RCSS နှင့် TNLA ကြားပြသနာ ငြိမ်းချမ်းစွာဖြေရှင်းနိုင်မလား ( တအာင်းပြန်ကြားရေး ဌာန က အရာရှိ မိုင်းအိုက်ကျော် နှင့်ဆက်သွယ်မေးမြန်းခန်း)



သျှမ်းပြည်မြောက်ပိုင်းမှာ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီတို့ကြား ဖြစ်ပွါးနေ တဲ့ပဋိပက္ခနဲ့ ပတ်သက်ပြီး ၂ ဦး ၂ ဘက် ငြိမ်းချမ်းသော နည်းလမ်းနဲ့ဆွေးနွေးဖို့အတွက် လွတ်မြောက်နယ်မြေ တနေရာဆိုရင်ပိုမိုသင့်တော်တယ်လို့ တအာင်း ဘက် ကပြောဆိုလိုက်ပါတယ်။ ဒီအကြောင်းကို တအာင်းပြန်ကြားရေး ဌာန က အရာရှိ မိုင်းအိုက်ကျော်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါ တယ် ။


မေး ။ ။ RCSS နဲ့ TNLA ကြားဖြစ်ပွါးနေတဲ့ပဋိပက္ခကိုချုပ်ငြိမ်းဖို့ ငြိမ်းချမ်း စွာဆွေးနွေးရေးအတွက် RCSS ဘက်က ကမ်းလှမ်းထားတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ ။


ဖြေ ။ ။ ဆွေးနွေးဖို့အတွက် ကျနော်တို့ ၂ ဦး ၂ ဖက်လုံးက ကနဦးက သဘော တူလက်ခံထားကြတယ်။ ကျနော်တို့ တိုက်ရိုက်ညှိနှိုင်းကြတဲ့ အဆင့် အထိေ တာ့မရှိသေးဘူး။ UNFC ကနေတဆင့်ပြောလာတာ တော့ရှိတယ်။ RCSS ဟာလက်မှတ်ရေးထိုးထားတဲ့အဖွဲ့ဖြစ်တယ်။ ဒါကြောင့်သူတို့က ကြိုက်တဲ့ေ နရာ သွားလို့ရတယ်။ ပြည်တွင်းမှာလည်းသွားတွေ့လို့ရတယ်.။ ကျနော် တို့ ကသွားလို့မရသေးဘူး။ လွတ်မြောက်နယ်မြေ သင့်တော်တဲ့ေ နရာတခုခု ကိုရွေးပေးဖို့ ကျနော်တို့က UNFC ကိုအကြောင်းပြန် ထားတယ်။ နောက်ပြီး တက်ရောက်မယ့်ပုဂ္ဂိုလ်ပေါ့နော်။ UNFC ကလည်းပြန်ညှိပေးနေတယ်။ အဲတာကတော့ ဆွေးနွေးဖို့ကမ်းလှမ်းတဲ့တပိုင်းပေါ့ ။


မေး ။ ။ ဆွေးနွေးဖို့ကဘယ်လောက်အထိ ရှိပြီလဲ ။


ဖြေ ။ ။ ဒါပေမယ့်လက်ရှိတကယ့်လက်တွေ့မှာကျတော့ RCSS က နယ်မြေေ တွ တပ်တွေတိုးချဲ့ နေတယ်။ ဒေသခံတွေကို ဖမ်းဆီးစစ်ဆေး တယ်။ လူ့အ ခွင့်အရေးတွေချိုးဖောက်လာတဲ့ အတွက် ဒေသခံပြည်သူနဲ့ရ ဟန်း သံဃာေ တွက ကျနော်တို့ကို အကူအညီတောင်းလာလို့ ကျနော်တို့ တိုက် ပွဲတွေ ဆက်ြ ဖစ်နေရသေးတာဖြစ်တယ်။ ဆွေးနွေးရေးအတွက် ဒီလက်ေ တွ့ပြသနာ ကိုကျော်လွှား လို့မရတဲ့အတွက် ဒီကိစ္စကိုအရင်ရှင်းရမှာဖြစ်တယ် ။


မေး ။ ။ မေလ ၄ ရက်နေ့က ဖြစ်ပွါးတဲ့တိုက်ပွဲကနေ RCSS ရဲ့တပ်စခန်း ၃ ခု ကို တအာင်း တပ်မတော် က သိမ်းဆည်းရမိတယ်လို့ TNLA ပြန်ကြားရေး ဌာနကသတင်းထုတ်ပြန်ထား ပါတယ်။ ဆိုတော့တိုက်ပွဲ က ပြင်းထန်ေ နသေးတဲ့သဘော ။


ဖြေ ။ ။ ဟုတ်ပါတယ်။ တိုက်ပွဲကပြင်းထန်နေတုန်းဘဲ။ ဖေဖော်ဝါရီ လ နှောင်း ပိုင်း ကစပြီးဖြစ်ပွါး တဲ့တိုက်ပွဲတွေဟာပိုမိုပြင်းထန်လာတယ်။ RCSS ကအင် အား တွေတိုးချဲ့လာပြီး ကျယ်ပြန့်စွာနေရာယူ လာတယ်။ ပန်ကနိုင်း- မန်ဝန်း လမ်းမ တကြော နေရာယူလာတယ်။ တပ်စခန်းတွေ အများကြီးချလာ တယ်။ တာပုံအထက်က ဘုရားကုန်းမှာတောင်ရှိတယ်။ မေလ ၁ ရက်ကနေ ၄ ရက်နေ့အထိ တိုက်ပွဲတွေအများကြီးဖြစ် ခဲ့တယ်။ မနက် ၆ နာရီကတည်းက ညမိုးချုပ်တဲ့အထိဘဲ။ အဲဒီကနေ RCSS စခန်းတွေကိုတက်သိမ်းတာ။ အသေအပျောက်ကတော့ ၂ ဘက်လုံးရှိတယ်။ ခဲယမ်းမီးကျောက် နဲ့ စစ်ဝတ်တန်ဆာတွေလည်း သိမ်းဆည်းရမိတယ်။ ရိက္ခာတွေပေါ့နော် ။


မေး ။ ။ တိုက်ပွဲတွေက ဘယ်အထိ ကျယ်ပြန့်လာသလဲ ။


ဖြေ ။ ။ တိုက်ပွဲကတော့ သီပေါနဲ့ နမ့်ဆန်အစပ်နားအထိဖြစ်တယ်။ နောက်ြ ပီးေ တာ့ ကျောက်မဲက ဟူးဆွန် ဟူးကွက်အထက်နားကတနေရာဖြစ်တယ်။ နမ့်ခမ်းက ဟိုပန်နားတဝိုက်ရယ်၊ မန်ဝန်း - ပန်ကနိုင်း တဝိုက်ရယ်။ ဒီဘက် က တာပုံ- ဆိုင်းလျန်နားတဝိုက်။ လွယ်ဟွမ်-မန်စန်ကျေးရွာေ တွနားတ ဝိုက်အထိဖြစ်ပါတယ် ။


မေး ။ ။ တိုက်ပွဲတွေ ချုပ်ငြိမ်းဖို့ ဘယ်လိုနည်းလမ်းတွေရှိပါသလဲ ။


ဖြေ ။ ။ ကျနော်တို့ဟာ အရင်တုန်းက RCSS နဲ့တိုက်ပွဲတွေမဖြစ်ဖူးဘူး။ သူတို့NCA လက်မှတ်ထိုးပြီးမှ ကျနော်တို့နယ်မြေထဲကိုအင်အားအလုံးအရင်း နဲ့ဝ င်ေ ရာက်လာတဲ့အတွက် လက်နက်ကိုင်တော် လှန်ရေး တိုင်း ရင်းသား အချင်းချင်းကြားမှာမဖြစ်သင့်တဲ့ကိစ္စ ဖြစ်ရတာပေါ့နော့်။ ဒါကြောင့်ေ ဆွးနွေး ညှိနှိုင်းမှုက တော့ ပိုပြီးတော့အဆင်ပြေတဲ့ လမ်းကြောင်းဖြစ်တာပေါ့နော် ။


ဟုတ်ကဲ့ကျေးဇူးပါ ။


မေလ ၄ ရက်နဲ့ ၅ ရက်နေ့က ဆက်လက် ဖြစ်ပွါးနေတဲ့ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်ကြား ကဖြစ်ပွားတဲ့တိုက်ပွဲ တွေကြောင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်ထဲကို စစ်ဘေးရှောင်လူထု ရာနဲ့ချီရောက်ရှိနေ ကြောင်း သိရပါတယ် ။


TNLA ဟာ စစ်အစိုးရ ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအရ နမ့်ဆန် နဲ့ မန်တုံ နှစ်မြို့ နယ်အပြင် သျှမ်းပြည်မြောက်ပိုင်းအတွင်း မြို့နယ်အားလုံးနီးပါးကိုစုစည်းပြီး တအာင်းပြည်နယ်ထူထောင်ဖို့ အကောင်အထည်ဖေါ် လာနေ ပါတယ်။ သည့်အတွက် ထိုနယ်ထဲ ရောက်ရှိလာတဲ့ RCSS ကို ၎င်းတို့က နယ်ကျွံ ဝင်ရောက်လာ တယ်လို့ စွပ်စွဲပါတယ်။ ဒီပြသနာတွေကြောင့် လူထုကို ခုတုံးလုပ်ပြီး၊ လူထုကို လက်ကိုင်တုပ်အဖြစ် အသုံးပြုပြီး အပြန်အလှန် စွပ်စွဲ ပြောဆိုမှုတွေလဲ ဆက်တိုက်ရှိနေပါတယ် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates