နမ့်ခမ်းမြို့ပေါ်ရပ်ကွက်များ လုံခြုံရေး ကြပ်မတ်စစ်ဆေးရန် မြို့နယ်အုပ်ချုပ်ရေးမှူး ညွှန်ကြား



သျှမ်းပြည်မြောက်ပိုင်း မူစယ်ခရိုင် နမ့်ခမ်းမြို့နယ် မြို့ပေါ်ရပ်ကွက်များတွင် မြို့နယ် အစီ အစဉ်ဖြင့် လှည့်ကင်းလှည့်ခြင်း ၊ ဧည့်စာရင်းစစ်ဆေးခြင်းများ မပျက်မကွက်ပြု လုပ်၍ အချိန်နှင့် တပြေးညီ တင်ပြ သွားရန် မြို့နယ် အုပ်ချုပ်ရေးမှူးရှုံးထံမှ ယနေ့ညွှန်ကြားစာလက်ခံရရှိသည်ဟု ရန်ကွက်ရုံးအကူ တဦး ကပြောသည် ။


နမ့်ခမ်းမြို့နယ်အတွင်း လုံခြုံရေးနှင့် ပတ်သက်၍ မြို့ပေါ် ရပ်ကွက်များတွင် မိမိ ရပ် ကွက် အလိုက် အရံမီးသတ်တပ်ဖွဲ့ဝင်များ၊ ဆယ်အိမ်မှူးများ ၊ တာဝန်ကျ ရပ်ကွက်သား များနှင့် အတူ ည စဉ် မိမိရပ်ကွက် အတွင်း ကင်းလှည့်စစ်ဆေးရန် ၊ မသင်္ကာမှုများ ၊ ထူးခြားမှုများရှိပါက မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးသို့ အချိန်နှင့် တပြေးညီ တင်ပြသွား ရမည်ဟု ဆိုသည် ။


“ အဓိက ကတော့ မိမိရပ်ကွက်ထဲမှာ ဘယ်သူတွေနေထိုင်နေတယ်။ ဘယ်သူတွေ သွားလာ လှုပ်ရှား နေတယ် ။ လူထု အသက်အိုးအိမ် ထိပါး လာရင် အချိန်နဲ့ တပြေးညီ ကာကွယ်နိုင်ဖို့ပါ ။ မိမိရပ်ကွက် အတွင်း မိမိအသိဆုံးလေ ။ ဒါကြောင့် အစည်းအဝေးထိုင်ပြီး စီစဉ်ထားတဲ့ ကိစ္စပါ ” - ဟု အမည်မဖေါ် လိုသည့် အထွေထွေအုပ်ချုပ်ရေး အသိုင်းအဝိုင်းကပြောသည် ။


“ ဘာလို့ ပက်ဒိတ် နဲ့ လုပ်လဲတော့မသိဘူး ။ ညွှန်ကြားစာ က ဒီနေ့မှ ရတာ။ ရက်စွဲက ၉ ရက်နေ့က တည်းက ။ ကျနော်တို့မြို့က လုံခြုံမှုမရှိတော့ဘူးလေ ။ တပ်တို့ ရဲစခန်းတို့ ဆိုတာလဲ လုံခြုံမှုမပေးနိုင် တော့ဘူး ။ လန့်နေရတယ် ။  လူထုဆီက ပိုက်ဆံတောင်းတဲ့ပေးစာ ၊ ပစ်စာတွေ ခဏခဏရောက်လာတယ် ” - ပေါက်တိုက်ရပ်ကွက်နေ ဦးအားဖန်း က ပြောသည် ။


သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း အစိုးရတပ် အပါအဝင် လက်နက်ကိုင် တပ်ဖွဲ့များ နယ် မြေ စိုးမိုးရေး ပြသနာကြောင့် မိုင်းဝီးအုပ်စု ဟိုပန်ကျေးရွာ မီးရှို့ခံရ သည့်နောက်ပိုင်း ဒေသခံ ထူထု စိုးရိမ်ကြောင့်ကြမှုများဖြစ်ပွားလာခြင်းဖြစ်သည် ။


နမ့်ခမ်းမြို့နယ်အတွင်းတွင် အစိုးရတပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် UNFC အဖွဲ့ဝင်များ ဖြစ်ကြ သော KIA လက်နက်ကိုင်တပ်ဖွဲ့ ၊ TNLA လက်နက်ကိုင်တပ်ဖွဲ့ ၊ NCA လက်မှတ်ရေးထိုး ထားသည့် RCSS တပ်ဖွဲ့ ၊ အစိုးရတပ် နှင့် ပြည်သူ့စစ်တပ်ဖွဲ့များ ရှိသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates