ကျောက်မဲသို့ စစ်ဘေးရှောင် ၁၀၀ ကျော်ရောက်ရှိ (RCSS/SSA ရဲ့ပြောခွင့်ရ ဒု ဗိုလ်မှူးကြီးစိုင်းမိဏ်းနှင့်ဆက်သွယ်မေးမြန်းခန်း)



သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော်နဲ့တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော်တို့ကြားတိုက်ပွဲတွေကြောင့် သျှမ်ြး ပည်မြောက်ပိုင်း ကျောက်မဲမြို့ တောင်နောက်ကျောင်းမှာ ရွာကရောက် ရှိ လာတဲ့ စစ်ဘေးရှောင်တွေ ၁၀၀ ကျော်ရှိတယ်လို့သိရပါတယ်။ အသေးစိတ် သိရအောင် RCSS/SSA ရဲ့ပြောခွင့်ရ ဒု ဗိုလ်မှူးကြီးစိုင်းမိဏ်းကိုဆက်သွယ်ေ မးမြန်းထားတာဖြစ်ပါတယ် ။

 ကျောက်မဲမြို့သို့ရောက်ရှိလာသည့် စစ်ဘေးရှောင်လူထု

မေး ။ ။ ကျောက်မဲမြို့မှာစစ်ရှောင်သူတွေရောက်လာတယ်လို့ကြားရပါတယ်။ အဲဒီအကြောင်း သိချင်လို့ပါ ။


ဖြေ ။ ။ မေလ ၄ ရက်နဲ့ ၅ ရက် ကျောက်မဲမြို့နယ် ဟူးစွန်ကျေးရွာ အုပ်စုမှာ တိုက်ပွဲဖြစ်တယ်။ မြိုင်ဆိုင်းရွာမှာပေါ့နော်။ ခုချိန်မှာတော့ ကျနော်တို့ တိုက် ပွဲတွေ ၂ နေရာ တိုက်ပွဲဖြစ်နေပါတယ်။ TNLA က တိုက်ပွဲကြောင့်တိမ်းရှောင် တဲ့ပြည်သူကိုပစ်ခတ်တဲ့အတွက်ကြောင့် အမျိုးသမီးတယောက်သေဆုံးသွား တယ်လို့ကြားသိရပါတယ်။ အခုလည်း လူထုကိုကာဗာလုပ်ပြီးတော့ ဆုတ်ခွါသွားတယ်လို့ကြားသိရပါတယ် ။


မေး ။ ။ သေဆုံးသွားတဲ့အမျိုးသမီးကဘယ်ကလဲ ။


ဖြေ ။ ။ မြိုင်ဆိုင်းရွာက ဒေသခံပါ ။


မေး ။ ။ မနေ့ကတိုက်ပွဲအခြေအနေကကော် ။


ဖြေ ။ ။ မနေ့က တိုက်ပွဲတွေဖြစ်ပြီး သူတို့ဆုတ်ခွါ သွားတယ်လို့ကြားရ တယ်။ အောက်ခြေတပ်တွေက တိုက်ခိုက်ချင်တဲ့ပုံသိပ်မတွေ့ရပါဘူး။ အထက်ကနေအတင်းတိုက်ခိုက်ခိုင်းတဲ့သဘောမျိုးရှိပါတယ် ။


မေး ။ ။ RCSS ရဲ့ စခန်း ၃ ခုကို TNLA ကသိမ်းပိုက်ရရှိတယ်လို့ သတင်း ထုတ်ပြန်ထားပါတယ် ။


ဖြေ ။ ။ အဲတာတော့ မဟုတ်မမှန်ပါဘူးခင်ဗျ။ မရှိပါဘူး။ သူတို့ထုတ်ပြန် ထား တဲ့အထဲက ကျနော်တို့ရဲ့တပ်စခန်းက ဘယ်စခန်းတွေလဲဆိုတာ တိတိ ကျကျ ဖော်ပြထားခြင်းလဲမရှိဘူး။ ကျနော်တို့ အဲ့ဖက်မှာလှုပ်ရှားနေတာကလဲ တပ်စခန်းရယ်လို့ တိတိကျကျ မရှိပါဘူး။ စခန်းချတာမရှိပါဘူး။ လှုပ်ရှား တပ်တွေပါ ။


မေး ။ ။ မေလ ၁ ရက်နေ့က ၅ ရက်အထိ တိုက်ပွဲတွေဆက် တိုက်ဖြစ်ပွါးေ နတော့ ထိခိုက်ဒဏ်ရာရမှုကော်ဘယ်လောက်ထိရှိလဲ ။


ဖြေ ။ ။ ထိခိုက်ဒဏ်ရာရကတိတိကျကျမသိရသေးဘူး။ ၁ ယောက်ကျဆုံး တယ်လို့တော့ သိထားရပါတယ်။ ဒီနောက်ပိုင်း ၃ ယောက်ထပ်သေ တယ် လို့ကြားထားပေမယ့် တိကျတဲ့အစီရင်ခံစာတော့ မရသေးဘူး ။


မေး ။ ။ တအာင်းဘက်ကကော် ။


ဖြေ ။ ။ တအာင်းဘက်ကလည်း ၄ ရက်နေ့က ၁၀ ယောက်လောက် ထိခိုက်ဒဏ်ရာရတယ်။ ၅ ရက်နေ့က ရ ယောက် ထိခိုက်ဒစ်ရာရတယ် လို့တော့ကြားရပါတယ်။ အတိအကျတော့ကျနော်တို့လည်း မသိရပါဘူး ။


ကျေးဇူးတင်ပါတယ် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates