သျှမ်းနှင့် ကချင် သွေးချင်းညီနောင်များ အိမ်ကြက်ချင်း အိုးမဲသုတ်ခွပ်ခိုင်းခံ ရမှု သင်ခန်းစာယူတတ်ဖို့လို (ကေအိုင်အို ဒုတိယ ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ ၏ မိန့်ခွန်း )



ကအိုင်အို ကချင်လွတ်မြောက်ရေးတပ်ဖွဲ ထိန်းချုပ်နယ်မြေ မိုင်ဂျာယန် တွင် ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်နေ့က ဌာနေတိုင်းရင်းသားများတွေ့ဆုံဆွေးနွေး ပွဲတရပ်ကျင်းပရာ KIO ကချင်လွတ်မြောက်ရေး အဖွဲ့ ဗဟိုကော်မတီ ဒုတိယဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ က မိန့်ခွန်းပြောဆိုရာတွင် ကချင်နှင့် သျှမ်း ညီနောင်သွေးချင်းများအား တိုက်တွန်းပြောကြားလိုက်သည် ။

KIO ကချင်လွတ်မြောက်ရေးအဖွဲ့ 
ဗဟိုကော်မတီ ဒုတိယဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ 

KIO ကချင်လွတ်မြောက်ရေးအဖွဲ့ ဗဟိုကော်မတီ ဒုတိယဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၏မိန့်ခွန်းတွင် -


အာဏာရှင်စစ်အစိုးရအဆက်ဆက်သည် ဌာနေတိုင်းရင်းသား သျှမ်းလူမျိုးနှင့် ကချင်လူမျိုးများ၏ ကွဲပြားသည့် ဘာသာစကား ၊ ဘာသာတရား ၊ မတူညီ သည့် ယဉ်ကျေးမှုဓလေ့များကို အခွင့်ကောင်းယူ၍ သွေးချင်းညီနောင် များ အကြား နည်းပရိယာယ်အမျိုးမျိုးဖြင့် သွေးခွဲသပ်သျှိကာ အိမ်ကြက်ချင်း အိုးမဲသုတ်ပြီးခွတ်ခိုင်းစေခဲ့သည် ကို ရင်ဆိုင်ကြုံတွေ့နေကြရ သည် ။


ရှေးဘိုးဘွားစဉ်ဆက်ကတည်းက အေးအတူပူအမျှ ယှဉ်တွဲနေထိုင်လာခဲ့ သည့် ဌာနေတိုင်းရင်းသားများ အကြား စစ်အာဏာရှင်များ ၏ သွေးတိုးလှုံ့ဆော် မှု များကြောင့် မဖြစ်သင့် မဖြစ်အပ်သည့် အပြုအမူ အဖြစ်အပျက်များ ကိုလည်း ကြုံတွေ့ခဲ့ရပြီး ၀မ်းနည်းကြေကွဲဖွယ်အတွေ့အကြုံများကို သင်ခန်း စာရယူကာ နောင်လာမည့် အနာဂါတ်ကာလတွင် ထပ်မံမကြုံတွေ့စေရေး အတွက် အသိတရားရှိရှိဖြင့် လမ်းကြောင်းမှန်ကို ရွေးချယ်ညှိနှိုင်းဆောင်ရွက် သွားရေးသည် အထူးအရေးတကြီးလိုအပ်ပါသည် ။


ကချင်မျိုးနွယ်စုများနှင့် သျှမ်းမျိုးနွယ်စုများ အဓိကအခြေချနေထိုင်သည့် ကချင်ပြည်နယ်အတွင်းတွင် သျှမ်းနီ မျိုးနွယ်စုများနှင့် ကချင် ( ဂျိမ်းဖော) မျိုးနွယ်စုများအကြား လူမျိုးရေးကိုအခြေခံသော ပဋိပက္ခများ ယခင် ဦးနေဝင်း အစိုးရလက်ထက်က ဖြစ်ပေါ်ခဲ့ဖူးပြီး ကေအိုင်အေနှင့် အစိုးရတပ်မတော် တို့ အကြား တိုက်ပွဲများ ပြန်လည်စတင်ခဲ့သည့် ၂၀၁၀ နောက်ပိုင်းတွင်လည်း နှစ်ဘက်အသိုင်းအဝိုင်း အကြား အထင်မြင်လွှဲမှားမှုများ ရှိနေခဲ့ကာ ကေအိုင်အေခေါင်းဆောင်များ အစိုးရနှင့်ဆွေးနွေးရန် မြစ်ကြီးနားသို့ လာရောက်ခဲ့ သည့် အချိန် များတွင် သျှမ်းမျိုးနွယ်စုအချို့မှ ကန့်ကွက်ဆန္ဒပြမှုအချို့ လည်းဖြစ်ပေါ် ခဲ့ဖူးပါသည် ။


တပ်သားသစ်စုခြင်း ၊ လူ့အခွင့်ရေးချိုးဖောက်မှုတို့အပေါ် ဒေသခံအချို့မှ ကန့်ကွက်ခဲ့သည့် ၂၀၁၃ ခုနှစ် နောက်ပိုင်းတွင် မိုးညှင်း ၊ မိုးကောင်း ၊ တာလောကြီးအစရှိသည့် သျှမ်းနီမျိုးနွယ်များနေထိုင်ရာ ဒေသ များ တွင် ပြည်သူ့စစ်တပ်ဖွဲ့များ အများအပြားပေါ်ပေါက်လာခဲ့ပါသည် ။


ကေအိုင်အေ ဗဟိုမှ ကချင် ( ဂျိမ်းဖော) မဟုတ်သည့် အခြားမျိုးနွယ်စုများ အပေါ် လူ့အခွင့်ရေးချိုး ဖောက် မှုများ မလုပ်ရဟု လုပ်လျှင်ပြင်းထန်စွာအရေး ယူခြင်း ခံရမည်ဟု အမိန့်များထုတ်ပြန်ပေးခဲ့ သော် လည်း သျှမ်းနီမျိုး နွယ်စု များနေထိုင် ရာ ဒေသတွင်သာမက ရဝမ် စသည့် ဂျိမ်းဖောမဟုတ်သည့် ကချင်မျိုးနွယ်စုများမှလည်း ပြည်သူ့စစ်အဖွဲ့များပေါ်ပေါက်လာခဲ့ပြီး သျှမ်းနီပြည်နယ် ၊ လီဆူကိုယ်ပိုင် အုပ်ချုပ် ခွင့်ရ ဒေသစသဖြင့် သတ် မှတ်ပေးရေး အပါအဝင် တောင်းဆိုမှုများလည်း ရှိခဲ့ပါသည် ။


ယခု ၃ နှစ်တာကာလအတွင်း ကေအိုင်အေအားဆန့်ကျင်သည့် ပြည်သူ့ စစ်များပေါ်ပေါက်လာခြင်းမှာ နောက်ကွယ်မှ တစုံတရာပံ့ပိုးမြှောက် ပင့်ပေး မှုကြောင့်ဖြစ် သည်ဟုလည်း ကချင်အသိုင်းဝိုင်း အတွင်း တွင် ယုံကြည်မှုများ မြင့်တက် လျက်ရှိနေ ပါသည် ။ - စသည်တို့အထူးပါရှိပါသည် ။


ကေအိုင်အို ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်တွင် ဧပြီ ၂၉ မှ စတင်ကျင်းပ ခဲ့ သည့် ဌာနေတိုင်းရင်းသား များ တွေ့ဆုံဆွေးနွေးပွဲမှာ လူမျိုးစုများ အချင်းချင်း အကြား အထင်အမြင်လွဲမှားမှု မရှိစေရေး ၊ သံသယစိတ်ကင်းစင်စေရေး ၊ စိုးရိမ်ထိတ်လန့်မှုကွယ်ပျောက်စေရေးအတွက် ဌာနေတိုင်းရင်းသားလူမျိုး စုများ အမြင်ချင်းဖလှယ် တွေ့ဆုံဆွေးနွေးရန် KIO ဗဟိုကော်မတီက ဆန္ဒရှိသည့်အတွက် သံဃာတော်ဆရာများနှင့် မိတ်ဆွေလူပုဂ္ဂိုလ်အချို့ကို ဖိတ်ကြားကာ KIO၏ သဘောထားကို အသိပေးညှိ နှိုင်းခဲ့သည် ။

စိုင်းအောင်ဆိုင်း





 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates