မှ တပ်အင်အားဖြည့်တင်း



ဝ ဒေသအနီး သံလွင်မြစ်အနောက်ဘက်ကမ်းရှိ SSPP/SSA စခန်းများ ရှိရာ တန်ယန့်မြို့နယ် လွယ်စေး လွယ်လန်းဒေသသို့ အစိုးရ စစ်တပ်မှာ စစ်အင်အားဖြည့်တင်းမှုများ လုပ်နေကြောင့် သျှမ်းပြည်တပ်မတော် ပြန်ကြားရေးဌာနအရာရှိက ပြောသည် ။


ဧပြီ၂၄ ရက်နေ့ သျှမ်းပြည်တပ်မတော်နေ့တွင် ကား ၁၀ စီးကျော်က တန့်ယန်းဘက်သို့ အင်အားဖြည့်လာနေကြာင်းလည်း ပြောသည် ။


သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် လွယ်စေး ၊ လွယ်လန်းတောင်ကြောရှိ သျှမ်းပြည် တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA တပ်များအား ဧပြီ ၂၂ ရက်နေ့နောက်ဆုံးထား တပ်ဆုတ်ပေး ရန်အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှ ဧပြီလ တတိယပတ်အတွင်းက အကြောင်းကြားခဲ့ပြီး ၂၂ ရက်နေ့ နောက်ပိုင်းတွင် အဆိုပါ ကုန်းစခန်းသို့ နှစ်ဖက်တပ်ဖွဲ့ဝင်များ ဧပြီ ၂၇ ရက်တွင် ပူးတွဲစစ်ဆေးခွင့်ပြုရန် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူးက တောင်းဆိုခဲ့သည် ။


" သူတို့ တောင်းဆိုချက်က ကျနော်တို့ အကြောင်းမပြန်ရသေးဘူး။ ဗဟိုကော် မတီ အစည်းအဝေးတောင် မထိုင်ရသေးဘူး။ ဘာကို၊ ဘယ်လို ဆုံး ဖြတ်ပြီးအကြောင်းပြန်ရမယ်ဆိုတာ ။ ကျနော်တို့ နေစရာမရှိတော့ ဘူး မဆုတ်နိုင်ဘူး ။ အရင်တုန်းကလဲ ဒီလိုဘဲ ပြောပြီး အင်အားသုံးလာတိုက်တာဘဲ ။ အခုလဲ စစ်ရေး အသင့်ပြင်ထားရတယ် ။ တပ်မတော်ရဲ့ သဘောထားက ကျနော်တို့ကို ၀မ့်ဟိုင်းမှာဘဲနေစေချင်တာ ။ ဘယ်သူက ဘယ်မှာနေရမယ်ဆိုတာ ဘယ်မှာမှ မသတ်မှတ်ရသေးဘူး ။ ဒါ ကျနော်တို့ နှစ် ၅၀ ကျော် ပြီ အဲဒီမှာ နေလာတာလေ " ဟု ပြောခွင့်ရ ဗိုလ်မှူး ကြီး စိုင်းလ က ပြောသည် ။


" အစိုးရသစ်နဲ့ နိုင်ငံရေး ဆွေးနွေးမှု မစခင်မှာ တပ်မတော် အနေနဲ့ နယ်မြေ စိုးမိုးမှု ရနိုင်သလောက် ရအောင် ယူထားလိုတဲ့ ဆန္ဒ ရှိပုံရတယ် ။ ဒီလို လုပ်ရပ် က ယုံကြည်မှု ထိခိုက်စေတာပေါ့ဗျာ " - ဟု ပြည်ထောင်စု အင်စတီကျု တာရိုက်တာ ဦးခွန်စိုင်း က ပြောသည် ။


၂၀၁၂ ခုနစ်နောက်ပိုင်း အစိုးရစစ်တပ်မှ SSPP/SSA စခန်းများကို လာရောက်တိုက်ခိုက်ရာတွင် ယင်းကဲ့သို့ပင် လာရောက်လည်ပတ်ခွင့် စစ်ဆေးခွင့်များတောင်းခံခဲ့ပြီး ယင်းနောက် အမြဲတမ်းထိုးစစ်ဆင်တိုက်ခိုက်လေ့ရှိသည်ဟု သျှမ်းတပ်မှူးများက ပြောသည်.။


ထို့အတူ ကျေးသီး - သီပေါ ကြားရှိ တာဖါဆောင်တံတား ၂၀၁၄ ခု က လာရောက်တိုက်ခိုက်ခြင်းမပြုမှီ အနီးဝန်းကျင်အား တပ်မတော် စစ်ကြောင်းများက လာရောက်လည်ပတ်ခွင့်တောင်း ဆိုခဲ့ကြောင်း ပြောသည် ။


သျှမ်းပြည်တပ်မတော် SSPP/SSA သည် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA တွင် ပါဝင် လက်မှတ်ရေးခြင်းမရှိသေးသော်လည်း စာချုပ်ပါအချက်များရေးစွဲရာတွင် တောက်လျှောက်ပါဝင် ခဲ့ သည့် သျှမ်းလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည် ။ ထို့အပြင် ဦးသိန်းစိန်အစိုးရ ငြိမ်းချမ်းရေးကမ်းလှမ်း စဉ် တုန်း ကလည်း ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ရေးထိုးထား သည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates