ကျောင်းဖွင့်ချိန်၌ တပ်မတော်မှထိုးစစ်ဆင်မှုများရပ်တန့်သင့်ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ပြော



ယခုအချိန်သည် နွေရာသီကျောင်းပိတ်ရက်ကုန်ဆုံး၍ စာသင်ကျောင်းပြန် လည်ဖွင့်လှစ်မည့်အချိန်ဖြစ်သဖြင့် အစိုးရစစ်တပ်မှ တိုင်းရင်းသားဒေသ၌ ထိုးစစ်ဆင်မှုများကို ရပ်တန့်သင့်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စား လှယ် စိုင်းဝမ်းလှိုင်းခမ်း က ပြောပါသည် ။

 သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် ဟန်နားကျေး ရွာ မောက် လွမ့်ဘုန်းကြီးကျောင်းသို့ ရောက်ရှိနေသည့် ဆိုင်းလိုင်ရွာ စစ်ပြေးဒုက္ခသည် များအား SNLD - TYN နှင့် နမ့်လန် သျှမ်းစာ/ယဉ်က  စားနပ် ရိက္ခာသွား ရောက်ထောက်ပံ့စဉ် (Photo: Sai Lern)

“ ပြည်တွင်းစစ်ဟာ ကျနော်တို့ရဲ့ အဓိကစိန်ခေါ်မှုပါ ။ ပြည်တွင်းစစ်ကြောင့် ကလေးတွေရဲ့ပညာရေး ၊ စားနပ် ရိက္ခာလုံခြုံမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို ထိခိုက်တယ် ။ ကျနော်တို့ဒေသမှာ ပညာရေးဟာ နိမ့်ကျနေတယ် ။ ဒါ့အပြင် စစ်ဘေးလည်းထပ်ရှောင်နေရတယ်ဆိုတော့ ရေနစ်တဲ့သူကို ၀ါးကူထိုးနေ သလိုဘဲ ။ အထူးသဖြင့် အခုလို စိုက်ပျိုးရာသီ ၊ ကလေးကျောင်းတက်မယ့် ကာလမှာ ထိုးစစ် လုံးဝ မလုပ်သင့်ဘူး ။ အဓိကတော့ အစိုးရတပ်ပေါ့ ။ ထိုးစစ်ဆင်မကို ရပ်တန့် စေချင်တယ် ”… ဟု စိုင်းဝမ်းလှိုင်းခမ်း က ပြောပါ သည် ။


ပြည်တွင်းစစ်ကြောင့် တိုင်းရင်းသားဒေသ၌ ဖွံ့ဖြိုးရေးစီမံကိန်း တခုမှ မပြီးမြောက်နိုင်ကြောင်း ၊ ဖွံ့ဖြိုးတိုးတက် သည့်ခေတ်ကာလတွင် အနာဂတ်ေ ခါင်းဆောင်ဖြစ်လာမည့် တိုင်းရင်းသားလူငယ်တော်တော်များ များ နောက်ကျ ကျန်နေမှုသည်လည်း စိန်ခေါ်မှုကြီးတရပ်ဖြစ်ကြောင်း ဆို၏ ။


မေလ ၂၅ ရက်နေ့၌ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD၊ သျှမ်းလူငယ်ကွန်ယက် TYN နှင့် နမ့်လန်သျှမ်းစာပေနှင့်ယဉ်ကျေးမှု အသင်း တို့ ပူးပေါင်းပြီး သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် ဟန်နားကျေး ရွာ မောက် လွမ့်ဘုန်းကြီးကျောင်းသို့ ရောက်ရှိနေသည့် ဆိုင်းလိုင်ရွာ စစ်ပြေးဒုက္ခသည်  ၁၃၀ ကျော်အား ဆန် ၊ အားလူး ၊ ကြက်သွန်နီနှင့် ငွေသားနှစ်သိန်းခွဲ သွားရောက်ကူညီခဲ့သည် ။


“ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ လောက်ကလည်းဒီလိုဘဲ ပြည်တွင်းစစ်ကြောင့်  ပြည်သူတွေ ဒုက္ခရောက်ခဲ့ကြရတယ်။ ရှေ့ဆက်ပြီး ဒီလိုဘဲ ဖြစ်နေဦးမယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ လမ်းစ မမြင်သေးဘူး။ ငြိမ်းချမ်းရေး ဆွေး နွေးပွဲ ကို မြန်မြန်ပြန်စဖို့ အစိုးရသစ်လည်း လုံးပမ်းနေချိန်မှာ ဒီလိုမဖြစ်သင့်ဘူး ။ တပ်မတော်အနေနဲ့ တဖက်မှာ အပစ်ရပ်ပြီး တပြည်လုံးငြိမ်းချမ်းရေးကြေ ညာရင် စစ်ပွဲရပ်နိုင်ပြီလို့ ပြောချင်ပါတယ် ” ဟု စိုင်းဝမ်းလှိုင်းခမ်း က ပြောပါသည် ။


အစိုးရစစ်တပ်နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ/သျှမ်းပြည်တပ်မတော် SSPP/SSA တို့ကြား တိုက်ပွဲကြောင့် သီပေါမြို့နယ် နမ့်မကျေးရွာအုပ်စုမှ ရွာသူရွာသား ၁၅၀၀ ခန့် သီပေါမြို့နှင့် လားရှိုးမြို့သို့ စစ်ပြေးရှောင်နေ ကြရ သည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates