သွေးနဲ့သမိုင်းစာမျက်နှာဖွင့်ခဲ့တဲ့ သျှမ်းတော်လှန်ရေး ၅၈ နှစ်ပြည့် (ဆောင်းပါး)



သျှမ်းလူမျိုးတွေ သမိုင်းကို သွေးနဲ့ စတင်ရေးလာခဲ့တာ ဒီနေ့မေ ၂၁ ရက် ၂၀၁၆ ဆိုရင် ၅၈ နှစ် ရှိလာ ပါပြီ။ ဗမာနဲ့ လက်တွဲပြီး ၁၀ နှစ် အတူနေခဲ့ တယ် ။ တန်းတူညီမျှမှု ၊ တရားမျှတမှု မရှိလို့ လွတ်လပ်ရေးအတွက် ရရာ လက်နက် ဓါးတွေ လှံတွေကို ဆွဲကိုင်ခဲ့တဲ့ တော်လှန်ရေးခရီးကို စဝ်နွဲ့ ခေါ် ဆောယန္တ က ဦးဆောင်ပြီး စတင်ခဲ့နေ့ဖြစ်ပါတယ် ။

စဝ်နွဲ့ (ဆောယန္တ)နှင့် သျှမ်းလူငယ်များ တော်လှန်ရေးသမိုင်းစတင် ဖို့ သွေးသစ္စာရေသောက်နေကြစဉ်

၁၉၄၇ ပင်လုံ ဆွေးနွေးပွဲမှာ အတူဒွန်တွဲနေထိုင်ဖို့ သဘောတူပြီး ပင်လုံ စာချုပ်လက်မှတ်ရေး ထိုးခဲ့ တာဟာ ဗမာခေါင်းဆောင်တွေကို တိုင်းပြည် တခုလုံး ဦးဆောင်ဖို့ ပုံအောပေးလိုက်တာ မဟုတ် ပါဘူး ။


အမျိုးသားတန်းတူရေးရှိဖို့၊ ဒီမိုကရေစီအခွင့်အရေးရရှိစေဖို့ ၊ လွတ်လပ်ပြီး တရားမျှတမှုရှိဖို့ လိုလား ကြလို့ သျှမ်းစော်ဘွားတွေဦးဆောင်ပြီး ကချင်၊ ချင်းခေါင်းဆောင်တွေ နဲ့အတူ ဗမာခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်း နဲ့ ၁၉၄၇ ဖေဖေါ်ဝါရီ ၁၂ ရက်နေ့မှာ ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့ကြ တာဖြစ်ပါတယ် ။


ဗမာမဟုတ်တဲ့ သျှမ်း ၊ ကချင် ၊ ချင်း နဲ့ တခြားလူမျိုးစုတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ထိန်ချန်ပြီး ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲခဲ့တယ် ။ ပင်လုံစာချုပ်နဲ့ ဆန့်ကျင်သွေဖီပြီး တိုင်းပြည် ကို ဗမာခေါင်းဆောင်တွေက ချယ်လှယ်လာခဲ့တယ် ။


လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၅၀ ခု နှစ် အတွင်းမှာ တရုတ်ဖြူများ သျှမ်းပြည် အတွင်း နယ်ကျွံ ၀င်ရောက်လာပါတယ် ။ သျှမ်းလူထုတွေအပေါ် တရုတ်ဖြူတွေက အခွင့်ရေးချိုးဖေါက်တယ် ၊ ကူတိုက်ပေးမယ်ဆိုပြီး ဗမာ့တပ်မတော်က သျှမ်းပြည်ဆီကို စစ်အင်အား အလုံးအရင်းနဲ့ ၁၉၅၂ မှာ ရောက်ရှိလာပါတယ် ။


ဒါပေမယ့် တရုတ်ဖြူတွေကို နိမ်နှင်းတိုက်ခိုက်တာတွေ မလုပ်တဲ့အပြင် လူ့အခွင့်အရေးတွေ အမျိုးမျိုး စတင်ချိုးဖေါက်တော့တာပါဘဲ ။ ပြည်ထောင်စု အင်စတီကျု ဒါရိုက်တာဦးခွန်စိုင်းက - ဂျပန်တွေ မိုက် ရိုင်း တယ်ဆိုတာ ဗမာ့တပ်မတော်ကိုမမှီဘူး။ ဗမာ့တပ်မတော်က မယ်သီလရှင်ကိုတောင် အဓမ္မပြုကျင့်တယ် - လို့ ပြောဖူးပါတယ် ။


ဒါ့အပြင် သျှမ်းပြည်နယ် အစိုးရ ရဲ့ လုပ်ပိုင်ခွင့် အာဏာတွေကို ၀င်ရောက် စွက်ဖက်လာတဲ့အပြင် သျှမ်းလူမျိုးတွေရဲ့ လုပ်ပိုင်ခွင့်တွေကိုလဲ စတင်ချုပ် ချယ်လာပါတယ် ။ ထိုအချိန်ကစလို့ သျှမ်းပြည် ဟာ ဗမာ့တပ်မတော် စစ်ဖိနပ်အောက် ရောက်သွားခဲ့တော့တာပါဘဲ ။


၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရာမှာ ပြည်နယ် များ ပြည်ထောင်စု မှခွဲထွက်လိုရင် ၁၀ နှစ် နောက်ပိုင်းခွဲထွက်နိုင်ပိုင်ခွင့်ရှိတယ် ၊ ဗိုလ်ချုပ်အောင် ဆန်းကလဲ နှုတ်နဲ့ Gentleman Agreement သဘောတူထားပါတယ် ။ အဲဒီကတိ ကိုစောင့်ထိန်းလို့ ၁၉၄၉ မှာ ကရင်တွေ တောခိုခဲ့ပေမယ့် သျှမ်းတွေ တော်လှန်ပုန်ကန်မှုအလုပ်သေးပါဘူး ။ ငြိမ်းချမ်းတဲ့ နည်းနဲ့ ဖွဲ့စည်းပုံပြင်ဆင်ဖို့ သျှမ်းစော်ဘွားတွေ ၊ သျှမ်းခေါင်းဆောင်တွေက ကြိုးပမ်း လာခဲ့ပါတယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ပါဘူး ။


ငြိမ်းချမ်းတဲ့နည်းနဲ့ နိုင်ငံရေးဆွေးနွေးပွဲ လုပ်ပြီး ဖွဲ့စည်းပုံကို ပြင်ဆင်ချင်တဲ့ အုပ်စုနဲ့ ခွဲထွက်လိုတဲ့ အုပ်စုဆိုပြီး နှစ်ခြမ်းကွဲသွားပါတယ် ။


၁၉၅၈ ခုနှစ်မှာ ဖွဲ့စည်းပုံ ပြင်ဆင်လိုတဲ့ သျှမ်းခေါင်းဆောင်တွေကို အန်တုပြီး ဗမာစစ်အုပ်စုရဲ့ ဖိနှိပ်ဒဏ်ကို မခံနိုင်ကြတဲ့ သျှမ်းမျိုးချစ်လူငယ်တချို့ကို ဦးဆောင်ပြီး စဝ်နွဲ့စောယန္တ ဦးဆောင်ပြီး တောခိုတော့တာပါဘဲ ။


သျှမ်းမျိုးချစ်လူငယ် ၃၁ ယောက် ပါဝင်သောအဖွဲ့တစ်ဖွဲ့ဟာ ၁၉၅၈ မေလ ၂၁ ရက်နေ့ မိုင်းတုံမြို့ နယ် နမ့်ကျွက်ချောင်းဘေး တောတွင်းတစ်နေရာမှာ သျှမ်းပြည် လွတ်လပ်ရေးရရှိဖို့ နယ်ချဲ့ဗမာ တပ်မတော်ကို တွန်းလှန်ဖို့ သွေး သစ္စာရေသောက်ခဲ့ကြပြီး တော်လှန်ရေးသမိုင်း ပထမစာမျက်နှာ စဖွင့်လိုက်ပါတော့တယ် ။


လက်နက်စွဲကိုင်ပြီး တော်လှန်ရေးခရီး စတင်တဲ့ လူငယ်အုပ်စု က နွံစစ်ဟန် (ရဲရင့်သော သျှမ်းလူငယ်တပ်မတော်) လို့အမည်တပ်ပြီး တဖြည်းဖြည်း အင် အားကြီးထွားလာနေချိန် ဗမာ့တပ်မတော် က တိုင်းပြည်ကို အာဏာသိမ်းပြီး ငြိမ်းချမ်းတဲ့နည်းနဲ့ နိုင်ငံရေးဆွေးနွေးလိုတဲ့ ၊ ဖွဲ့စည်းပုံ ပြင်ဆင်လိုတဲ့ သျှမ်းစော်ဘွားတွေကိုလဲ ဖမ်းဆီးပြီး ထောင်သွင်းအကျဉ်း ချလိုက်ပါတော့တယ် ။


ဒီသမိုင်းမှန်ကို ဗမာခေါင်းဆောင်တွေက လက်ခံရပါမယ် ။ လက်တွေ့ ကျတဲ့ နည်းနဲ့ ငြိမ်းချမ်းတဲ့နည်းနဲ့ လက်ခံဖြေရှင်းရပါမယ် ။ တပြည်ထောင်စနစ် ၊ တပါ တီ အာဏာရှင်စနစ် ကျင့်သုံးပြီး လူမျိုးငယ်တွေကို အကာအကွယ်ပေးလိုတဲ့ စိတ်ထားမျိုးမရှိဘဲ သပ်သျှိုဖြိုခွဲ သွေးခွဲ သွေးထိုးအုပ်ချုပ် နေမယ်ဆိုရင် လူငယ် ၃၁ ယောက်နဲ့ စတင်တဲ့ သျှမ်းတော်လှန်ရေးခရီးက ဘယ်သောအခါမှ ပြီးဆုံးမှာမဟုတ်ပါဘူး ။

ဆောင်းပါးရှင်- ခွန်ဆန်မူး




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates